နာမည်ကျော်ဆယ်လီတွေရဲ့ ပေါက်တက်ကရအနိုင်ဆုံး လေလံပစ္စည်းများ

0
78

လုပ်လိုက်မှဖြင့် အထူးအဆန်းတွေကြီး ဆိုသလိုပါပဲ။ တကယ့် ကမ္ဘာကျော်ဆယ်လီတွေရဲ့ လုပ်ရပ်အဆန်းကြီးတွေကို ကြည့်လိုက်ရအောင်။ ဒီတခါဖော်ပြပေးချင်တာကတော့ သူတို့တွေရဲ့ ပေါက်ကရအနိုင်ဆုံးလေလံပစ္စည်းတွေအကြောင်းပဲ ဖြစ်ပါတယ်။

ဂျိုလီ ရဲ့ ဝင်သက်ထွက်သက်

Mr. and Mrs Smith ဇာတ်ကားအတွက် ပွဲဦးထွက်တင်ဆက်တော့ ဂျိုလီတို့စုံတွဲ ကော်ဇောနီအပေါ် ကျော့ကျော့မော့မော့ လျှောက်နေချိန်မှာ ပရိသတ်တစ်ယောက်က အသင့်စောင့်ဆိုင်းနေပါတယ်။ သူ့မှာပါလာတာက ကင်မရာတွေ၊ ဘောပင်တွေမဟုတ်ဘဲ ဖန်ပုလင်းအလွတ်လေးတစ်လုံးပါ။ ဒီပရိသတ်က ဂျိုလီတို့ အနားကပ်ပြီး သူတို့စုံတွဲရှူထုတ်လိုက်တဲ့ လေကို ပုလင်းဖမ်းသိမ်းထားတယ်ဆိုပြီး အီဘေးမှာ လေလံတင်ခဲ့ရာမှာ ဒေါ်လာ ၅၃၀ ရခဲ့ပါသတဲ့ဗျား။

ဂျေဒီဆလင်းဂျားရဲ့ အိမ်သာစစ်စစ်

ဆရာမြသန်းတင့် ဘာသာပြန်တဲ့ လေလွင့်လူ ရဲ့ မူရင်းစာရေးဆရာပါ။ ရစ်ခိုးလ်ဆိုသူက “ဒီမှာကြည့် အိမ်သာတောင်မဆေးထားဘူး” လို့ကြေငြာပြီး ဆလင်းဂျားရဲ့ အိမ်သာစစ်စစ်ကို အီဘေးမှာ ဒေါ်လာ တစ်သန်းနဲ့ လေလံတင်ရောင်းပါတယ်။ အခုထိ ရောင်းရ မရောင်းရ မသိရပုံထောက်တော့ ဘယ်သူမှ လာမဝယ်တဲ့ပုံပါပဲ။

ဝှီတန်ရဲ့ ပိန်ပေါင်ဘောလုံးအချိုင့်

Star Trek ထဲက ကလေးသရုပ်ဆောင်လေး ဝှီတန်ပါ။ သူ့ဂိုထောင်အဟောင်းထဲ ပိန်ပေါင်ဘောလုံးအစုတ်လေးကို တွေ့ပြီး ဘောလုံးကို Sillas လို့နာမည်ပေး၊ တွစ်တာတင်လိုက်တော့ လူတွေကဘာတွေသဘောကျတယ်မသိ၊ အရောင်းစာရင်းလည်းတင်လိုက်ရော လေဒီကြီးတစ်ယောက်က ဒေါ်လာ ၁၁၃၅ နဲ့ ဝယ်သွားလေရဲ့။

သမ္မတ ရော်နယ်ရီဂင်ရဲ့ သွေး

သမ္မတ ရီဂင် ၁၉၈၁ မှာ လုပ်ကြံခံရတုန်းက ဆေးရုံတက်ရင်း ဆေးရုံဝန်ထမ်းတစ်ယောက်က သမ္မတရဲ့ သွေးကို သိမ်းယူထားပြီး ဘိုးစဉ်ဘောင်ဆက်အမွေဖြစ်လာအောင် ကြံစည်ခဲ့ဖူးတယ်။ အီးဘေးမှာ လေလံပစ်တဲ့အခါ အမေရိကန်ဒေါ်လာ တစ်သောင်းသာ ရခဲ့ပြီး သမ္မတကြီးရဲ့ ဖောင်ဒေးရှင်းကိုပဲ ပြန်လှူခဲ့ပါတယ်။

