ဒီဇင္ဘာလမွာလက္ထပ္ေတာ့မယ့္ Katy Perry နဲ႔ Orlando Bloom

Katy Perry နဲ႔ မင္းသားၾကီး Orlando Bloom တုိ႔ဟာ လြန္ခဲ့တဲ့သံုးနွစ္ေလာက္ကတည္းက ခ်စ္သူေတြျဖစ္ေနခဲ့ၾကတာျဖစ္ျပီး သူတို႔နွစ္ေယာက္ရဲ႕အခ်စ္ေရးက ျပတ္လိုက္တြဲလိုက္နဲ႔ ၾကာရွည္လာခဲ့ၾကတာလည္းျဖစ္ပါတယ္။ အသက္ဆယ္နွစ္နီးပါးကြာတဲ့ သူတို႔ခ်စ္သူနွစ္ေယာက္က 2019 February လ Valentine’s Day မွာ ေစ့စပ္ထားခဲ့ၾကျပီး Orlando က Katy Perry ကုိ Helicopter ေပၚမွာ ရိုဆန္လြန္းစြာ လက္ထပ္ခြင့္ေတာင္းခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္ကတည္းက ပရိသတ္ေတြက သူတို႔နွစ္ေယာက္ကုိ ျမန္ျမန္လက္ထပ္ေစခ်င္ေနၾကတာလည္းျဖစ္ပါတယ္။

အခုေတာ့ ပရိသတ္ေတြရဲ႕ေမွ်ာ္လင့္ခ်က္ေတြျပည့္ေတာ့မယ္ဆိုရမွာပါ။ Katy Perry နဲ႔ Orlando Bloom ဟာ လာမယ့္ December မွာ လက္ထပ္ၾကေတာ့မယ္လို႔သိရျပီးသူတို႔နွစ္ေယာက္စလံုးက လက္ထပ္ပြဲအတြက္အရမ္းကုိစိတ္လႈပ္ရွားေနၾကျပီလို႔နိ္ုင္ငံတကာ မီဒီယာေတြကေဖာ္ျပထားၾကပါတယ္။ သူတုိ႔နွစ္ေယာက္စလံုးအတြက္ ဒီမဂၤလာပြဲဟာ ဒုတိယအၾကိမ္ေျမာက္ မဂၤလာပြဲျဖစ္မွာျဖစ္ျပီးနွစ္ေယာက္စလံုးက အေရွ႕မွာတစ္ခါစီအိမ္ေထာင္က်ထားဖူးၾကပါတယ္။ Orlando Bloom က အေရွ႕မွာ Victoria’s Secret Model Miranda Kerr နဲ႔ သံုးနွစ္ၾကာေအာင္လက္ထပ္ထားဖူးျပီး သားေလးတစ္ေယာက္ရခဲ့ဖူးသလို Katy Perry ကလည္း အေရွ႕မွာ ဟာသပညာရွင္ Russell Brand နဲ႔ တစ္နွစ္ေက်ာ္ေလာက္လက္ထပ္ခဲ့ဖူးပါတယ္။



ဒါေပမယ့္ Katy Perry ေရာ Orlando ေရာက လက္ထပ္ပြဲလုပ္ဖို႔ကုိ ဆယ္ေက်ာ္သက္ေတြလိုရင္ခုန္ေနၾကျပီး မဂၤလာေဆာင္ျခင္းကို သက္ဝင္ယံုၾကည္ဆဲပါပဲလို႔ ေျပာထားၾကပါတယ္။ Katy Perry က Interview ေတြမွာ လက္ထပ္မဂၤလာျပဳတာက အခ်စ္ေရးရဲ႕အေရးၾကီးတဲ့အစိတ္အပိုင္းပဲလို႔ ယံုၾကည္ေၾကာင္းနဲ႔ တစ္သက္လံုးလက္တြဲသြားဖို႔ နွစ္ဦးသေဘာတူလက္ထပ္တာကလည္း အေရးပါတယ္လို႔ ေျဖၾကားထားခဲ့ုပါတယ္။ ဒီေတာ့ မၾကာခင္မွာ သိပ္ကိုလုိက္ဖက္တဲ့ စံုတြဲေလးရဲ႕ ၾကီးက်ယ္ခမ္းနားစြာျပဳလုပ္မယ့္မဂၤလာပြဲၾကီးကုိ ျမင္ရေတာ့မွာမို႔ရင္ခုန္စရာပါပဲ။




