ဒီတစ္ပတ္အတြင္း ဆယ္လီေတြဘာလုပ္ေနၾကလဲ

ပရိသတ္ေတြခ်စ္တဲ့ ဆယ္လီေတြ အနုပညာရွင္ေတြရဲ႕လႈပ္ရွားမႈေတြကတစ္ေန႔တစ္ျခားအသစ္အသစ္ေတြအျမဲလိုလိုေပၚထြက္ေနတာပါ။ ပရိသတ္ေတြအေနနဲ႔ ကုိယ္နွစ္သက္အားေပးတဲ့ အနုပညာရွင္ေတြရဲ႕သတင္းေတြကုိအခ်ိန္နဲ႔တေျပးညီအျမဲတမ္း သိရွိေနဖို႔ဆိုတာ လြယ္သေယာင္နဲ႔ခက္တဲ့အထဲမွာပါဝင္ပါတယ္။ ဒါေၾကာင့္ဒီတစ္ပတ္အတြင္းပရိသတ္ခ်စ္တဲ့ ဆယ္လီေတြရဲ႕လႈပ္ရွားမႈေတြကုိ ေျပာခ်င္လြန္းလို႔မီဒီယာ ကေန စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

မင္းေသြးကြယ္လြန္ျခင္းတစ္နွစ္ျပည့္ အလွဴလုပ္ခဲ့တဲ့ ေနတိိုး



ျ႔ပီးခဲ့တဲ့ ေအာက္တိုဘာလ (၃) ရက္ေန႔မွာ  ေနတုိးနဲ႔ မိသားစုဟာ မင္းေသြးကြယ္လြန္ျခင္း တစ္နွစ္ျပည့္အျဖစ္ ေနအိမ္မွာ ဘုန္းၾကီးဆြမ္းကပ္ လွဴဒါန္းခဲ့တယ္လို႔သိရပါတယ္။ ေနတိုးရဲ႕အလွဴကုိ အနုပညာရပ္ဝန္းထဲက မိတ္ေဆြသူငယ္ခ်င္းေတြအျပင္ ရင္းနွီးသူေတြလည္းလာေရာက္ခဲ့ၾကပါတယ္။ ။ေနတိုးကအလွဴကုိလာတဲ့ မိတ္ေဆြတစ္ေယာက္ခ်င္းစီကုိဧည့္ဝတ္ေက်ျပြန္ျပီး ေကာင္းေကာင္းမြန္မြန္ဧည့္ခံေနတဲ့ ဓာတ္ပံုေလးေတြကလည္း ပရိသတ္ေတြကုိအခ်စ္ပုိေစခဲ့ပါတယ္။ ဒါတင္မကေသးပါဘူး၊ ေနတိုးက အနုပညာေမာင္နွမျဖစ္တဲ့ ခင္ဝင့္ဝါအတြက္ တယုတယဟင္းေတြဖဲ့ေပးေနတာေလးကလည္း ပရိသတ္ေတြအသည္းယားျပီး ခ်စ္ရတဲ့ ျမင္ကြင္းေလးျဖစ္ခဲ့ပါေသးတယ္။




လင္းလင္းအတြက္ေမြးေန႔ကိတ္ အဆန္းေလးလုပ္ေပးလိုက္တဲ့ ခ်စ္သုေဝ

ေပ်ာ္ရႊင္စရာမိသားစုေလးပိုင္ဆိုင္ထားတဲ့ ခ်စ္သုေဝနဲ႔ လင္းလင္းတို႔ကေတာ့ တစ္ေန႔တစ္ေန႔ ေခတ္ေလးနဲ႔သစ္ေလး အျမႊာနွစ္ေယာက္န႔ဲပဲ မေမာနိုင္မပန္းနုိင္ေပ်ာ္ရႊင္ေနၾကတာပါ။ ျ႔ပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကလည္း ေခတ္ေလးနဲ႔သစ္ေလးရယ္ ေမေမခ်စ္သုေဝရယ္က ေဖေဖလင္းလင္းအတြက္ ခ်စ္စရာ့ေမြးေန႔ကိတ္ေလးကိုျပင္ဆင္ထားခဲ့ပါတယ္။ အဲဒါကေတာ့ ကိတ္မဟုတ္ပဲ ေခ်ာကလက္ကိတ္ေသးေသးေလးေတြရယ္ မုန္႔ေလးေတြရယ္ေပၚမွာ Happy Birthday ဆိုတဲ့ Stand ေလးေထာင္ထားျပီး သမီးေလးေတြနဲ႔အတူ ေပ်ာ္စရာေမြးေန႔ပြဲေသးေသးေလးက်င္းပေပးခဲ့တာပါ။ ဒါ့အျပင္ လင္းလင္းရဲ႕ေမြးေန႔မွာ ခ်စ္သုေဝက ကုိယ္တိုင္ဟင္းေတြခ်က္ေကြ်းေနခဲ့သလို Happy Birthday post ေတြလည္းခဏခဏတင္ေပးေနခဲ့တာေတြ႕ရပါတယ္။



