ဒါရိုက်တာတစ်ယောက်ဖြစ်လာဖို့ ကျောင်းသူဘဝကတည်းက ရုန်းကန်ခဲ့ရတဲ့ ခရစ်(စ)တီးနားခီ

မြန်မာရုပ်ရှင်လောကကို “ ဥပါယ်တံမျဉ်” နဲ့ “မုဒြာခေါ်သံ” ဆိုတဲ့ ဇာတ်ကား နှစ်ကားနဲ့ ထူးထူးခြားခြား ကိုင်လှုပ်လိုက်တဲ့ ဒါရိုက်တာကတော့ ခခရစ်(စ)တီးနားခီ ပါ။ ခင်ပွန်းသည် ဇဏ်ခီရဲ့ အောင်မြင်မှုတိုင်းကို အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့ အမြော်အမြင်ရှိ မိန်းမသားတစ်ယောက်ဆိုလည်း မမှားပါဘူး။ ကိုယ်တိုင်လည်း ဒါရိုက်တာလုပ်သလို ဓာတ်ပုံမော်ဒယ်တွေလည်း လုပ်တဲ့ သူမက ကဘယ်လိုတွေကြိုးစားခဲ့လဲဆိုတာကို


“ ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ ၂၀၀၂ လောက်မှာ စပြီး စိတ်ကူးတာ။ ငယ်ငယ်တုန်းကကြီးပြင်းလာရတဲ့ ဘဝက ရုပ်ရှင်ကို သွားကြည့်တဲ့ အချိန်မှာ ဒါရိုက်တာကို အားကျအထင် ကြီးရ တဲ့စိတ်မျိုးထက် ကိုယ်က ကလေးဆိုတော့မင်းသားမင်းသမီးတွေ ကို အားကျတာပိုများတာပေါ့။ သရုပ်ဆောင်လုပ်ငန်းတွေကိုကြည့်ပြီးတော့ အားကျရတာဆိုတော့ အစ်မစိတ်ထဲမှာ ဘယ်လို တွေးလဲဆိုတော့ ရုပ်ရှင်ရိုက်တဲ့ ပညာကို သင်လို့ရှိရင် ကိုယ်တိုင်သရုပ်ဆောင်ရင်လည်း အဆင်ပြေမယ်လို့ထင်တယ်။

ဒါရိုက်တာသင်တန်းတက်လိုက်တယ်။ ဒါရိုက်တာတစ်ယောက်လို လုပ်ကိုင်နိုင်တဲ့ သူကသာပဲ ဒီဇာတ်လမ်းတစ်ခုကို ပုံဖော်ခိုင်းတာဆိုတော့ အဲ့လိုမျိုးပုံဖော် ရတာကိုပိုကြိုက်သွားတယ်။ အဲ့တော့ ဒါရိုက်တာပဲ အများစုလုပ်ဖြစ်သွားတယ်။

ဒါရိုက်တာ သင်တန်းအနေနဲ့က certificate program လေးတွေ သွားတက်လိုက်တယ်။ တက်လိုက်တဲ့ အချိန်မှာ ကြိုက်တယ် ။ ဒီမေဂျာကိုယူမယ်ဆိုပြီးဖြစ်သွားတာ။ အခက်အခဲတွေကတော့ အများကြီးရှိတယ်။ ဒီ film making မှာကိုယ်ပိုင်ပရောဂျက်တွေရိုက်ရတယ်။ ရိုက်တဲ့အခါ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ရိုက်ရတယ်။ ကျောင်းကထုတ်ပေးတဲ့ budget ဆိုတာမရှိဘူး။ crew တွေကကျောင်းသားတွေပဲဖြစ် တဲ့အတွက် သူတို့ကို ထမင်းကျွေးရတယ်။ အဝတ်အစားဝယ်ပေးရတယ်။ ဒီအခက် အခဲကိုနေ့စဉ်ရင်ဆိုင်ရတာ။ ကျောင်းတက်နေတော့ အလုပ်ကလည်း အများကြီး မလုပ်နိုင်ဘူး။ part –time ပဲလုပ်ရတယ်။

part-time ကရတဲ့ ပိုက်ဆံလေးကို ခြိုးခြိုးခြံခြံသုံးပြီး ကိုယ့်ရဲ့ကျောင်းစရိတ်ထဲထည့်ရတယ်။ ကိုယ့်ရဲ့ကျောင်းလခတွေ ကိုလည်းပေးဖို့ စားသောက်ဆိုင်မှာလုပ်တယ်။ စားသောက်ဆိုင်မှာကျတော့ ညဘက်ထိ မိုးချုပ်အလုပ်လုပ်ရတယ်။ မနက်ကျတော့ အတန်းအစောကြီးတက်ရတယ်။ ကျောင်းကာလ တစ်လျှောက်လုံးကတော့သုံးလေးနာရီပဲအိပ်ပြီးတော့ကျောင်းပြီးလာအောင်လုပ်ရတယ်။” လို့ဆိုပါတယ်။

