ဒီတစ္ပတ္အတြင္း ဆယ္လီေတြဘာလုပ္ေနၾကလဲ

ပရိသတ္ေတြခ်စ္တဲ့ ဆယ္လီေတြ အနုပညာရွင္ေတြရဲ႕လႈပ္ရွားမႈေတြကတစ္ေန႔တစ္ျခားအသစ္အသစ္ေတြအျမဲလိုလိုေပၚထြက္ေနတာပါ။ ပရိသတ္ေတြအေနနဲ႔ ကုိယ္နွစ္သက္အားေပးတဲ့ အနုပညာရွင္ေတြရဲ႕သတင္းေတြကုိအခ်ိန္နဲ႔တေျပးညီအျမဲတမ္း သိရွိေနဖို႔ဆိုတာ လြယ္သေယာင္နဲ႔ခက္တဲ့အထဲမွာပါဝင္ပါတယ္။ ဒါေၾကာင့္ဒီတစ္ပတ္အတြင္းပရိသတ္ခ်စ္တဲ့ ဆယ္လီေတြရဲ႕လႈပ္ရွားမႈေတြကုိ ေျပာခ်င္လြန္းလို႔မီဒီယာ ကေန စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

ထိန္သိမ္းခံလိုက္ရျပီးျပန္လြြတ္လာတဲ့ ျဖိဳးျပည့္စံု



ပရိသတ္ေတြခ်စ္တဲ့ ျဖိဳးျပည့္စံုဟာ ျပီးခဲ့တဲ့ တနလၤာေန႔ညေနပိုင္းမွာ ျမန္မာပလာဇာမွာ မူးယစ္ေဆးဝါးေတြလက္ဝယ္ေတြ႕ရွိမႈနဲ႔အထိိန္းသိမ္းခံလိုက္ရျပီး ဗုဒၶဟူးေန႔ညေနပိုင္းမွာေတာ့ အဲဒီေဆးဝါးေတြက စတိုးဆိုင္ေတြမွာဝယ္လို႔ရတဲ့ Play more ခ်ိဳခ်ဥ္ေတြဆိုတာကုိသိရျပီးေနာက္ ထိန္းသိမ္းခံရတာကေန ျပန္လည္လြတ္ေျမာက္လာေၾကာင္းသိရပါတယ္။ ျဖိဳးျပည့္စံုသတင္းစတင္ထြက္လာကတည္းက ပရိသတ္ေတြကေရာ အနုပညာေမာင္နွမေတြမ်ားစြာကပါ ျဖိဳးျပည့္စံုဘက္က ရပ္တည္ျပီးဝုိင္းဝန္းအားေပးခဲ့ၾကသလို အခုလို ခိ်ဳခ်ဥ္မွန္းသိျပီး ထိန္းသိမ္းမႈကေနလြတ္ကင္းသြားေတာ့လည္း အားလံုးဝမ္းသာခဲ့ၾကရပါတယ္။

ေမြးေန႔အထိမ္းအမွတ္အျဖစ္ လွဴဒါန္းခဲ့တဲ့ နန္းဆုဦး




သရုပ္ေဆာင္နန္းဆုဦးရဲ႕ ေမြးေန႔အလွဴအျဖစ္ ျပီးခဲ့တဲ့ ေအာက္တိုဘာလ ငါးရက္ေန႔က ရန္ကုန္က်ိဳက္ဝုိင္းလူငယ္သင္တန္းေက်ာင္းမွာ မုန္႔နဲ႔ အေအးေတြလွဴဒါန္းခဲ့တယ္လို႔သိရပါတယ္။ ဒါ့အျပင္ဘုရားမွာလည္းဆီမီးတစ္ေထာင္ကပ္လွဴပူေဇာ္ခဲ့ေသးေၾကာင္းသိရပါတယ္။ နန္းဆုဦးရဲ႕ အမာခံပရိသတ္ေတြ၊ we love Nan Su Oo အဖြဲ႕ဝင္ေတြကလည္း နန္းဆုနဲ႔ ေမြးေန႔မွာအတူတူရွိေနခဲ့ျပီး ေပ်ာ္ရႊင္စရာအခ်ိန္ေလးေတြကုိျဖတ္သန္းခဲ့ၾကပါတယ္။