တစ္ကုိယ္ေတာ္အေခြမိတ္ဆက္ပြဲလုပ္ခဲ့တဲ့ ျဖိဳးျမတ္ေအာင္

ရိုးသားၾကိဳးစားေအးေဆးျပီး သီခ်င္းဆိုတာလည္းအရမ္းေကာင္းတဲ့ ျဖိဳးျမတ္ေအာင္ရဲ႕ တစ္ကုိယ္ေတာ္အေခြကုိပရိသတ္ေတြက ေမွ်ာ္လင့္ေနခဲ့တာနွစ္ေတြအေတာ္ၾကာခဲ့ပါျပီ။အခုေတာ့ အားလံုးေစာင့္စားေနခဲ့တဲ့ ျဖိဳးျမတ္ေအာင္ရဲ႕ တစ္ကုိယ္ေတာ္အေခြက ထြက္ရွိလာပါျပီ။ အေခြနာမည္ကေတာ့ “သင့္အတြက္ မနက္ျဖန္”လို႔ သိရျပီး အေခြထဲမွာ ျဖိဳးျမတ္ေအာင္စိတ္ၾကိဳက္စီစဥ္ထည့္သြင္းထားတဲ့ သီခ်င္း (၉) ပုဒ္ပါဝင္တယ္လို႔သိရပါတယ္။ အေခြမိတ္ဆက္ပြဲကိုေတာ့ ျဖိဳးျမတ္ေအာင္က စက္တင္ဘာလ (၂၉) ရက္ေန႔က St. John City Mall မွာျပဳလုပ္ခဲ့တယ္လု႔ိသိရပါတယ္။

မဂၤလာလက္ထပ္ပြဲအၾကီးအက်ယ္က်င္းပခဲ့တဲ့ Justin Bieber နဲ႔ Hailey

Justin Bieber နဲ႔ Hailey Baldwin ဟာ ျပီးခဲ့တဲ့ September 30 ရက္ေန႔မွာ တရားဝင္လက္ထပ္ထိမ္းျမားျပီး မဂၤလာပြဲၾကီးအထေျမာက္ေအာင္ျမင္ခဲ့ျပီျဖစ္လို႔ အခုဆိုရင္ တရားဝင္ Hailey Bieber ျဖစ္လို႔သြားပါျပီ။ Justin နဲ႔ Hailey ဟာ South Carolina က Montage Palmetto Bluff resort ၾကီးမွာ ၾကီးက်ယ္ခမ္းနားတဲ့ မဂၤလာပြဲၾကီးက်င္းပခဲ့ျပီး မဂၤလာပြဲကို Ed Sheeran, Jaden Smith, Kylie Jenner, Kendall Jenner နဲ႔ အျခားေသာ ကမၻာေက်ာ္ေတြေတာ္ေတာ္မ်ားမ်ားတက္ေရာက္ခဲ့ၾကေၾကာင္း သိရပါတယ္။

မီဒီယာေတြနဲ႔ ပရိသတ္စပ္စုစိန္ေတြရဲ႕ ထုတ္ေဖာ္ေျပာၾကားခ်က္ေတြအရ JB ရဲ႕ မဂၤလာေဆာင္ဟာ အေမရိကန္ေဒၚလာ ငါးသိ္န္းေက်ာ္ကုန္က်ခဲ့တယ္လို႔သိရပါတယ္။ အေမရိကန္ေဒၚလာငါးသိန္းဟာ ျမန္မာေငြနဲ႔ဆိုရင္ သိန္းခုနစ္ေထာင္ကုိေအးေအးေဆးေဆးေက်ာ္ပါတယ္။

