ဒီးဒီရဲ့ မင်္ဂလာပွဲမှာ အပြတ်ကဲနေတဲ့ ခိုင်သင်းကြည်ရဲ့ ဗီဒီယိုဖိုင်




Unicode

မတ်လ ၁၂ ရက်နေ့ က ကျင်းပခဲ့တဲ့ ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ရဲ့ မင်္ဂလာပွဲကို အနုပညာရှင်မောင်နှမတွေ စုံစုံလင်လင် တက်ရောက်ခဲ့ကြပါတယ်။ အားလုံး ပျော်ပျော်ရွှင်ရွှင် နဲ့ Dinner ကို ဖြတ်သန်းနေကြတာ ဖြစ်ပေမယ့် အားလုံးထဲမှာ အပြတ်ကဲနေတာကတော့ ခိုင်သင်းကြည်ပါ။

အားလုံး ပျော်ရွှင်ကခုန်နေကြတဲ့ထဲမှာ သူမကတော့ အမြူးဆုံး အပျော်ဆုံး ဖြစ်နေတယ်လို့ ဆိုရမှာပါပဲ။ အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မခိုင်လေး တစ်ယောက် ချစ်ရတဲ့ ညီမလေး ရဲ့ မင်္ဂလာပွဲမှာ တခြား အနုပညာရှင်တွေနဲ့ အတူ လွတ်လွတ်လပ်လပ်ပျော်ရွှင်နေတာပါ။ အခြား နာမည်ကြီး သရုပ်ဆောာင်မင်းသမီးတွေလည်း သူမနားမှာ ရှိနေခဲ့ပြီး သူမရဲ့ သမီးလေး ဖြစ်တဲ့ စံထိပ်ထားဦးလည်း ရှိနေပါတယ်။

အဆိုပါ ဗီဒီယိုတွေကိုတော့ ပြန်လည် ဖြန့်ဝေသူတွေရော မျှဝေသူတွေပါ ရှိနေခဲ့ပြီး ခိုင်သင်းကြည်ရဲ့ ကကွက်တွေကို အားလုံးက သဘောကျ ရယ်မောနေကြတာပါ။ ခိုင်သင်းကြည်ဟာ အနုပညာ အလုပ်တွေလည်း ဆက်တိုက် လုပ်နေရင်း အခု အချိန်မှာဆိုရင်တော့ သူမရဲ့ သမီးလေး စံထိပ်ထားဦးနဲ့ပါ အနုပညာအလုပ်တွေ တွဲဖက် လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။