ျမန္မာနုိင္ငံမွာ ရုပ္ရွင္ရိုက္ေတာ့မယ့္ Sinon Loresca



ေျခာက္လက္မေဒါက္ၾကီးေတြနဲ႔ Catwalk ေလွ်ာက္ရျခင္းမွာ ဝါသနာထံုတဲ့ Catwalk ဘုရင္ Sinon ၾကီးကေတာ့ ျမန္မာနုိင္ငံမွာ အခ်ိန္ေတြအၾကာၾကီးေနေနျပီး ေၾကာ္ျငာေတြ commercial ေတြရိုက္္ေနရာကေန အခုေတာ့ ရုပ္ရွင္ပါရို္က္ရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။ Sinon ဟာ အရင္ကတည္းက ပတ္ထရစ္ရွာနဲ႔ အနုပညာအလုပ္ေတြအတူတူလုပ္မယ္လို႔ သတင္းေတြထြက္ေနခဲ့တာျဖစ္ျပီး အခုေတာ့ ျမန္မာရုပ္ရွင္ကားထဲမွာ ျမန္မာပရိသတ္ေတြေရွ႕ကုိေရာက္လာေတာ့မွာပါ။ Sinon ရဲ႕ ပရိသတ္ေတြကေတာ့ေပ်ာ္ရႊင္ေနၾကပါတယ္။

ခ်စ္သူအသစ္ရသြားျပီလို႔သတင္းထြက္ေနတဲ့ Selena Gomez

Justin Bieber ရဲ႕ လက္ထပ္ပြဲအျပီးမွာ Selena ကုိ နည္းနည္းျဖစ္ျဖစ္အသည္းကြဲေနမယ္လို႔ ပရိသတ္ေတြကထင္ခဲ့ၾကေပမယ့္ အရင္ကထက္ပုိလွလာျပီးအလုပ္ေတြအမ်ားၾကီးပုိလုပ္လာတဲ့ Selena က သူငယ္ခ်င္းတစ္ဦးျဖစ္သူ Naill Horan နဲ႔ ခဏခဏလမ္းေတြအတူထြက္ေနျပီး သူငယ္ခ်င္းေတြနဲ႔ေတြ႕တို္င္းလည္း Naill Horan ပါေနတဲ့အျပင္ Naill က Selena နဲ႔အနီးတဝုိက္မွာအသင့္အေနအထားနဲ႔ အားေပးကူညီဖို႔အျမဲရွိေနတာေၾကာင့္ သူတို႔နွစ္ဦးခ်စ္သူေတြျဖစ္ေနၾကျပီလို႔ပရိသတ္ေတြကေဝဖန္ေနၾကပါတယ္။ ေနာက္ဆံုးေတာ့ Selena တစ္ေယာက္ Naill ကုိ ဖရန္႔ဇုန္ထဲက လြတ္ေျမာက္ခြင့္ေပးလိုက္ျပီလား။

ေကအသစ္နဲ႔ အလန္းစားျဖစ္ေနတဲ့ Tom Holland

စပိုုက္ဒါမန္းမင္းသားေလး Tom Holland ဟာဆိုရင္ တစ္ကမၻာလံုးက ပရိသတ္ေတြရဲ႕အခ်စ္ကုိရထားသူေလးျဖစ္ျပီး သူ႔ရဲ႕ ဆံပင္အေခြအလိပ္ေလးေတြကလည္း အခ်စ္ခံရဆံုးထဲမွာပါဝင္ပါတယ္။ဒါေပမယ့္ မၾကာေသးမီကပဲ Tom က Cherry ဆိုတဲ့ သူ႔ရဲ႕ အသစ္ရုိက္မယ့္ War Drama အတြက္ ဆံပင္ကုိ ကတံုးဆံေတာက္ပံုတိုကပ္ေနေအာင္ ညွပ္ခ်လိုက္ပါျပီ။ ဆံပင္အေခြေလးေတြေပ်ာက္ဆံုးသြားလို႔ တစ္ကမၻာလံုးက ဝမ္းနည္းေနၾကေပမယ့္ Tom Holland ဟာ ကတံုးဆံေတာက္ေကနဲ႔ေတာင္ေခ်ာေမာလြန္းေနတယ္ဆိုတာကုိ မျငင္းနိုင္ျပန္ပါဘူး။

