ထိပ္တန္းနည္းပညာကို အသံုးၿပဳၿပီး တလ ၿမန္မာေငြ၉သိန္းခန္႔ရွာႏိုင္တဲ႔ သူေတာင္းစားမ်ား

0
101

ေခတ္အရ အရာရာတိုးတက္ေၿပာင္းလဲလာခဲ့ၿပီၿဖစ္သလို နည္းပညာတုိးတက္မႈႏႈန္းဟာလည္း ကမာၻအႏွံ႔က ႏိုင္ငံတိုင္းမွာ ၿမင့္တက္လာခဲ့ၿပီၿဖစ္ပါတယ္။ လက္ကိုင္ဖုန္းတလံုးနဲ႔တင္ ေငြေပးေခ်မႈ စနစ္မ်ားနဲ႔ အၿခားေသာ အေရာင္းအဝယ္ ကိစၥရပ္ေတြကို အလြယ္တကူ ေဆာင္ရြက္လာႏိုင္ၿပီ ၿဖစ္ပါတယ္။ နည္းပညာရဲ႕ ေရစီးေၾကာင္းမွာ ကမာၻ႕လူတန္းစား အလႊာအသီးအသီးက စီးေမ်ာလိုက္ပါေနၾကပါၿဖစ္ပါတယ္။ ဒီလိုစီးေမ်ာၾကတဲ့ လူသားေတြထဲမွာ တရုတ္ႏိုင္ငံက သူေတာင္စားေတြလည္း အပါအဝင္ပဲ ၿဖစ္ပါတယ္။

ပံုမွန္ကြ်န္ေတာ္တို႔ ေတာင္းရမ္းစားေသာက္သူေတြနဲ႕ တြဲၿမင္တက္တာက ခြက္ေလးတလံုး ၿဖစ္ေပမယ့္ ဒီတရုတ္ႏိုင္ငံက သူဖုန္းစားေတြကေတာ့ ဖုန္းအသံုးၿပဳရင္း သူတို႔ကို စြန္႔က်ဲလို႔ရေအာင္ ၿပင္ဆင္ၿပီး ေတာင္းရမ္းလာခဲ့ၿပီ ၿဖစ္ပါတယ္။ တရုတ္ႏိုင္ငံ ရွန္ေဒါင္းၿပည္နယ္၊ ေဘဂ်င္းၿမိဳ႕ေတာ္နဲ႔ ဂ်ီနင္းၿမိဳ႕ေတာ္က ေတာင္းရမ္းစားေသာက္သူေတြဟာ အဆင့္တန္းၿမင့္ၿမင့္ ေတာင္းရမ္းတဲ့ စနစ္ကို အသံုးၿပဳလာခဲ့ၿပီ ၿဖစ္ပါတယ္။

သူဖုန္းစားမ်ားဟာ ပိုက္ဆံထည့္ဖို႔ ခြက္ကိုအသံုးမၿပဳေတာ့ပဲ ဘားကုဒ္တခုကို ေရွ႕မွာခ်ထားခဲ့ၿပီး အေၾကြမပါတဲ့ သူေတြအေနနဲ႔ ခ်ၿပထားတဲ့ ဘားကုဒ္ကို ဖုန္းၿဖင့္ စကန္(Scan)ဖတ္ရံုနဲ႔တင္ ေတာင္းရမ္းသူရဲ႕ ဘဏ္ကဒ္ထဲကို ပိုက္ဆံဝင္သြားမွာ ၿဖစ္ပါတယ္။ သူတို႔အသံုးၿပဳတဲ့ QR Code ေတြကို တရုတ္ႏိုင္ငံရဲ႕ ေငြေပးေခ်မႈ လုပ္ငန္းေတြၿဖစ္ၾကတဲ့ Alipay, WeChat Wallet အစရိွတဲ့ ကုမၸဏီေတြက စီစဥ္ေပးထားတာၿဖစ္ပါတယ္။

QR Code တခုကို စကန္(Scan) ဖတ္လိုက္တာနဲ႔တင္ အနည္းဆံုး ၀.၁ေဒၚလာမွ အမ်ားဆံုး ၀.၂၂ ေဒၚလာထိ ေပးကမ္းစြန္႕က်ဲလို႕ရႏိုင္မွာ ၿဖစ္ပါတယ္။ ဒီလိုေတာင္းရမ္းၾကတဲ့လူေတြဟာ ၿပည္တြင္းကလူေတြထက္ ၿပည္ပကလာလည္ၾကတဲ့ ခရီးသြားေတြကိုသာ ပစ္မွတ္ထားေတာင္းရမ္းၾကတာ ၿဖစ္ပါတယ္။ သူတုိ႔ရဲ႕ တလစာ ေတာင္းရမ္းလို႔ ရရိွတဲ့ ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၇၀၀ ဝန္းက်င္ ခန္႕ရိွေနပါတယ္။