ခ်စ္သူအသစ္ရသြားျပန္တဲ့ Miley Cyrus

နွစ္လအတြင္းခင္ပြန္းနဲ႔ေရာ ခ်စ္သူေကာင္မေလးနဲ႔ပါ ဆက္တိုက္ဆိုသလိုျပတ္စဲထားတဲ့ Miley ဟာ အခုလည္း ေနာက္ထပ္ခ်စ္သူတစ္ေယာက္ရသြားျပန္တာပါ။ Miley ရဲ႕ ခ်စ္သူအသစ္ကေတာ့ Cody Simpson ပါ။ ဟုတ္ပါတယ္။ ေကာင္မေလးေတြအသည္းစြဲရူးသြပ္ခဲ့ရတဲ့ ေရႊေရာင္ဆံပင္ေတြ၊မ်က္ဝန္းျပာျပာေတြနဲ႔ အဆိုေတာ္ Cody Simpson ပါပဲ။ Miley နဲ႔ Cody ဟာ နွစ္ေတြအၾကာၾကီး သူငယ္ခ်င္းေတြအျဖစ္ရွိေနခဲ့ၾကျပီး Miley က Cody ကုိေတာ့ အရာရာဖြင့္ဟတိုင္ပင္တတ္တယ္လို႔သိရပါတယ္။

မၾကာေသးမီရက္ပုိင္းက Los  Angeles က Smoothie ဆိုင္တစ္ဆုိင္မွာ Miley နဲ႔ Cody က အေအးေသာက္ရင္းအတူေပ်ာ္ရႊင္ေနၾကျပီး နမ္းေနၾကတာကုိေတြ႕ခဲ့ရတယ္လို႔ ပရိသတ္ေတြက Twitter မွာတင္လာခဲ့ၾကပါတယ္။ ဒါ့အျပင္အျခားေနရာေတြေတာ္ေတာ္မ်ားမ်ားမွာလည္း သူတို႔ခ်စ္သူနွစ္ဦးအခ်စ္နာလန္ထေနတာကုိျမင္လို္က္ရတဲ့ပရိသတ္ေတြအေတာ္မ်ားမ်ားရွိတယ္ဆုိပါတယ္။

အခုေျပာျပသြားတာေတြကေတာ့ တစ္ပတ္အတြင္း ပရိသတ္ခ်စ္တဲ့ဆယ္လီေတြရဲ႕လႈပ္ရွားမႈေတြပဲျဖစ္ပါတယ္။ ေနာက္အပတ္ ေသာၾကာေန႔ေတြမွာလည္း အနုပညာရွင္ေတြရဲ႕တစ္ပတ္အတြင္းလႈပ္ရွားမႈေတြကုိစုစည္းေဖာ္ျပေပးသြားမွာျဖစ္လို႔ေစာင့္ေမွ်ာ္ဖတ္ရႈေပးၾကပါဦး။

Unicode

ပရိသတ်တွေချစ်တဲ့ ဆယ်လီတွေ အနုပညာရှင်တွေရဲ့လှုပ်ရှားမှုတွေကတစ်နေ့တစ်ခြားအသစ်အသစ်တွေအမြဲလိုလိုပေါ်ထွက်နေတာပါ။ ပရိသတ်တွေအနေနဲ့ ကိုယ်နှစ်သက်အားပေးတဲ့ အနုပညာရှင်တွေရဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီအမြဲတမ်း သိရှိနေဖို့ဆိုတာ လွယ်သယောင်နဲ့ခက်တဲ့အထဲမှာပါဝင်ပါတယ်။ ဒါကြောင့်ဒီတစ်ပတ်အတွင်းပရိသတ်ချစ်တဲ့ ဆယ်လီတွေရဲ့လှုပ်ရှားမှုတွေကို ပြောချင်လွန်းလို့မီဒီယာ ကနေ စုစည်းဖော်ပြပေးလိုက်ပါတယ်။

