ထူးထူးဆန္းဆန္းအေၾကာင္းအရာေလးေတြကေန ကြာရွင္းရတဲ့အထိျဖစ္ခဲ့တဲ့ လင္မယားမ်ား

0
27

တရုတ္ျပည္က Jian Feng ဆိုတဲ့ အမ်ိဳးသားဟာ သူ႕ရဲ႕ ဇနီးျဖစ္သူနဲ႕ ကြာရွင္းတဲ့အေၾကာင္းကေတာ့ ထူးဆန္းပါတယ္။သူ႕ဇနီးဟာ လွပလာတဲ့အတြက္ျဖစ္ပါတယ္။သူ႕ဇနီးက သူ႕ကိုမေျပာပဲ ေဒၚလာ 1 သိန္းသံုးျပီး မ်က္ႏွာကို ခြဲစိတ္ျပဳျပင္လိုက္တာျဖစ္ပါတယ္။သူဟာ သူ႕ဇနီးကို သူ႕ဇနီးအျဖစ္မွတ္ယူလို႕မရေတာ့ ေငြကို ျဖဳန္းတီးသူျဖစ္သာ ျမင္ျပီး ကြာရွင္းလိုက္တာျဖစ္ပါတယ္။

လန္ဒန္မွာ အရမ္းခ်မ္းသာတဲ့ လင္မယားႏွစ္ဦးကလည္း အကြဲအျပဲျဖစ္ခဲ့ပါတယ္။အေၾကာင္းအရင္းကေတာ့ သူမကို စိတ္ခ်မ္းသာမႈမေပးႏိုင္ေတာ့့လို႕ လို႕ဆိုပါတယ္။သူဟာ “Fifty Shades of Grey“ ဆိုတဲ့ ဝတၳဳကို ဖတ္ျပီး သူ႕ကို BDSM လို ဆက္ဆံဖို႕ သူ႕ေယာက်္ားကို တြန္းအားေပးပါတယ္။ဒါေပမယ့္ သူ႕ေယာက်္ားက ဒီအျပဳအမူကို ဟန္ေဆာင္သာ လုပ္ႏိုင္ျပီး ေန႕စဥ္နဲ႔အမ်ွ ဒီလို မလုပ္ႏိုင္လို႕ သူတုိ႕ကြာရွင္းလိုက္တာျဖစ္ပါတယ္။

ပိုကာကစားတာလည္း ကံကို ေလာင္းေၾကးထပ္တာျဖစ္ပါတယ္။ဘယ္ေလာက္ပဲ ကြ်မ္းက်င္ ကြ်မ္းက်င္ ကံက ကိုယ့္ဘက္မလိုက္ရင္ အကုန္ကုန္ပါတယ္။ဒီမွာေျပာမွာကေတာ့ ရုရွားအမ်ိုးသားျဖစ္တဲ့ Andrei Karpov ဟာ သူဟာ အရမ္းကို ကြ်မ္းက်င္တဲ့ ပိုကာသမားဆိုျပီး Sergey ကို စိန္ေခၚပါတယ္။ေနာက္ေတာ့ သူရႈံးရင္း ေပးစရောကုန္လို႕ သူ႕မိန္းမကို ေလာင္းေၾကးထပ္ပါတယ္။သူ႕မိန္းမကို Sergey ကိုေပးလိုက္ရျပီး သူနဲ႕ ကြာရွင္းလိုက္ရပါတယ္။

တခါတေလေတာ့ အသက္လိမ္တာကို 40 ေနာက္ပိုင္းလူေတြ အမ်ားဆံုးထင္ပါလိမ့္မယ္။30 သမားေတြလည္း လိမ္ပါတယ္။းစီမွာေျပာခ်င္တာကေတာ့ တရုတ္ျပည္မွာ အမ်ိဳးသမီးတစ္ဦးဟာ သူ႕ရည္းစားကို 24 ႏွစ္ပါဆိုျပီး လက္ထပ္လိုက္ပါတယ္။တကယ္ေတာ့ သူ႕အသက္က 34 ႏွစ္ျဖစ္ေနလို႕ မွတ္ပံုတင္မွာေတြ႔ေတာ့ သူ႕အမ်ိုးသားက ကြာရွင္းလိုက္ပါတယ္။

World of Warcraft ဂိမ္းက ေဆာ့ဖူးသူတိုင္း စြဲလန္းၾကပါတယ္။ဒါကို စြဲလန္းေနတာ 28 ႏွစ္အရြယ္ အမ်ိဳးသားျဖစ္သူ Peter ဟာ လက္ထပ္ျပီးေတာ့ 6 လေက်ာ္အထိ ဂိမ္းကိုသာ သည္းသည္းမဲမဲ ကစားခဲ့ပါတယ္။ဒါေၾကာင့္ သူ႕အမ်ိဳးသမီးက မခံစားႏုိင္တဲ့အဆံုး လက္တြဲျဖဳတ္ခဲ့ပါတယ္။