မြန်မာပြည်ကိုပြန်ပြီး အလုပ်လုပ်တဲ့အချိန်ရင်ဆိုင်ရတဲ့ အခက်အခဲကိုလည်း အခုလိုပြောသွားပါတယ်။

“အဓိကက အမတို့သင်ကြားလာတဲ့ ပုံစံနဲ့ မဟုတ်တော့ဘဲ နည်းတစ်နည်း သီးသန့်ထွက်သလိုဖြစ်သွားတာပေါ့။ pre to post steps တွေ ကျော်ထားတာရှိတယ်။ အခြေအနေအရ budget အရ ဈေးကွက်အရ လုပ်နေရတာတွေလည်း ရှိတယ်။ နောက်တစ်ခုက မင်းသား မင်းသမီးဆိုရင် အချိန်မပေးနိုင်တာကြုံရတယ်။ ဒီအခက်အခဲက အမနဲ့ အဆင်မပြေဖူး။ ဒီအခက်အခဲကြောင် အလုပ်လာအပ်တဲ့ အချိန်တိုင်း အမငြင်းရတယ်။ ငြင်းရတော့ စားဝတ်နေရေးထိခိုက်တာပေါ့။” လို့ဆိုပါတယ်။

မြန်မာရုပ်ရှင်လောက ကို တစ်ခေတ် ဆန်းသစ်စေနိုင်တဲ့ ခရစ်(စ)တီးနားခီ ရဲ့ အောင်မြင်မှုနောက်ကွယ်က ကြိုးစားခဲ့ရပုံနဲ့ သူမရဲ့ ခံယူချက် က အတုယူစရာပါ။

Unicode

ျမန္မာရုပ်ရွင်လောကကို “ ဥပါယ္တံမ် ဉ်” နဲ့ “မုျဒာခေါ်သံ” ဆိုတဲ့ ဇာတ္ကား နွစ္ကားနဲ့ ထူးထူးခြားခြား ကိုင္လှုပ္လိုက္တဲ့ ဒါရိုက္တာကေတာ့ ခခရစ်(စ)တီးနားခီ ပါ။ ခင္ပြန်းသည် ဇဏ္ခီရဲ့ အောင်ျမင္မှုတိုင်းကို အေကာင်းဆုံးပံ့ပိုးပေးနိုင္တဲ့ အျေမာ်အျမင်ရွိ မိန်းမသားတစ်ယောက္ဆိုလည်း မမွားပါဘူး။ ကိုယ္တိုင္လည်း ဒါရိုက္တာလုပ်သလို ဓာတ္ပုံမ္ဒောယ်တြေလည်း လုပ္တဲ့ သူမက ကဘယ္လိုတြေကြိုးစားခဲ့လဲဆိုတာကို

8days media ကမေးမြန်း မှုအပေါ် အခုလို ဖြေသွားပါတယ်။

“ ဒါရိုက္တာတစ်ယောက်ျဖစ္ဖို့ ၂၀၀၂ လောက္မွာ စျပီး စိတ္ကူးတာ။ ငယ်ငယ္တုန်းကကြီးျပင်းလာရတဲ့ ဘဝက ရုပ်ရွင္ကို သြားကြည့်တဲ့ အခ်ိန္မွာ ဒါရိုက္တာကို အားက်အထင် ကြီးရ တဲ့စိတ္မ်ိုးထက် ကိုယ္က ကေလးဆိုတော့မင်းသားမင်းသမီးတြေ ကို အားက်တာပိုမ်ားတာပေါ့။ သရုပ်ဆောင္လုပ်ငန်းတြေကိုကြည့်ျပီးတော့ အားက်ရတာဆိုတော့ အစ္မစိတ္ထဲမွာ ဘယ္လို တြေးလဲဆိုတော့ ရုပ်ရွင်ရိုက္တဲ့ ပညာကို သင္လို့ရွိရင် ကိုယ္တိုင်သရုပ်ဆောင်ရင္လည်း အဆင်ေျပမယ္လို့ထင္တယ်။

