နတ်ပြည်ရောက်နေသလို ခံစားရစေမယ့် ထူးထူးဆန်းဆန်း ဟိုတယ်တွေ

0
56

စိတ်အပန်းဖြေဖို့ ခရီးထွက်တယ်ဆိုတာဟာ သွားမယ့်နေရာရဲ့ ထူးခြားတဲ့နေရာတွေ၊ ရှုခင်းတွေကသာ အရေးပါတာမဟုတ်ဘဲ ကိုယ်နေထိုင်မယ့် တည်းခိုစရာ နေရာဟာလည်း စိတ်အပန်းပြေဖို့ အရေးကြီးလှပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ကမ္ဘာတဝန်းက စိတ်လက်ကြည်နူးဖွယ် ထူးထူးခြားခြား ဟိုတယ်လေးတွေကို တင်ဆက်ပေးပါရစေ။

၁. အေးစက်တဲ့ ရာသီဥတု၊ နှင်းနဲ့ ရေခဲတွေကို သဘောကျရင်တော့ ဆွီဒင်နိုင်ငံရဲ့ နာမည်ကျော် ရေခဲဟိုတယ်တွေဟာ သင့်အကြိုက်ဖြစ်မှာပါ။ ဒီဟိုတယ်တွေကို ဆောင်းရာသီရောက်တိုင်း ရေခဲတွေနဲ့ အသစ် ပြန်တည်ဆောက်ရပါတယ်။ သောက်ရတဲ့ရေခွက်တောင်မှ ရေခဲတုံးကို ရှင်းလင်းစွာ ထွင်းထုထားတဲ့ ရေခဲဖန်ခွက်နဲ့ ဖြစ်ပါတယ်။ ဒီချိန်မှာ လက်ထပ်ချင်သူတွေအတွက်လည်း ရေခဲနဲ့သက်သက် တည်ဆောက်ထားတဲ့ ခရစ်ယာန် ဘုရားကျောင်းတစ်ခုတောင် ရှိပါသေးတယ်။

၂. ဟိုတယ်တွေရဲ့ ဆွဲဆောင်မှုထဲမှာ မြင်ကွင်းတွေလည်း အဓိကပါတယ်လို့ ခံယူထားသူတွေအတွက်တော့ တန်ဇန်းနီးယားမှာ ရှိတဲ့ မန်တာ အပန်းဖြေဟိုတယ်ဟာ ဆွဲဆောင်အားအရှိဆုံး ဟိုတယ်တစ်ခု ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ ထူးခြားတဲ့ ဆွဲဆောင်ချက်က ပင်လယ်ရေသတ္တဝါတွေရဲ့ သဘာဝအတိုင်း လှုပ်ရှားနေထိုင်မှုကို ကြည်လင်လှပတဲ့ ပင်လယ်ရေထဲမှာ အနီးကပ် ကြည့်ရှုနိုင်တဲ့ အခန်းတွေ ရှိတာပါပဲ။

၃. ဆွီဒင်နိုင်ငံဟာ ထူးခြားတဲ့ ဓလေ့ရှိတဲ့ နိုင်ငံတစ်ခု ဖြစ်သလို ဟိုတယ်နဲ့ခရီးသွားလာရေးမှာလည်း အလွန် ခေတ်ရှေ့ပြေးပြီး ငွေရှာတတ်တဲ့ နိုင်ငံပါ။ သူတို့နိုင်ငံက ဆာလာ ငွေသတ္တုမိုင်းတွင်းထဲမှာတောင် အပန်းဖြေစခန်း တည်ဆောက်ထားပြီး သမိုင်းဝင်ငွေသတ္တုမိုင်းတွင်းကြီးထဲမှာ တည်းခိုလိုသူဟာ မြေအောက်အနက် ၁၅၅ မီတာမှာ ရှိနေတဲ့ ဟိုတယ်ခန်းလေးထဲ နားအေးပါးအေး အနားယူနိုင်မှာပါ။ ဒီလောက်အနက်ကြီးဆိုတော့ ဆယ်လူလာ ဆက်သွယ်မှု မရနိုင်ဘဲ စိတ်အေးလက်အေး အနားယူနိုင်တယ်။

၎. တောင်အမေရိကန်နိုင်ငံတစ်ခုဖြစ်တဲ့ ပီရူးမှာလည်း ထူးထူးခြားခြား ငွေရှာနိုင်တဲ့ ဟိုတယ်ရှိပါတယ်။ အဲ့ဒါကတော့ Skylodge Adventure Suite လို့ခေါ်တဲ့ တောင်နံဘေးမှာ တွဲလောင်းကပ်ဆောက်ထားတဲ့ အဆင့်မြင့်ဟိုတယ် အခန်းတွေပါ။ အမြင့်ကြောက်တဲ့သူတွေတောင် သွားတည်းခိုသင့်လောက်အောင် လှပဆန်းသစ်တဲ့ ဟိုတယ်ဖြစ်ပါတယ်။ မြေပြင်မှအမြင့်မီတာ ၄၄၀ ကျော်မှာ ချိတ်ဆွဲထားတဲ့ ပတ်လည်ကို ဖောက်မြင်နိုင်တဲ့ ဟိုတယ်ခန်းကနေ ပီရူးရဲ့ မြင့်မြတ်တဲ့တောင်ကြားဒေသကို ကြည့်ရှုနိုင်တယ်။

၅. Aquaman ရုပ်ရှင်ကို ကြည့်ပြီးပြီလား? အတ္တလန်တိတ်မြို့တော်လို ရေအောက်မှာ နေထိုင်ချင်စိတ် ပေါက်သွားလား? ဒါဆိုရင်တော့ မော်လ်ဒိုက်မှာရှိတဲ့ ကွန်းရက်မော်လ်ဒိုက်ရန်ဂါလီကျွန်း ရေအောက်ဟိုတယ်မှာ သွားတည်းသင့်ပါတယ်။ သူ့ရဲ့အဓိကဆွဲဆောင်မှုက မြင်တဲ့အတိုင်း ရေအောက်မှာ ဖန်အမိုးအကာနဲ့ ဆောက်ထားတဲ့ အခန်းလေးပါပဲ။

၆. ဒီတစ်ခုကတော့ ပြောချင်လွန်းလို့ တို့ရဲ့ အမိမြေနဲ့ သိပ်မဝေးလှပါဘူး။ အင်ဒိုနီးရှား၊ ဘာလီမှာရှိတဲ့ မိုးပျံဥယျာဉ်အပန်းဖြေဟိုတယ်ပါပဲ။ သဘာဝတရားရဲ့အလှကိုချစ်မြတ်နိုးသူတွေနဲ့ ဓါတ်ပုံလှလှရိုက်လိုသူတွေ အတွက် အပြည့်စုံဆုံးနေရာ ဖြစ်မှာပါ။

ပြောချင်လွန်းလို့ တို့ရော ဖော်ပြခဲ့တဲ့ ဟိုတယ်တွေထဲမှာ ဘယ်ကို အသွားချင်ဆုံးလဲ?