ဒရာမာကားတွေရုံပေါ်ရောက်မလာဘူး ဟာသကားတွေချည်းတင်နေတယ်ဆိုတဲ့ မြင့်မြတ်

0
128

မြင့်မြတ်ဟာဆိုရင် အနုပညာသမားအချင်းချင်းတွေကကို သရုပ်ဆောင်ပညာမှော်အောင်ထားသလားမသိဘူးလို့အံ့သြရတဲ့အထိကို အသက်ဝင်တဲ့သရုပ်ဆောင်မှုတွေကြောင့် တစ်နိုင်ငံလုံးရဲ့အားပေးမှုကိုရရှိထားတဲ့ ဝါရင့်မင်းသားတစ်ယောက်ဖြစ်လို့နေပါပြီ။ မြင့်မြတ်က မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ နောက်ပိုင်းမှာ ဟာသကားတွေချည်းရိုက်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကိုဖြေရှင်းသွားပါတယ်။

လက်တလောမကြာခင်မှာရုံတင်တော့မယ့် ဟောက်စား ရုပ်ရှင်ကားကြီးနဲ့ပတ်သက်ပြီး မြင့်မြတ်က “ဒီကားကတော့ ဟာသသီးသန့်ပဲ အကုန်လုံးမှာပါတဲ့လူတွေအကုန်လုံးက ဟောက်စားတွေချည်းပဲ။ လူမိုက်လိုလို သိုင်းသမားလိုလို အကုန်လုံးက သူ့ဖိန့်နဲ့သူဟောက်စားနေကြတာပေါ့နော်။ ရွာမှာတကယ့်လူမိုက်အစစ်ရှိတာပေါ့။ အဲဒီလူကြီးကိုနိုင်ရင်မင်းဒီရွာမှာဆရာကြီးဖြစ်ပြီပေါ့။ အဲဒီလူကြီးကိုသွားရိုက်ဆိုတော့ ဘယ်လိုလုပ်ရိုက်ရဲမှာလဲ ဒီကောင်ကနဂိုကတည်းကကြောက်တတ်ပါတယ်ဆို”လို့ ကာရိုက်တာအကြောင်းလေးပြောပြသွားပါတယ်။

2019 ထဲမှာလုပ်သွားမယ့် အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မြင့်မြတ်က “2019 ထဲမှာ ကျွန်တော်တို့ဇာတ်ကားတွေလည်းကျွန်တော်တို့စိတ်ကြိုက်ဖြစ်တဲ့ကားတွေကိုသေချာရွေးပြီးတော့ ဖန်တီးသွားဖို့ရှိပါတယ်။ နှစ်လပိုင်းမှာဆိုရင်လည်း အလွမ်းကာရိုက်တာပေါ့နော်။ အဲဒါ ရေခဲတောင်မှာသွားပြီးတော့ ရိုက်ကူးသွားဖို့ရှိပါတယ်”လို့ သတင်းကောင်းပေးသွားပါတယ်။

မြင့်မြတ်က ရုပ်ရှင်ကားတွေရွေးချယ်လက်ခံဖြစ်ပုံကို “အဓိကက ဟာသ ဒရာမာဆိုတာထက်ကို ဇာတ်လမ်းကောင်းဖို့က ပိုပြီးတော့အရေးကြီးပါတယ်။ ဇာတ်လမ်းကတော့ အဓိကပဲပေါ့နော် ဟုတ်ကဲ့”လို့ ဖြေကြားထားပြီး ဟာသကားတွေချည်းရိုက်နေတာ ဒရာမာတွေမရိုက်ဘူးလားဆိုတဲ့ ဝေဖန်ချက်တွေကိုတော့ “ရှိတယ် ရိုက်ထားတဲ့ကားတွေလည်းရှိတယ်ထပ်ရိုက်သွားမယ့် ကားတွေလည်းရှိတယ်။ ဒါပေမယ့် ရိုက်ပြီးတဲ့ဒရာမာကားတွေကျတော့ ရုံပေါ်ကိုရောက်မလာဘူး။ ဘာဖြစ်လို့လဲတော့မသိဘူး။ ဟာသကားတွေပဲရောက်လာတယ်။ တင်စေချင်တာပေါ့လေ။ Drama တွေရော Romance Drama တွေရောတင်စေချင်တယ်။ မတင်ရင်တော့လည်းမတတ်နိုင်ဘူးပေါ့လေ”လို့ပြောသွားပါတယ်။

ဒရာမာကားတွေတင်ပေးပါဆိုပြီးတော့လည်း မြင့်မြတ်က “အမြဲတမ်းလည်း ဟာသကားတွေချည်းပဲဆိုတော့လည်း ပရိသတ်က အီလာမှာပေါ့နော်။အဲဒါကြောင့် အပြောင်းအလဲလေးဖြစ်အောင် တင်ပေးပါလို့ ရိုက်တဲ့လူကရိုက်ပေးတယ် တင်ပေးပါလို့ပြောချင်ပါတယ်”လို့လည်း ရိုးရိုးသားသားတောင်းဆိုသွားရှာပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မြင့်မြတ်ကိုချစ်ကြလား။ မြင့်မြတ်ကိုဒရာမာကားနဲ့ ဟာသကား ဘယ်ဟာပိုရိုက်စေချင်ကြလဲ။ မြင့်မြတ်ရိုက်ထားတဲ့ ဒရာမာတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say