ဒိုင်နိုဆောခေတ်ကလို့ယူဆနိုင်တဲ့ နှစ်သန်းပေါင်း (၁၈၀) ကျော်က မိကျောင်းရဲ့ကျောက်ဖြစ်ရုပ်ကြွင်း

မိကျောင်းတွေဟာ ဟိုးအရင် ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာလို ရှေးကျတဲ့ ဒဏ္ဍာရီတွေမှာပါဝင်ခဲ့ကြတာမို့ ဒီကမ္ဘာပေါ်မှာ မိကျောင်းတွေရှိနေတဲ့ သမယကတော့ ကြာရှည်ခဲ့ပြီလို့ဆိုရမှာပါ။ သုတေသနပြုချက်တွေအရ မိကျောင်းတွေဟာ ကမ္ဘာပေါ်မှာလွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၀၀ ကျော်ကတည်းက နေထိုင်ကျက်စားလာတာဖြစ်ပြီး အစောဆုံးပါဆိုတဲ့ ဒိုင်နိုဆောကြီးတွေထက်တောင်နှစ်သန်းပေါင်း 65 သန်းလောက်ကို ပိုစောပြီးရှင်သန်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဒါပေမယ့် ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ဒိုင်နိုဆောတွေရဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုသာ တူးဖော်တွေ့ရှိခဲ့ကြပြီး မိကျောင်းတွေနဲ့ပက်သတ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုတော့ တွေ့ရဖို့ခဲယဉ်းခဲ့တယ်လို့ဆိုရမှာပါ။

အခုတော့ ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ မိကျောင်းတွေရဲ့ရာဇဝင်တွေကိုစိတ်ဝင်စားသူတွေအတွက် ဝမ်းသာစရာသတင်းတစ်ခုထွက်ရှိလာပါပြီ။ အဲဒါကတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၈၀ ကျော်က မိကျောင်းရဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ဂျာမနီနိုင်ငံ Bavaria မြို့မှာ တူးဖော်တွေ့ရှိခဲ့တဲ့သတင်းပါပဲ။ အဲဒီကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ Mystriosaurus laurillard မျိုးနွယ်ဝင် ရှေးဟောင်းမိကျောင်းတစ်ကောင်ရဲ့ရုပ်ကြွင်းတြွေုဖစ်ကြောင်းသိရပါတယ်။ အစတုန်းက အဲဒီရုပ်ကြွင်းတွေကို Steneosaurus bollensis မျိုးနွယ်လို့မှားယွင်းယူဆခဲ့သေးတယ်လို့လည်း သိရပါတယ်။



ဒါပေမယ့် တူးဖော်ရရှိတဲ့ရုပ်ကြွင်းတွေမှာမိကျောင်းရဲ့ နှာခေါင်းလေရှုပေါက်က ပါးစပ်နဲ့ အပြိုင်တည့်တည့်တည်ရှိနေပြီး အခြားမျိုးနွယ်စုဝင်မိကျောင်းတွေမှာတော့ နှာခေါင်းပေါက်က ပါးစပ်ရဲ့အပေါ်ဘက်ထိပ်နားမှာတည်ရှိနေတတ်တာကြောင့် ဒီရှာဖွေတွေ့ရှိမှုဟာ မတူထူးခြားတဲ့ ရှေးဟောင်းမျိုးနွယ်စုဝင်မိကျောင်းကို ထူးဆန်းစွာရှာဖွေတွေ့ရှိမှုလို့လည်းဆိုနိုင်ပါတယ်။ မကြာသေးမီကပဲ ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့က ဂျာမနီမှာ ၁၈ ရာစုတုန်းက အသက်ရှင်နေထိုင်ခဲ့တယ်လို့ယူဆရတဲ့ မိကျောင်းတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုလည်းရှာဖွေတွေ့ရှိခဲ့သေးတာမို့ ဂျာမနီကတော့ ရှေးခေတ်က မိကျောင်းတွေ ပျော်မြူးခဲ့ရာနေရာကြီးလို့တောင်ပြောရမလားပါပဲ။




မိကျောင်းတွေကိုလေ့လာနေတဲ့ အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Edinburgh University က Dr.Mark Young ကတော့ ဒီရှာဖွေတွေ့ရှိမှုဟာ တွားသွားသတ္တဝါကြီးတွေနဲ့မိချောင်းတွေအကြောင်းလေ့လာချက်တွေကို အများကြီးအထောက်အကူပြုကြောင်းနဲ့ မိကျောင်းတွေရဲ့ မျိုးနွယ်စုစာရင်းပြုစုချက်တွေကိုလည်း ပိုပြီးပြည့်စုံစေအောင်ကူညီပေးတယ်လို့ပြောသွားခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ ရှေးဟောင်းသုတေသနကိုစိတ်ဝင်စားသူတွေကတော့ ဒီလိုတန်ဖိုးရှိတဲ့ကျောက်ဖြစ်ရုပ်ကြွင်းကိုတူးဖော်တွေ့ရှိတဲ့အတွက် ဝမ်းသာနေကြပါတယ်။

Unicode