မင်းသွေးကွယ်လွန်ခြင်းတစ်နှစ်ပြည့် အလှူလုပ်ခဲ့တဲ့ နေတိိုး

ြ့ပီးခဲ့တဲ့ အောက်တိုဘာလ (၃) ရက်နေ့မှာ  နေတိုးနဲ့ မိသားစုဟာ မင်းသွေးကွယ်လွန်ခြင်း တစ်နှစ်ပြည့်အဖြစ် နေအိမ်မှာ ဘုန်းကြီးဆွမ်းကပ် လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ နေတိုးရဲ့အလှူကို အနုပညာရပ်ဝန်းထဲက မိတ်ဆွေသူငယ်ချင်းတွေအပြင် ရင်းနှီးသူတွေလည်းလာရောက်ခဲ့ကြပါတယ်။ ။နေတိုးကအလှူကိုလာတဲ့ မိတ်ဆွေတစ်ယောက်ချင်းစီကိုဧည့်ဝတ်ကျေပြွန်ပြီး ကောင်းကောင်းမွန်မွန်ဧည့်ခံနေတဲ့ ဓာတ်ပုံလေးတွေကလည်း ပရိသတ်တွေကိုအချစ်ပိုစေခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး၊ နေတိုးက အနုပညာမောင်နှမဖြစ်တဲ့ ခင်ဝင့်ဝါအတွက် တယုတယဟင်းတွေဖဲ့ပေးနေတာလေးကလည်း ပရိသတ်တွေအသည်းယားပြီး ချစ်ရတဲ့ မြင်ကွင်းလေးဖြစ်ခဲ့ပါသေးတယ်။

လင်းလင်းအတွက်မွေးနေ့ကိတ် အဆန်းလေးလုပ်ပေးလိုက်တဲ့ ချစ်သုဝေ

ပျော်ရွှင်စရာမိသားစုလေးပိုင်ဆိုင်ထားတဲ့ ချစ်သုဝေနဲ့ လင်းလင်းတို့ကတော့ တစ်နေ့တစ်နေ့ ခေတ်လေးနဲ့သစ်လေး အမြွှာနှစ်ယောက်နဲ့ပဲ မမောနိုင်မပန်းနိုင်ပျော်ရွှင်နေကြတာပါ။ ြ့ပီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ခေတ်လေးနဲ့သစ်လေးရယ် မေမေချစ်သုဝေရယ်က ဖေဖေလင်းလင်းအတွက် ချစ်စရာ့မွေးနေ့ကိတ်လေးကိုပြင်ဆင်ထားခဲ့ပါတယ်။ အဲဒါကတော့ ကိတ်မဟုတ်ပဲ ချောကလက်ကိတ်သေးသေးလေးတွေရယ် မုန့်လေးတွေရယ်ပေါ်မှာ Happy Birthday ဆိုတဲ့ Stand လေးထောင်ထားပြီး သမီးလေးတွေနဲ့အတူ ပျော်စရာမွေးနေ့ပွဲသေးသေးလေးကျင်းပပေးခဲ့တာပါ။ ဒါ့အပြင် လင်းလင်းရဲ့မွေးနေ့မှာ ချစ်သုဝေက ကိုယ်တိုင်ဟင်းတွေချက်ကျွေးနေခဲ့သလို Happy Birthday post တွေလည်းခဏခဏတင်ပေးနေခဲ့တာတွေ့ရပါတယ်။

တစ်ကိုယ်တော်အခွေမိတ်ဆက်ပွဲလုပ်ခဲ့တဲ့ ဖြိုးမြတ်အောင

ရိုးသားကြိုးစားအေးဆေးပြီး သီချင်းဆိုတာလည်းအရမ်းကောင်းတဲ့ ဖြိုးမြတ်အောင်ရဲ့ တစ်ကိုယ်တော်အခွေကိုပရိသတ်တွေက မျှော်လင့်နေခဲ့တာနှစ်တွေအတော်ကြာခဲ့ပါပြီ။အခုတော့ အားလုံးစောင့်စားနေခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့ တစ်ကိုယ်တော်အခွေက ထွက်ရှိလာပါပြီ။ အခွေနာမည်ကတော့ “သင့်အတွက် မနက်ဖြန်”လို့ သိရပြီး အခွေထဲမှာ ဖြိုးမြတ်အောင်စိတ်ကြိုက်စီစဉ်ထည့်သွင်းထားတဲ့ သီချင်း (၉) ပုဒ်ပါဝင်တယ်လို့သိရပါတယ်။ အခွေမိတ်ဆက်ပွဲကိုတော့ ဖြိုးမြတ်အောင်က စက်တင်ဘာလ (၂၉) ရက်နေ့က St. John City Mall မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

