နန်းဆုကို ရိုလွန်းတဲ့စာလေးနဲ့ surprise လုပ်လိုက်တဲ့ G Fatt

0
141

G Fatt နဲ့ နန်းဆုဟာဆိုရင် တဖြည်းဖြည်းနဲ့ အရမ်းကိုရိုပြီးအရမ်းကိုချစ်ဖို့ကောင်းတဲ့ idol couple လေးအဖြစ် ပရိသတ်တွေရဲ့အချစ်တွေကို အပိုင်ရထားသူလေးတွေဖြစ်ပါတယ်။ နဂိုကတည်းက အရမ်းကဗျာဆန်တဲ့ G Fatt နဲ့ချစ်သူကိုအရိပ်တကြည့်ကြည့်မြတ်နိုးနေတတ်တဲ့ နန်းဆုတို့နှစ်ယောက်က တကယ်ကိုလိုက်ဖက်လွန်းတဲ့စုံတွဲလေးဖြစ်ပြီး ရန်တွေဖြစ်ကြရင်တောင် ခဏနဲ့ပြန်တည့်သွားတတ်တဲ့ သံယောဇဉ်ကြီးလွန်းတဲ့ချစ်သူတွေပါ။ ချစ်သူလေးကို အမျိုးမျိုးရင်ခုန်အောင်လုပ်တတ်တဲ့ G Fatt က ဒီတစ်ခါလည်း နန်းဆုကို အချစ်တွေတိုးအောင်ပြုစားလိုက်ပြန်ပါပြီ။

နန်းဆုနဲ့ G Fatt ဟာ မခွဲနိုင်မခွာရက်အောင်ချစ်ကြတဲ့ချစ်သူတွေဖြစ်လို့ နှစ်ယောက်စလုံးက အလုပ်ကိစ္စတွေနဲ့ခရီးတွေထွက်ကြရင်တောင် အတူတူထွက်လေ့ရှိကြတာ ပရိသတ်တွေလည်းသတိထားမိကြမှာပါ။ ဒါပေမယ့်အလုပ်များတဲ့သူတွေဖြစ်တဲ့အလျောက် ခရီးထွက်ရတဲ့ နေရာတွေကလည်း အမြဲတမ်းတော့မတူနိုင်ပါဘူး။ G Fatt က သူတစ်ယောက်တည်းခရီးထွက်ရမယ့်အချိန်မှာ ခရီးမသွားခင် ချစ်သူလေးကိုနှုတ်ဆက်ဖို့နန်းဆုတို့အိမ်ကိုဝင်လာခဲ့ပါတယ်တဲ့။

ဒါပေမယ့် နန်းဆုက အိပ်ပျော်နေခဲ့တယ်လို့ဆိုပါတယ်။ အဲဒါနဲ့ပဲ G Fatt က အိပ်ပျော်နေတဲ့ချစ်သူလေးကိုမနှိုးရက်လို့ အရမ်းကိုချစ်ဖို့ကောင်းတဲ့စာတစ်စောင်ရေးပြီးထားခဲ့ပါတယ်။ စာထဲမှာက “ချစ်ဆုံးရေ လိမ်လိမ်မာမာနေပါ သဲလေးလက်ဆောင်ဝယ်ခဲ့မယ်။ ကယားအကျီင်္လှလှလေးပေါ့။အာဘွား”ဆိုပြီး ချစ်ဖို့ကောင်းစွာရေးထားခဲ့တာပါ။ အိပ်ရာထထချင်းကိုယ့်ချစ်သူရဲ့လက်ရေးစာလေးကို တွေ့လိုက်ရတဲ့ နန်းဆုကလည်း အရမ်းပျော်သွားပြီး သူမရဲ့ My Day မှာ ဓာတ်ပုံလေးနဲ့ “မနက်အစောကြီး သူလေဆိပ်မသွားခင် ကိုယ့်အိမ်ဝင်သွားတယ်။ ကိုယ်အိပ်နေလို့ မနှိုးရက်လို့ စာလေးထားသွားတယ်။ ဟီး ချစ်လိုက်တာ”လို့ ကြည်နူးစွာရေးထားတာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော..နန်းဆုနဲ့ G Fatt လို ကိုယ့်ကိုအရမ်းချစ်တဲ့ ချစ်သူလေးရထားပြီလား။ ဒါမှမဟုတ် အရင်လိုပဲ FA ဖြစ်တုန်းလား။ နန်းဆုနဲ့ G Fatt တို့အတူတူလက်တွဲလုပ်ထားတဲ့ အနုပညာလက်ရာတွေထွက်လာရင်ရောအားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say