Wang Yueting ဆိုတဲ့ တရုတ္အမ်ိဳးသားၾကီးဟာ အသက္ 56 ႏွစ္ရွိျပီျဖစ္ျပီးေတာ့ သူဟာ 2008 ခုႏွစ္ ေဘက်င္းအိုလံပစ္လုပ္တုန္းက အေျပးျပိဳင္ပြဲဝင္ခဲ့ပါတယ္။သူဟာ သူရႈံးရင္ သူမိန္းမကို အဆံုးရႈံးခံမယ္လို႕ မိန္းမကိုေလၾကီးခဲ့တာျဖစ္ပ၆ါတယ္။တကယ္သူရႈံးေတာ့ လက္မွတ္ထိုးျပီး ကြာေပးလိုက္ရပါတယ္။သူ႕မိန္းမကေတာ့ ေလၾကီးတဲ့သူ႕ကို ပညာေပးလိုက္တာျဖစ္ပါတယ္။

Eliza ဆိုတဲ့ အမ်ိုးသမီးၾကီးဟာ အသက္ 50 အရြယ္မွာ ေနာက္အိမ္ေထာင္ျပဳခဲ့ျပီး အသက္ 70 အရြယ္မွာေတာ့ သူ႕အမ်ိဳးသားကို စိတ္ကုန္သြားပါတယ္။သူ႕အမ်ိုးသားက မနက္ထေျပးရင္ ျပန္မလာေတာ့လို႕ျဖစ္ပါတယ္။အိမ္နီးခ်င္းေတြနဲ႕ အခ်ိန္ျဖဳန္းမယ္။ေခြးအစာေကြ်းမယ္။ပိုက္ဆံျဖဳန္းမယ္။ေသာက္စားျပီးမွ အိမ္ျပန္ေရာက္လာတတ္လို႕ သူဟာ ကြာရွင္းလိုက္ပါတယ္။

လူေတာ္ေတာ္မ်ားမ်ား အိမ္ေမြးတိရိစာၦန္ေလးေတြကို ခ်စ္တတ္ပါတယ္။ဒါေပမယ့္ အစၥေရးက အမ်ိဳးသမီးကေတာ့ ေၾကာင္ေလးေတြကို ေမြးပါတယ္။ပထမ 5 ေကာင္ 10 ေကာင္ေလာက္ေမြးေတာ့ သူ႕ေယာက်္ားက နးလည္ေပးပါတယ္။ေနာက္ေတာ့ 100 ေလာက္နီးပါးျဖစ္လာသည္အထိ သူ႕ကို နားလည္ေပးထားပါေသးတယ္။တေျဖးေျဖး ေတြ႔သမ်ွေၾကာင္ေတြ ေမြးရင္း သားေပါက္၇င္းနဲ႕ အေကာင္ 550 ျဖစ္လာလို႕ ေနစရာမရွိေတာ့ကေန ေဒါကန္ျပီး ကြာရွင္းၾကတာျဖစ္ပါတယ္။

ေဖ့စ္ဘြတ္ေၾကာင့္ ညားသူေတြ ကြဲသူေတြမ်ားပါတယ္။ဒီမွာကေတာ့ လက္ထပ္တာ မၾကာေသးပဲ 2 ပဲရွိေသးတဲ့ လင္မယားကြဲပံုကို ေျပာခ်င္ပါတယ္။အမ်ိဳးသမီးျဖစ္သူက အေႏွာင့္အသြားမလြတ္တဲ့ စာေရးတင္ခဲ့ျပီး သူ႕အရင္ရည္းစားက ပတ္သက္မႈရွိေသးသေယာင္ လာ မန္႕ပါတယ္။ဒါကို ေယာက်္ားျဖစ္သူက ဒီစာကို ျဖတ္လိုက္ဖို႕ေျပာရာကေန စကားမ်ားျပီး လင္မယားကြဲသြားပါတယ္။ဒီစာကိုေတာ့ အဲ့အမ်ိုးသမီးက မျဖတ္ခဲ့ပါဘူး။