ဒီနွစ္ကေတာ့ ကမၻာေက်ာ္ေတြလက္ထပ္တဲ့နွစ္လို႔ေတာင္ဆုိရမလိုပါပဲ။ Dwayne Johnson, Justin Bieber နဲ႔ အျခားေသာကမၻာေက်ာ္ေတြအျပင္ အခု Katy Perry တို႔လည္းလက္ထပ္ၾကေတာ့မယ္ဆိုေတာ့ 2019 ဟာ အခ်စ္ေတြနဲ႔ထံုမြႊမ္းထားတဲ့ နွစ္တစ္နွစ္လို႔ေတာင္ဆိုနို္င္ပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Katy Perry နဲ႔ Orlando Bloom ကို ခ်စ္ၾကလား။ သူတို႔နွစ္ေယာက္ရဲ႕ မဂၤလာပြဲကုိ ျမင္ခ်င္ေနၾကျပီလား။ ေျပာခဲ့ၾကပါဦး။

Unicode



Katy Perry နဲ့ မင်းသားကြီး Orlando Bloom တို့ဟာ လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ချစ်သူတွေဖြစ်နေခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့အချစ်ရေးက ပြတ်လိုက်တွဲလိုက်နဲ့ ကြာရှည်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ အသက်ဆယ်နှစ်နီးပါးကွာတဲ့ သူတို့ချစ်သူနှစ်ယောက်က 2019 February လ Valentine’s Day မှာ စေ့စပ်ထားခဲ့ကြပြီး Orlando က Katy Perry ကို Helicopter ပေါ်မှာ ရိုဆန်လွန်းစွာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ပရိသတ်တွေက သူတို့နှစ်ယောက်ကို မြန်မြန်လက်ထပ်စေချင်နေကြတာလည်းဖြစ်ပါတယ်။

အခုတော့ ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေပြည့်တော့မယ်ဆိုရမှာပါ။ Katy Perry နဲ့ Orlando Bloom ဟာ လာမယ့် December မှာ လက်ထပ်ကြတော့မယ်လို့သိရပြီးသူတို့နှစ်ယောက်စလုံးက လက်ထပ်ပွဲအတွက်အရမ်းကိုစိတ်လှုပ်ရှားနေကြပြီလို့နိ်ုင်ငံတကာ မီဒီယာတွေကဖော်ပြထားကြပါတယ်။ သူတို့နှစ်ယောက်စလုံးအတွက် ဒီမင်္ဂလာပွဲဟာ ဒုတိယအကြိမ်မြောက် မင်္ဂလာပွဲဖြစ်မှာဖြစ်ပြီးနှစ်ယောက်စလုံးက အရှေ့မှာတစ်ခါစီအိမ်ထောင်ကျထားဖူးကြပါတယ်။ Orlando Bloom က အရှေ့မှာ Victoria’s Secret Model Miranda Kerr နဲ့ သုံးနှစ်ကြာအောင်လက်ထပ်ထားဖူးပြီး သားလေးတစ်ယောက်ရခဲ့ဖူးသလို Katy Perry ကလည်း အရှေ့မှာ ဟာသပညာရှင် Russell Brand နဲ့ တစ်နှစ်ကျော်လောက်လက်ထပ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် Katy Perry ရော Orlando ရောက လက်ထပ်ပွဲလုပ်ဖို့ကို ဆယ်ကျော်သက်တွေလိုရင်ခုန်နေကြပြီး မင်္ဂလာဆောင်ခြင်းကို သက်ဝင်ယုံကြည်ဆဲပါပဲလို့ ပြောထားကြပါတယ်။ Katy Perry က Interview တွေမှာ လက်ထပ်မင်္ဂလာပြုတာက အချစ်ရေးရဲ့အရေးကြီးတဲ့အစိတ်အပိုင်းပဲလို့ ယုံကြည်ကြောင်းနဲ့ တစ်သက်လုံးလက်တွဲသွားဖို့ နှစ်ဦးသဘောတူလက်ထပ်တာကလည်း အရေးပါတယ်လို့ ဖြေကြားထားခဲု့ပါတယ်။ ဒီတော့ မကြာခင်မှာ သိပ်ကိုလိုက်ဖက်တဲ့ စုံတွဲလေးရဲ့ ကြီးကျယ်ခမ်းနားစွာပြုလုပ်မယ့်မင်္ဂလာပွဲကြီးကို မြင်ရတော့မှာမို့ရင်ခုန်စရာပါပဲ။

ဒီနှစ်ကတော့ ကမ္ဘာကျော်တွေလက်ထပ်တဲ့နှစ်လို့တောင်ဆိုရမလိုပါပဲ။ Dwayne Johnson, Justin Bieber နဲ့ အခြားသောကမ္ဘာကျော်တွေအပြင် အခု Katy Perry တို့လည်းလက်ထပ်ကြတော့မယ်ဆိုတော့ 2019 ဟာ အချစ်တွေနဲ့ထုံမွွှမ်းထားတဲ့ နှစ်တစ်နှစ်လို့တောင်ဆိုနို်င်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Katy Perry နဲ့ Orlando Bloom ကို ချစ်ကြလား။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို မြင်ချင်နေကြပြီလား။ ပြောခဲ့ကြပါဦး။