ထူးထူးခြားခြား တက်တူးရူးသွပ်သူ အမျိုးသမီးများ

0
60



Frances




April Thomas


Hannah ‘pixie’ Snowdon


Aneta Von Cyborg


Unicode


Stephanie Von Hutter Thomas ဟာ အသက် 28 နှစ်ရှိပြီဖြစ်ပြီး သူမဟာ ခန္ဓာကိုယ်အနှံ့ လှပတဲ့ ရော့ခ် တက်တူးတွေထိုးထားတာဖြစ်ပါတယ်။သူဟာ အသက် ငယ်ငယ်နဲ့ လက်ထပ်ခဲ့သူဖြစ်ပြီး အခုဆို ကလေးတောင်ရှိပါတယ်။ဒီအတွက် သူ့ကို သူ့အမျိုးသားက နားလည်မှု ပေးနိုင်သလို တက်တူးတွေနဲ့ သူမကို စကြိုက်ခဲ့တာလို့ ဆိုပါတယ်။အခုမှ တက်တူးမရှိတော့ရင် သူလဲ ကြိုက်မှာမဟုတ်လောက်ဘူးလို့ ရယ်မောကာ ပြောပါတယ်။ သူဟာ ပညာတတ်တဲ့ စီးပွားရေးသမားဖြစ်ပြီးတော့ အောင်မြင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။တက်တူးတွေကြောင့် ပထမ အလုပ်က ထွက်ခဲ့ရပြီး အခုတော့ သူ့မှာ ကိုယ်ပိုင်စီးပွားရေးရှိနေပြီဖြစ်ပါတယ်။

Frances

Frances ကတော့ ဗြိတိန်အမျိုးသမီးဖြစ်ပြီး သူ့ခန္ဓာမှာ နေရာလွတ်အနည်းငယ်သာ ကျန်တော့အောင့် တက်တူးထိုးထားသူဖြစ်ပါတယ်။သူမဟာ တက်တူးကို ရူးသွပ်ဖြစ်ပြီးတော့ အဝတ်အထည်ကုမ္မဏီကို သူငယ်ချင်းတစ်ဦးနဲ့ ပူးတွဲတည်ထောင်ထားသူဖြစ်ပါတယ်။သူမရဲ့ ထူးခြားချက်ကတော့ သက်သက်လွတ်စားခြင်းဖြစ်ပါတယ်။

Brooke Michael Englehart

Brooke Michael Englehart ဟာ နာမည်ကြီး တက်တူးအနုပညာရှင်ဖြစ်ပါတယ်။သူမဟာ အမေရိကန် နာမည်ကြီး အမျိုးသမီး တက်တူးပညာရှင်ဖြစ်ပြီး မင်အရောင်တွေကို စပ်နေရာက သူ့အတွက် အရသာပိုရှိတယ်လို့ ဆိုပါတယ်။သူဟာ တက်တူးထိုးပေးနေရရင် ကမ္ဘာကြီးကိုတောင် မေ့ပစ်လိုက်နိုင်တယ်လို့ ဆိုပါတယ်။

April Thomas

April Thomas ကတော့ သူများနဲ့ မတူတဲ့ ပုံစံနဲ့ တက်ထားထိုးတာဖြစ်ပါတယ်။မျက်နှာကို ပန်းရောင်ပြေပြေလေး ထိုးထားပြီး ပင်ကိုယ်အသားအရေနဲ့ မတိမ်းမယိမ်းမို့ မသိသာပေမယ့် သေချာကြည့်ရင် အရိပ်ပန်းပုံစံလေးတွေဖော်ထားတာဖြစ်ပါတယ်။သူဟာ ခရီးသွားအစီအစဉ်တွေ တင်ဆက်တဲ့ နာမည်ကြီး တစ်ဦးဖြစ်ပါတယ်။

Hannah ‘pixie’ Snowdon

Hannah ‘pixie’ Snowdon  ဆိုတဲ့ အမျိုးသမီးကတော့ ယူကေမှာ တက်တူးဆိုင်ဖွင့်ထားသူဖြစ်ပြီး သူဟာ အမျိုးသမီး တက်တူးပညာရှင်တွေထဲ နာမည်ကြီးလို လှပသူလည်း ဖြစ်ပါတယ်။သူဟာ The Balance Book”  နဲ့ “The Key Zine” ဆိုတဲ့ စာအုပ်ကို သူ့သူငယ်ချင်းဖြစ်တဲ့ Anastasia Tasou နဲ့ ပူးတွဲရေးပြီး ထုတ်ခဲ့ရာ ရောင်းအားကောင်းတဲ့ စာအုပ်ဖြစ်ခဲ့ပါတယ်။

Aneta Von Cyborg

Aneta Von Cyborg ကတော့ ဖင်လန်နိုင်ငံသူဖြစ်ပါတယ်။သူမဟာ စိတ္တဇရှိပြီး သွေးပုံစံတွေကို နှစ်သက်သူလို့ ဆိုပါတယ်။သူဟာ လက်မှာ ဆီလီကွန်အရစ်တွေ ထိုးသွင်းထားပြီး မျက်ခုံးကို တက်တူးအပြည့်ခြယ်ထားသူဖြစ်ပါတယ်။