ဒီထက်နာမည်ကြီးချင်ရင် ရှန်ဂရီလာပေါ်ကနေ ခုန်ချမှရမယ်ဆိုတဲ့ သုသု

0
35

LGBT လောကမှာ နာမည်ရနေတဲ့ မိတ်ကပ်ပညာရှင်တွေကတော့ ရုပ်ရှင်လောကထိတောင် ခြေလှမ်းလာခဲ့ပါပြီ။ မကြီးစန်းက အရင်ဆုံး အစပျိုးခဲ့တဲ့ ရုပ်ရှင်ပိုးက နောက်ပိုင်း သုသု ၊ လင်းလင်းနဲ့ မထက်တို့ထိ ပါလာခဲ့ပါတယ်။ မြင့်မြတ်နဲ့ တွဲဖက်ပြီး ဇာတ်ကားရိုက်ဖို့ ပြင်ဆင်ကြတဲ့ အကြောင်းတွေကို ညီညီမောင် စမ်းချောင်း (သုသု) က ခုလို ပြောပြသွားပါတယ်။

“ဒီကားကို ရိုက်တယ်ဆိုတာက အဓိကက ငွေကြေးအတိုင်းအတာ တစ်ခုအတွက် မှတ်တိုင်တစ်ခုအတွက် အသက် ၃၆ နှစ်အရွယ် မိတ်ကပ်ပညာရှင်တစ်ယောက်က ရုပ်ရှင်ရိုက်ဖူးတယ် ဆိုတာမျိုး။ အဓိကက သုသုတို့ အခြောက်တွေ LGBT တွေအတွက် ကိုယ်တွေက ပြီးသွားပြီလေ။ ဒီ့ထက်ပို နာမည်ကြီးချင်ရင်လည်း ရှန်ဂရီလာပေါ်တက်ပြီး မိတ်ကပ်သေတ္တာနှစ်လုံးကိုင်ပြီး ခုန်ချမှပဲရမယ်။ မကျန်တော့ဘူးလေ။ ထိပ်ဆုံးတွေလည်း ရောက်နေပြီဆိုတော့ နောက်တက်တဲ့ ကလေးတွေဆို အရမ်းလှကြတယ်။ သူတို့ကို နေရာရစေချင်တယ်။ မိန်းကလျာ ကာရိုက်တာကို မိန်းမလျာအစစ်တွေ ရိုက်ခွင့်ရစေချင်တဲ့အတွက် ကိုယ်တွေက လမ်းဖောက်သူ ဖြစ်ချင်တယ်။ အဲ့အတွက်ကြောင့် ရိုက်ဖြစ်တာပါ။

LGBT တွေ ကို လူတွေအမြင်မှာ လှောင်စရာ ပြောင်စရာကြီး မဖြစ်စေဖို့မကြီးကတော့ သေချာလေး ဂရုစိုက်ခိုင်းတယ်။ တကယ်တမ်းကျတော့ သုသုတို့ ရိုက်တဲ့အချိန်မှာ အရမ်း ပျော်ဖို့ကောင်းတယ်။ တကယ်ရိုက်နေရင်းနဲ့ကို ခွက်ထိုးခွက်လန် ရယ်ကြတယ်။ ပေါင်မှာဆို အညိုမည်းကွက်တွေ ချည်းပဲ။ လင်းလင်းနဲ့ သုသုနှစ်ယောက် ရယ်လွန်းအားကြီးလို့ လှည့်လှည့်ပြီး ပေါင်တွေဆွဲစိတ်ရတာ။

ကိုပြည့်ဟိန်းသီဟရဲ့ အနုပညာစွမ်းအားပေါ့နော်။ သူက အနုပညာ ဟာသမှာ မှော်ရှိပြီးသား လူတစ်ယောက်။ ကိုယ်လည်းမသိဘူး။ ရိုက်တော့မှသာ အဲ့လိုပိုင်းမှာ တော်တော် ကျွမ်းကျင်ပါလားဆိုပြီး သုသုတို့ကိုဆို scene ပေါ်ရောက်မှ ဒိုင်ယာလော့ခ်တွေချပေးပြီး အဆင်ပြေအောင် ဖန်တီးပေးတယ်။ ရှုတင်ပြန်တဲ့ ပထမဆုံးနေ့မှာ ထိုင်ကန်တော့ခဲ့တယ်။ ဒီ အတွက်ကို အရမ်းကြီး stress တွေဝင်နေတာ။ အကိုလုပ်ပေးလို့ အဆင်ပြေသွားတယ်။ ကျေးဇူးတွေတင်ပြီး နောက်ကားဆိုရင်တောင် ရိုက်ချင်သွားတယ်။ ပိုးဝင်လာတာ။” ဆိုပြီး ပြောပြသွားပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးကရော သုသုတို့ ရုပ်ရှင်ထွက်ရင် အားပေးမှာလား