2009 ခုႏွစ္က ေဆာ္ဒီမွာ လင္မယားကြဲတာကေတာ့ မယားျဖစ္ရဲ႕ နာမည္ေျပာင္ကို သူ႕ေယာက်္ားက သူမ သူငယ္ခ်င္းေတြဆီက ၾကားလာပါတယ္။ဒီေတာ့ သူက ေနာက္ေျပာင္တဲ့အေနနဲ႕ ေခၚလိုက္ရာကေန ဘယ္လိုမွ ေတာင္းပန္မရေတာ့ပဲ ကြဲသြားတာျဖစ္ပါတယ္။သူမကေတာ့ တရားရုံးမွာဆိုတာက နာမည္ေျပာင္ဆိုရင္ေတာင္ သူမေယာက်္ားေခၚသင့္တာ ဟန္နီတို႕ ဘာတို႕သာ ျဖစ္သင့္တယ္လို႕ ဆိုပါတယ္။

Unicode

တရုတ်ပြည်က Jian Feng ဆိုတဲ့ အမျိုးသားဟာ သူ့ရဲ့ ဇနီးဖြစ်သူနဲ့ ကွာရှင်းတဲ့အကြောင်းကတော့ ထူးဆန်းပါတယ်။သူ့ဇနီးဟာ လှပလာတဲ့အတွက်ဖြစ်ပါတယ်။သူ့ဇနီးက သူ့ကိုမပြောပဲ ဒေါ်လာ 1 သိန်းသုံးပြီး မျက်နှာကို ခွဲစိတ်ပြုပြင်လိုက်တာဖြစ်ပါတယ်။သူဟာ သူ့ဇနီးကို သူ့ဇနီးအဖြစ်မှတ်ယူလို့မရတော့ ငွေကို ဖြုန်းတီးသူဖြစ်သာ မြင်ပြီး ကွာရှင်းလိုက်တာဖြစ်ပါတယ်။

လန်ဒန်မှာ အရမ်းချမ်းသာတဲ့ လင်မယားနှစ်ဦးကလည်း အကွဲအပြဲဖြစ်ခဲ့ပါတယ်။အကြောင်းအရင်းကတော့ သူမကို စိတ်ချမ်းသာမှုမပေးနိုင်တော့့လို့ လို့ဆိုပါတယ်။သူဟာ “Fifty Shades of Grey“ ဆိုတဲ့ ဝတ္ထုကို ဖတ်ပြီး သူ့ကို BDSM လို ဆက်ဆံဖို့ သူ့ယောကျ်ားကို တွန်းအားပေးပါတယ်။ဒါပေမယ့် သူ့ယောကျ်ားက ဒီအပြုအမူကို ဟန်ဆောင်သာ လုပ်နိုင်ပြီး နေ့စဉ်နဲ့အမျှ ဒီလို မလုပ်နိုင်လို့ သူတို့ကွာရှင်းလိုက်တာဖြစ်ပါတယ်။

ပိုကာကစားတာလည်း ကံကို လောင်းကြေးထပ်တာဖြစ်ပါတယ်။ဘယ်လောက်ပဲ ကျွမ်းကျင် ကျွမ်းကျင် ကံက ကိုယ့်ဘက်မလိုက်ရင် အကုန်ကုန်ပါတယ်။ဒီမှာပြောမှာကတော့ ရုရှားအမျိုးသားဖြစ်တဲ့ Andrei Karpov ဟာ သူဟာ အရမ်းကို ကျွမ်းကျင်တဲ့ ပိုကာသမားဆိုပြီး Sergey ကို စိန်ခေါ်ပါတယ်။နောက်တော့ သူရှုံးရင်း ပေးစရောကုန်လို့ သူ့မိန်းမကို လောင်းကြေးထပ်ပါတယ်။သူ့မိန်းမကို Sergey ကိုပေးလိုက်ရပြီး သူနဲ့ ကွာရှင်းလိုက်ရပါတယ်။

တခါတလေတော့ အသက်လိမ်တာကို 40 နောက်ပိုင်းလူတွေ အများဆုံးထင်ပါလိမ့်မယ်။30 သမားတွေလည်း လိမ်ပါတယ်။းစီမှာပြောချင်တာကတော့ တရုတ်ပြည်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရည်းစားကို 24 နှစ်ပါဆိုပြီး လက်ထပ်လိုက်ပါတယ်။တကယ်တော့ သူ့အသက်က 34 နှစ်ဖြစ်နေလို့ မှတ်ပုံတင်မှာတွေ့တော့ သူ့အမျိုးသားက ကွာရှင်းလိုက်ပါတယ်။

World of Warcraft ဂိမ်းက ဆော့ဖူးသူတိုင်း စွဲလန်းကြပါတယ်။ဒါကို စွဲလန်းနေတာ 28 နှစ်အရွယ် အမျိုးသားဖြစ်သူ Peter ဟာ လက်ထပ်ပြီးတော့ 6 လကျော်အထိ ဂိမ်းကိုသာ သည်းသည်းမဲမဲ ကစားခဲ့ပါတယ်။ဒါကြောင့် သူ့အမျိုးသမီးက မခံစားနိုင်တဲ့အဆုံး လက်တွဲဖြုတ်ခဲ့ပါတယ်။