အခုေျပာျပသြားတာေတြကေတာ့ တစ္ပတ္အတြင္း ပရိသတ္ခ်စ္တဲ့ဆယ္လီေတြရဲ႕လႈပ္ရွားမႈေတြပဲျဖစ္ပါတယ္။ ေနာက္အပတ္ ေသာၾကာေန႔ေတြမွာလည္း အနုပညာရွင္ေတြရဲ႕တစ္ပတ္အတြင္းလႈပ္ရွားမႈေတြကုိစုစည္းေဖာ္ျပေပးသြားမွာျဖစ္လို႔ေစာင့္ေမွ်ာ္ဖတ္ရႈေပးၾကပါဦး။

Unicode

ပရိသတ်တွေချစ်တဲ့ ဆယ်လီတွေ အနုပညာရှင်တွေရဲ့လှုပ်ရှားမှုတွေကတစ်နေ့တစ်ခြားအသစ်အသစ်တွေအမြဲလိုလိုပေါ်ထွက်နေတာပါ။ ပရိသတ်တွေအနေနဲ့ ကိုယ်နှစ်သက်အားပေးတဲ့ အနုပညာရှင်တွေရဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီအမြဲတမ်း သိရှိနေဖို့ဆိုတာ လွယ်သယောင်နဲ့ခက်တဲ့အထဲမှာပါဝင်ပါတယ်။ ဒါကြောင့်ဒီတစ်ပတ်အတွင်းပရိသတ်ချစ်တဲ့ ဆယ်လီတွေရဲ့လှုပ်ရှားမှုတွေကို ပြောချင်လွန်းလို့မီဒီယာ ကနေ စုစည်းဖော်ပြပေးလိုက်ပါတယ်။

ထိန်သိမ်းခံလိုက်ရပြီးပြန်လွွတ်လာတဲ့ ဖြိုးပြည့်စုံ

ပရိသတ်တွေချစ်တဲ့ ဖြိုးပြည့်စုံဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ညနေပိုင်းမှာ မြန်မာပလာဇာမှာ မူးယစ်ဆေးဝါးတွေလက်ဝယ်တွေ့ရှိမှုနဲ့အထိိန်းသိမ်းခံလိုက်ရပြီး ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာတော့ အဲဒီဆေးဝါးတွေက စတိုးဆိုင်တွေမှာဝယ်လို့ရတဲ့ Play more ချိုချဉ်တွေဆိုတာကိုသိရပြီးနောက် ထိန်းသိမ်းခံရတာကနေ ပြန်လည်လွတ်မြောက်လာကြောင်းသိရပါတယ်။ ဖြိုးပြည့်စုံသတင်းစတင်ထွက်လာကတည်းက ပရိသတ်တွေကရော အနုပညာမောင်နှမတွေများစွာကပါ ဖြိုးပြည့်စုံဘက်က ရပ်တည်ပြီးဝိုင်းဝန်းအားပေးခဲ့ကြသလို အခုလို ချိုချဉ်မှန်းသိပြီး ထိန်းသိမ်းမှုကနေလွတ်ကင်းသွားတော့လည်း အားလုံးဝမ်းသာခဲ့ကြရပါတယ်။

မွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းခဲ့တဲ့ နန်းဆုဦး

သရုပ်ဆောင်နန်းဆုဦးရဲ့ မွေးနေ့အလှူအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလ ငါးရက်နေ့က ရန်ကုန်ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှာ မုန့်နဲ့ အအေးတွေလှူဒါန်းခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင်ဘုရားမှာလည်းဆီမီးတစ်ထောင်ကပ်လှူပူဇော်ခဲ့သေးကြောင်းသိရပါတယ်။ နန်းဆုဦးရဲ့ အမာခံပရိသတ်တွေ၊ we love Nan Su Oo အဖွဲ့ဝင်တွေကလည်း နန်းဆုနဲ့ မွေးနေ့မှာအတူတူရှိနေခဲ့ပြီး ပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ရုပ်ရှင်ရိုက်တော့မယ့် Sinon Loresca