တရုတ္ႏိုင္ငံဟာ ေနာက္ပိုင္းႏွစ္ေတြမွာ ေငြစကၠဴကို အသံုးမၿပဳေတာ့ပဲ Online ေငြေပးေခ်မႈ စနစ္ကို တြင္တြင္က်ယ္က်ယ္အသံုးၿပဳလာခဲ့ၿပီ ၿဖစ္ၿပီး လုပ္ငန္းၾကီးေတြတင္မကပဲ လုပ္ငန္းေသးေလးေတြကအစ အသံုးၿပဳေနၾကတာ ၿဖစ္ပါတယ္။ ဒီလိုေခတ္စနစ္ေၿပာင္းလဲမႈေၾကာင့္ ေတာင္းရမ္းသူေတြဟာ အေၾကြမ်ား ရရိွဖို႔ ခက္ခဲလာတာေၾကာင့္ ဒီလိုအြန္လိုင္းေငြေပးေခ်မႈစနစ္ကို အသံုးၿပဳေတာင္းရမ္းလာၾကတာၿဖစ္ပါတယ္။

Unicode

ခေတ်အရ အရာရာတိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်သလို နည်းပညာတိုးတက်မှုနှုန်းဟာလည်း ကမ္ဘာအနှံ့က နိုင်ငံတိုင်းမှာ မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ လက်ကိုင်ဖုန်းတလုံးနဲ့တင် ငွေပေးချေမှု စနစ်များနဲ့ အခြားသော အရောင်းအဝယ် ကိစ္စရပ်တွေကို အလွယ်တကူ ဆောင်ရွက်လာနိုင်ပြီ ဖြစ်ပါတယ်။ နည်းပညာရဲ့ ရေစီးကြောင်းမှာ ကမ္ဘာ့လူတန်းစား အလွှာအသီးအသီးက စီးမျောလိုက်ပါနေကြပါဖြစ်ပါတယ်။ ဒီလိုစီးမျောကြတဲ့ လူသားတွေထဲမှာ တရုတ်နိုင်ငံက သူတောင်စားတွေလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

ပုံမှန်ကျွန်တော်တို့ တောင်းရမ်းစားသောက်သူတွေနဲ့ တွဲမြင်တက်တာက ခွက်လေးတလုံး ဖြစ်ပေမယ့် ဒီတရုတ်နိုင်ငံက သူဖုန်းစားတွေကတော့ ဖုန်းအသုံးပြုရင်း သူတို့ကို စွန့်ကျဲလို့ရအောင် ပြင်ဆင်ပြီး တောင်းရမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်၊ ဘေဂျင်းမြို့တော်နဲ့ ဂျီနင်းမြို့တော်က တောင်းရမ်းစားသောက်သူတွေဟာ အဆင့်တန်းမြင့်မြင့် တောင်းရမ်းတဲ့ စနစ်ကို အသုံးပြုလာခဲ့ပြီ ဖြစ်ပါတယ်။

သူဖုန်းစားများဟာ ပိုက်ဆံထည့်ဖို့ ခွက်ကိုအသုံးမပြုတော့ပဲ ဘားကုဒ်တခုကို ရှေ့မှာချထားခဲ့ပြီး အကြွေမပါတဲ့ သူတွေအနေနဲ့ ချပြထားတဲ့ ဘားကုဒ်ကို ဖုန်းဖြင့် စကန်(Scan)ဖတ်ရုံနဲ့တင် တောင်းရမ်းသူရဲ့ ဘဏ်ကဒ်ထဲကို ပိုက်ဆံဝင်သွားမှာ ဖြစ်ပါတယ်။ သူတို့အသုံးပြုတဲ့ QR Code တွေကို တရုတ်နိုင်ငံရဲ့ ငွေပေးချေမှု လုပ်ငန်းတွေဖြစ်ကြတဲ့ Alipay, WeChat Wallet အစရှိတဲ့ ကုမ္ပဏီတွေက စီစဉ်ပေးထားတာဖြစ်ပါတယ်။

QR Code တခုကို စကန်(Scan) ဖတ်လိုက်တာနဲ့တင် အနည်းဆုံး ဝ.၁ဒေါ်လာမှ အများဆုံး ဝ.၂၂ ဒေါ်လာထိ ပေးကမ်းစွန့်ကျဲလို့ရနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုတောင်းရမ်းကြတဲ့လူတွေဟာ ပြည်တွင်းကလူတွေထက် ပြည်ပကလာလည်ကြတဲ့ ခရီးသွားတွေကိုသာ ပစ်မှတ်ထားတောင်းရမ်းကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ တလစာ တောင်းရမ်းလို့ ရရှိတဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၇၀၀ ဝန်းကျင် ခန့်ရှိနေပါတယ်။

တရုတ်နိုင်ငံဟာ နောက်ပိုင်းနှစ်တွေမှာ ငွေစက္ကူကို အသုံးမပြုတော့ပဲ Online ငွေပေးချေမှု စနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာခဲ့ပြီ ဖြစ်ပြီး လုပ်ငန်းကြီးတွေတင်မကပဲ လုပ်ငန်းသေးလေးတွေကအစ အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဒီလိုခေတ်စနစ်ပြောင်းလဲမှုကြောင့် တောင်းရမ်းသူတွေဟာ အကြွေများ ရရှိဖို့ ခက်ခဲလာတာကြောင့် ဒီလိုအွန်လိုင်းငွေပေးချေမှုစနစ်ကို အသုံးပြုတောင်းရမ်းလာကြတာဖြစ်ပါတယ်။