ထွန်းကိုကို သရဲခြောက်ခံရကြောင်းပြောပြတဲ့ ဒါရိုက်တာစတီးလ်

0
58

နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ စတီးလ်ဟာ ပရိသတ်ချစ်တဲ့အနုပညာရှင်များစွာကိုမွေးထုတ်ပေးထားတဲ့ ဒါရိုက်တာတစ်ဦးဖြစ်သလို ရုပ်ရှင်ဇာတ်ကားကောင်းများစွာကိုဖန်တီးထားပြီး ပရိသတ်မေတ္တာအပြည့်အဝရထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါရိုက်တာ စတီးလ်က မကြာသေးမီက ရွှေသမီးနဲ့ ထွန်းကိုကိုတို့ပါဝင်တဲ့ “အဆိပ်ရှိလူရိုင်း”ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ထားပြီးအဲဒီဇာတ်ကားရိုက်ရင်းနဲ့ သရဲခြောက်ခံရတဲ့အကြောင်းကို မီဒီယာတွေနဲ့ အင်တာဗျူးမှာပြောပြထားပါတယ်။

ဒါရိုက်တာစတီးလ်က ထွန်းကိုကိုအကြောင်းကို “ထွန်းကိုကိုက နဂိုကတည်းက ဘုရားတရားတအားကိုင်းရှိုင်းတဲ့သူ နောက်ပြီးတော့ သူက အရင်ကတည်းက ပါဠိတွေဘာတွေလည်းအောင်ဖူးတယ်လို့ပြောတယ်။ ပါဠိကျောင်းတွေဘာတွေတက်ဖူးတယ်။ ရှုတင်ပေါ်ရောက်ရင်လည်းအမြဲတမ်း ပဌာန်းတွေဘာတွေရွတ်နေတာရှိတယ်။ ကျွန်တော်တို့ကတော့ ရိုက်နေတဲ့အခါကျတော့ မရွတ်နိုင်ဘူးပေါ့”လို့ ပြောပြထားပါတယ်။

တစ်ဖန် အဝေးပြေးလမ်းပေါ်မှာရောက်ရင်းနဲ့ ထွန်းကိုကိုတစ်ယောက် သရဲခြောက်ခံရပုံကို “ကျွန်တော်တို့ကလည်း ရိုက်ပြီးတော့ သူ့ကားကို ပြန်ပြီးတော့ထွက်မယ်ဆိုတော့ ကားက နှိုးမရဘူး။ မိုးလည်းချုပ်ပြီး ပြန်မယ်ဆိုပြီး သူ့ကိုခေါ်တော့။သူက သူ့ကားက နှိုးမရဘူး။ ထလို့လည်းမရဘူး။ သူကပြောတယ်။ အစ်ကိုတဲ့ သူ့နားကို လာလာပြောနေတယ်တဲ့။ သရဲက မကျွတ်သေးဘူးတဲ့။ ဘုန်းကြီးပင့်ပရိတ်ရွတ်ပြီး အမျှဝေပေးပါ။အဲဒါမှကျွတ်မယ်တဲ့”လို့ပြောပြပါတယ်။

အဲဒါနဲ့ သရဲကိုအမျှအတန်းဝေလိုက်ရကြောင်းကိုလည်း “ကျွန်တော်တို့ကလည်း အဝေးပြေးလမ်းမဆိုတာ သရဲရှိနိုင်ပေမယ့် မဟုတ်ဘူးထင်တယ်ဆိုပြီး တကယ်တမ်းကျဟုတ်တယ်။ ကျွန်တော်တို့နီးစပ်ရာသွားမေးတဲ့အခါကျတော့ အဲဒီရွာက မိန်းမတစ်ယောက်က ကျွန်တော်တို့ရိုက်တဲ့ 34 မိုင်လောက်ရှိမယ်။အဲဒီရွာက မိန်းမတစ်ယောက်က လမ်းပေါ်မှာ Accident ဖြစ်ပြီး ဆုံးထားတာ။ အဲဒါမကျွတ်သေးဘူးပေါ့။ သူ့ကိုအမျှဝေပေးပါဘာညာဆိုတော့ ကျွန်တော်တို့ ဝေလီဝေလင်းပဲ ဆွမ်းတွေဘာတွေကပ်ပြီးတော့ လုပ်လိုက်တော့ကျွတ်သွားတယ် နောက်တော့ ကားကြီးလည်းနှိုးလို့တော့ရသွားတယ်”လို့ ပြောပြထားပါတယ်။

ဒါရိုက်တာစတီးလ်က အဆိပ်ရှိလူရိုင်းရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို “ဒါကတော့ action-romance ကားလို့ပြောရမှာပေါ့လေ။ Drama လေးလည်းနည်းနည်းပေါင်းထားတယ်ပေါ့။ ကလေးတစ်ယောက်ရဲ့စိတ်ထိခိုက်ပြီးစိတ်ဒဏ်ရာရပြီး စိတ်ပြောင်းလဲသွားတယ်ဆိုတာမျိုးရိုက်ထားတာပါ”လို့ ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒါရိုက်တာစတီးလ်ကို အားပေးကြလား။ အဆိပ်ရှိလူရိုင်း ရုပ်ရှင်ကားကြီးကိုရော ရုံတင်တဲ့အခါ သွားရောက်အားပေးကြမှာလား။ ပြောခဲ့ကြဦးနော်။

Can’t Wait To Say