ခြောက်လက်မဒေါက်ကြီးတွေနဲ့ Catwalk လျှောက်ရခြင်းမှာ ဝါသနာထုံတဲ့ Catwalk ဘုရင် Sinon ကြီးကတော့ မြန်မာနိုင်ငံမှာ အချိန်တွေအကြာကြီးနေနေပြီး ကြော်ငြာတွေ commercial တွေရိုက််နေရာကနေ အခုတော့ ရုပ်ရှင်ပါရို်က်ရတော့မှာဖြစ်ကြောင်းသိရပါတယ်။ Sinon ဟာ အရင်ကတည်းက ပတ်ထရစ်ရှာနဲ့ အနုပညာအလုပ်တွေအတူတူလုပ်မယ်လို့ သတင်းတွေထွက်နေခဲ့တာဖြစ်ပြီး အခုတော့ မြန်မာရုပ်ရှင်ကားထဲမှာ မြန်မာပရိသတ်တွေရှေ့ကိုရောက်လာတော့မှာပါ။ Sinon ရဲ့ ပရိသတ်တွေကတော့ပျော်ရွှင်နေကြပါတယ်။

ချစ်သူအသစ်ရသွားပြီလို့သတင်းထွက်နေတဲ့ Selena Gomez

Justin Bieber ရဲ့ လက်ထပ်ပွဲအပြီးမှာ Selena ကို နည်းနည်းဖြစ်ဖြစ်အသည်းကွဲနေမယ်လို့ ပရိသတ်တွေကထင်ခဲ့ကြပေမယ့် အရင်ကထက်ပိုလှလာပြီးအလုပ်တွေအများကြီးပိုလုပ်လာတဲ့ Selena က သူငယ်ချင်းတစ်ဦးဖြစ်သူ Naill Horan နဲ့ ခဏခဏလမ်းတွေအတူထွက်နေပြီး သူငယ်ချင်းတွေနဲ့တွေ့တို်င်းလည်း Naill Horan ပါနေတဲ့အပြင် Naill က Selena နဲ့အနီးတဝိုက်မှာအသင့်အနေအထားနဲ့ အားပေးကူညီဖို့အမြဲရှိနေတာကြောင့် သူတို့နှစ်ဦးချစ်သူတွေဖြစ်နေကြပြီလို့ပရိသတ်တွေကဝေဖန်နေကြပါတယ်။ နောက်ဆုံးတော့ Selena တစ်ယောက် Naill ကို ဖရန့်ဇုန်ထဲက လွတ်မြောက်ခွင့်ပေးလိုက်ပြီလား။

ကေအသစ်နဲ့ အလန်းစားဖြစ်နေတဲ့ Tom Holland

စပိုုက်ဒါမန်းမင်းသားလေး Tom Holland ဟာဆိုရင် တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့အချစ်ကိုရထားသူလေးဖြစ်ပြီး သူ့ရဲ့ ဆံပင်အခွေအလိပ်လေးတွေကလည်း အချစ်ခံရဆုံးထဲမှာပါဝင်ပါတယ်။ဒါပေမယ့် မကြာသေးမီကပဲ Tom က Cherry ဆိုတဲ့ သူ့ရဲ့ အသစ်ရိုက်မယ့် War Drama အတွက် ဆံပင်ကို ကတုံးဆံတောက်ပုံတိုကပ်နေအောင် ညှပ်ချလိုက်ပါပြီ။ ဆံပင်အခွေလေးတွေပျောက်ဆုံးသွားလို့ တစ်ကမ္ဘာလုံးက ဝမ်းနည်းနေကြပေမယ့် Tom Holland ဟာ ကတုံးဆံတောက်ကေနဲ့တောင်ချောမောလွန်းနေတယ်ဆိုတာကို မငြင်းနိုင်ပြန်ပါဘူး။

အခုပြောပြသွားတာတွေကတော့ တစ်ပတ်အတွင်း ပရိသတ်ချစ်တဲ့ဆယ်လီတွေရဲ့လှုပ်ရှားမှုတွေပဲဖြစ်ပါတယ်။ နောက်အပတ် သောကြာနေ့တွေမှာလည်း အနုပညာရှင်တွေရဲ့တစ်ပတ်အတွင်းလှုပ်ရှားမှုတွေကိုစုစည်းဖော်ပြပေးသွားမှာဖြစ်လို့စောင့်မျှော်ဖတ်ရှုပေးကြပါဦး။