Wang Yueting ဆိုတဲ့ တရုတ်အမျိုးသားကြီးဟာ အသက် 56 နှစ်ရှိပြီဖြစ်ပြီးတော့ သူဟာ 2008 ခုနှစ် ဘေကျင်းအိုလံပစ်လုပ်တုန်းက အပြေးပြိုင်ပွဲဝင်ခဲ့ပါတယ်။သူဟာ သူရှုံးရင် သူမိန်းမကို အဆုံးရှုံးခံမယ်လို့ မိန်းမကိုလေကြီးခဲ့တာဖြစ်ပ၆ါတယ်။တကယ်သူရှုံးတော့ လက်မှတ်ထိုးပြီး ကွာပေးလိုက်ရပါတယ်။သူ့မိန်းမကတော့ လေကြီးတဲ့သူ့ကို ပညာပေးလိုက်တာဖြစ်ပါတယ်။

Eliza ဆိုတဲ့ အမျိုးသမီးကြီးဟာ အသက် 50 အရွယ်မှာ နောက်အိမ်ထောင်ပြုခဲ့ပြီး အသက် 70 အရွယ်မှာတော့ သူ့အမျိုးသားကို စိတ်ကုန်သွားပါတယ်။သူ့အမျိုးသားက မနက်ထပြေးရင် ပြန်မလာတော့လို့ဖြစ်ပါတယ်။အိမ်နီးချင်းတွေနဲ့ အချိန်ဖြုန်းမယ်။ခွေးအစာကျွေးမယ်။ပိုက်ဆံဖြုန်းမယ်။သောက်စားပြီးမှ အိမ်ပြန်ရောက်လာတတ်လို့ သူဟာ ကွာရှင်းလိုက်ပါတယ်။

လူတော်တော်များများ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ချစ်တတ်ပါတယ်။ဒါပေမယ့် အစ္စရေးက အမျိုးသမီးကတော့ ကြောင်လေးတွေကို မွေးပါတယ်။ပထမ 5 ကောင် 10 ကောင်လောက်မွေးတော့ သူ့ယောကျ်ားက နးလည်ပေးပါတယ်။နောက်တော့ 100 လောက်နီးပါးဖြစ်လာသည်အထိ သူ့ကို နားလည်ပေးထားပါသေးတယ်။တဖြေးဖြေး တွေ့သမျှကြောင်တွေ မွေးရင်း သားပေါက်ရင်းနဲ့ အကောင် 550 ဖြစ်လာလို့ နေစရာမရှိတော့ကနေ ဒေါကန်ပြီး ကွာရှင်းကြတာဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ကြောင့် ညားသူတွေ ကွဲသူတွေများပါတယ်။ဒီမှာကတော့ လက်ထပ်တာ မကြာသေးပဲ 2 ပဲရှိသေးတဲ့ လင်မယားကွဲပုံကို ပြောချင်ပါတယ်။အမျိုးသမီးဖြစ်သူက အနှောင့်အသွားမလွတ်တဲ့ စာရေးတင်ခဲ့ပြီး သူ့အရင်ရည်းစားက ပတ်သက်မှုရှိသေးသယောင် လာ မန့်ပါတယ်။ဒါကို ယောကျ်ားဖြစ်သူက ဒီစာကို ဖြတ်လိုက်ဖို့ပြောရာကနေ စကားများပြီး လင်မယားကွဲသွားပါတယ်။ဒီစာကိုတော့ အဲ့အမျိုးသမီးက မဖြတ်ခဲ့ပါဘူး။

2009 ခုနှစ်က ဆော်ဒီမှာ လင်မယားကွဲတာကတော့ မယားဖြစ်ရဲ့ နာမည်ပြောင်ကို သူ့ယောကျ်ားက သူမ သူငယ်ချင်းတွေဆီက ကြားလာပါတယ်။ဒီတော့ သူက နောက်ပြောင်တဲ့အနေနဲ့ ခေါ်လိုက်ရာကနေ ဘယ်လိုမှ တောင်းပန်မရတော့ပဲ ကွဲသွားတာဖြစ်ပါတယ်။သူမကတော့ တရားရုံးမှာဆိုတာက နာမည်ပြောင်ဆိုရင်တောင် သူမယောကျ်ားခေါ်သင့်တာ ဟန်နီတို့ ဘာတို့သာ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here