ဒါရိုက္တာသင္တန်းတက္လိုက္တယ်။ ဒါရိုက္တာတစ်ယောက္လို လုပ္ကိုင်နိုင္တဲ့ သူကသာပဲ ဒီဇာတ္လမ်းတစ္ခုကို ပုံဖ္ခောိုင်းတာဆိုတော့ အဲ့လိုမ်ိုးပုံဖော် ရတာကိုပိုကြိုကြ်သားတယ်။ အဲ့တော့ ဒါရိုက္တာပဲ အမ်ားစုလုပ်ျဖစြ်သားတယ်။

ဒါရိုက္တာ သင္တန်းအေနနဲ့က certificate program လေးတြေ သြားတက္လိုက္တယ်။ တက္လိုက္တဲ့ အခ်ိန္မွာ ကြိုက္တယ် ။ ဒီမေဂ်ာကိုယူမယ္ဆိုျပျီးဖစြ်သားတာ။ အခက်အခဲတြေကေတာ့ အမ်ားကြီးရွိတယ်။ ဒီ film making မွာကိုယ္ပိုင္ပေရာဂ်က်တြေရိုက်ရတယ်။ ရိုက္တဲ့အခါ ကိုယ့်ပိုက္ဆံနဲ့ ကိုယ်ရိုက်ရတယ်။ ကေ်ာင်းကထုတ်ပေးတဲ့ budget ဆိုတာမရွိဘူး။ crew တြေကေက်ာင်းသားတြေပျဲဖစ် တဲ့အတြက် သူတို့ကို ထမင်းကျြေးရတယ်။ အဝတ်အစားဝယ်ပေးရတယ်။ ဒီအခက် အခဲကိုနေ့စ ဉ်ရင္ဆိုင်ရတာ။ ကေ်ာင်းတက်ေနေတာ့ အလုပ္ကလည်း အမ်ားကြီး မလုပ်နိုင္ဘူး။ part –time ပဲလုပ်ရတယ်။

part-time ကရတဲ့ ပိုက္ဆံလေးကို ခြိုးခြိုးခြံခံသုံးပြီး ကိုယ့်ရဲ့ကေ်ာင်းစရိတ္ထဲထည့်ရတယ်။ ကိုယ့်ရဲ့ကေ်ာင်းလခေတြ ကိုလည်းပေးဖို့ စားသောက္ဆိုင္မွာလုပ္တယ်။ စားသောက္ဆိုင္မွာက်တော့ ညဘက္ထိ မိုးခ်ုပ်အလုပ္လုပ်ရတယ်။ မနက္က်တော့ အတန်းအေစာကြီးတက်ရတယ်။ ကေ်ာင်းကာလ တစ်လွေ်ာက္လုံးကေတာ့သုံးလေးနာရီပဲအိပ်ျပီးတော့ကေ်ာင်းျပီးလာအောင္လုပ်ရတယ်။” လို့ဆိုပါတယ်။

မြန်မာပြည်ကိုပြနျပြီး အလုပ္လုပ္တဲ့အခ်ိန်ရင္ဆိုင်ရတဲ့ အခက်အခဲကိုလည်း အခုလိုေျပာသြားပါတယ်။

“အဓိကက အမတို့သင်ကြားလာတဲ့ ပုံစံနဲ့ မဟုတ်တော့ဘဲ နည်းတစ္နည်း သီးသန့်ထြက်သလိုျဖစြ်သားတာပေါ့။ pre to post steps တြေ ကေ်ာ္ထားတာရွိတယ်။ အျေခအေနအရ budget အရ စေ်းကြက်အရ လုပ်နေရတာတြေလည်း ရွိတယ်။ နောက္တစ္ခုက မင်းသား မင်းသမီးဆိုရင် အခ်ိန္မေပးနိုင္တာကြုံရတယ်။ ဒီအခက်အခဲက အမနဲ့ အဆင္မျေပဖူး။ ဒီအခက်အခဲကြောင် အလုပ္လာအပ္တဲ့ အခ်ိန္တိုင်း အမျငင်းရတယ်။ ျငင်းရေတာ့ စားဝတ်ေနေရးထိခိုက္တာပေါ့။” လို့ဆိုပါတယ်။

ျမန္မာရုပ်ရွင်လောက ကို တစ်ခေတ် ဆန်းသစ်စေနိုင္တဲ့ ခရစ်(စ)တီးနားခီ ရဲ့ အောင်ျမင္မှုနောက္ကြယ္က ကြိုးစားခဲ့ရပုံနဲ့ သူမရဲ့ ခံယူခ်က် က အတုယူစရာပါ။