မင်္ဂလာလက်ထပ်ပွဲအကြီးအကျယ်ကျင်းပခဲ့တဲ့ Justin Bieber နဲ့ Hailey

Justin Bieber နဲ့ Hailey Baldwin ဟာ ပြီးခဲ့တဲ့ September 30 ရက်နေ့မှာ တရားဝင်လက်ထပ်ထိမ်းမြားပြီး မင်္ဂလာပွဲကြီးအထမြောက်အောင်မြင်ခဲ့ပြီဖြစ်လို့ အခုဆိုရင် တရားဝင် Hailey Bieber ဖြစ်လို့သွားပါပြီ။ Justin နဲ့ Hailey ဟာ South Carolina က Montage Palmetto Bluff resort ကြီးမှာ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးကျင်းပခဲ့ပြီး မင်္ဂလာပွဲကို Ed Sheeran, Jaden Smith, Kylie Jenner, Kendall Jenner နဲ့ အခြားသော ကမ္ဘာကျော်တွေတော်တော်များများတက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

မီဒီယာတွေနဲ့ ပရိသတ်စပ်စုစိန်တွေရဲ့ ထုတ်ဖော်ပြောကြားချက်တွေအရ JB ရဲ့ မင်္ဂလာဆောင်ဟာ အမေရိကန်ဒေါ်လာ ငါးသိ်န်းကျော်ကုန်ကျခဲ့တယ်လို့သိရပါတယ်။ အမေရိကန်ဒေါ်လာငါးသိန်းဟာ မြန်မာငွေနဲ့ဆိုရင် သိန်းခုနစ်ထောင်ကိုအေးအေးဆေးဆေးကျော်ပါတယ်။

ချစ်သူအသစ်ရသွားပြန်တဲ့ Miley Cyrus

နှစ်လအတွင်းခင်ပွန်းနဲ့ရော ချစ်သူကောင်မလေးနဲ့ပါ ဆက်တိုက်ဆိုသလိုပြတ်စဲထားတဲ့ Miley ဟာ အခုလည်း နောက်ထပ်ချစ်သူတစ်ယောက်ရသွားပြန်တာပါ။ Miley ရဲ့ ချစ်သူအသစ်ကတော့ Cody Simpson ပါ။ ဟုတ်ပါတယ်။ ကောင်မလေးတွေအသည်းစွဲရူးသွပ်ခဲ့ရတဲ့ ရွှေရောင်ဆံပင်တွေ၊မျက်ဝန်းပြာပြာတွေနဲ့ အဆိုတော် Cody Simpson ပါပဲ။ Miley နဲ့ Cody ဟာ နှစ်တွေအကြာကြီး သူငယ်ချင်းတွေအဖြစ်ရှိနေခဲ့ကြပြီး Miley က Cody ကိုတော့ အရာရာဖွင့်ဟတိုင်ပင်တတ်တယ်လို့သိရပါတယ်။

မကြာသေးမီရက်ပိုင်းက Los  Angeles က Smoothie ဆိုင်တစ်ဆိုင်မှာ Miley နဲ့ Cody က အအေးသောက်ရင်းအတူပျော်ရွှင်နေကြပြီး နမ်းနေကြတာကိုတွေ့ခဲ့ရတယ်လို့ ပရိသတ်တွေက Twitter မှာတင်လာခဲ့ကြပါတယ်။ ဒါ့အပြင်အခြားနေရာတွေတော်တော်များများမှာလည်း သူတို့ချစ်သူနှစ်ဦးအချစ်နာလန်ထနေတာကိုမြင်လို်က်ရတဲ့ပရိသတ်တွေအတော်များများရှိတယ်ဆိုပါတယ်။

အခုပြောပြသွားတာတွေကတော့ တစ်ပတ်အတွင်း ပရိသတ်ချစ်တဲ့ဆယ်လီတွေရဲ့လှုပ်ရှားမှုတွေပဲဖြစ်ပါတယ်။ နောက်အပတ် သောကြာနေ့တွေမှာလည်း အနုပညာရှင်တွေရဲ့တစ်ပတ်အတွင်းလှုပ်ရှားမှုတွေကိုစုစည်းဖော်ပြပေးသွားမှာဖြစ်လို့စောင့်မျှော်ဖတ်ရှုပေးကြပါဦး။