One Direction အဆိုတော်လေး ကိုက်ထားတဲ့ ပေါင်မုန်ု့

One Direction တို့ သြဇီကိုရောက်တုန်းက အဆိုတော် Horan လုပ်ဖူးတာတစ်ခုရှိတယ်။ ပေါင်မုန့်အသိုးတစ်ချပ်ကို ကိုက်မိပြီး ထွီခနဲ အမှိုက်ပုံးထဲ ထွေးထုတ်လိုက်ပါတယ်။ သူကိုက်ပြီးကျန်တဲ့ ပေါင်မုန့်အသိုးကို လေလံတင်ရောင်းချတဲ့အခါ ဒေါ်လာ ၉၉၀၀၀ ရခဲ့ပါသတဲ့လေ။

စကားလက်ဂျိုဟန်ဆင်ရဲ့ နှာချေးတစ်ရှူး

ရှိုးတစ်ခုမှာ စကားလက်က နှာစေးပြီး တစ်ရှူးနဲ့ နှာ၂ခါ ချေပါတယ်။ တစ်ရှူးထဲ နှာချေးတွေဗရပွနဲ့ပေါ့။ အဲ့ဒီတစ်ရှူးကို သူ့လက်မှတ်ထိုးပြီး ရောင်းချတဲ့အခါ ဒေါ်လာ ၅၃၀၀ ရပြီး လူမှုရေးအကျိုးပြုလုပ်ငန်းတွေမှာ လှူဒါန်းခဲ့ပါသတဲ့။

အင်္ဂလန်ဘုရင်မကြီးရဲ့ ဇာပန်းထိုး ပင်တီ

ဘုရင်မကြီး ၁၉၆၈ တုန်းက ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးထွက်တော့ လေယာဉ်ပေါ် ပင်တီကျန်ခဲ့တော့ သူ့ရဲ့ အရာခံတစ်ယောက်ကို ယူထားဖို့ ပေးလိုက်ပါတယ်။ အရာခံက ၂၀၁၀မှာ ဆုံးသွားတော့ ပင်တီ ကို လေလံတင်ခဲ့တာ ဒေါ်လာ ၁၈၀၀၀ ရခဲ့ဖူးပါတယ်။

မွန်ရိုးရဲ့ ဓာတ်မှန်

၁၉၅၄ ခုနှစ်၊ မွန်ရိုး ၂၈ နှစ်အရွယ်မှာ ရိုက်ထားတာ ဓာတ်မှန်ပါ။ ဒေါ်လာလေးသောင်းခွဲနဲ့ ရောင်းထွက်သွားပါတယ်။

ဘရစ်တနီစပီးယားရဲ့ ကိုယ်ဝန်စမ်းစက်

သူမရဲ့ ဝားတဲ့ ပီကေ ကို အီဘေးမှာပဲ ဒေါ်လာ ၁၄၀၀၀ နဲ့ ရောင်းချခဲ့ရဖူးပါတယ်။ သူမနဲ့ အရင်ခင်ပွန်းဟောင်း ကယ်ဗင်တို့ ဟိုတယ်တစ်ခုမှာ နေတော့ ကိုယ်ဝန်စမ်းပြီး အမှိုက်ပုံးထဲ ပစ်ထားခဲ့ပါတယ်။ ဒါကို လေလံတင်တော့ ဒေါ်လာ ၅၀၀၀ ရပြီး အလှူလုပ်ခဲ့ပါတယ်။ ဘရစ်တနီလည်း တကယ်ကိုယ်ဝန်ရသွားခဲ့ပါတယ်။

ဝီလျံရှက်နာ နဲ့ ဆီးကျောက်

Star Trek ရုပ်ရှင် မင်းသားဟာ သူရဲ့ ဆီးကျောက်ကြီးကို လေလံတင်တော့ ဒေါ်လာ ၂သောင်းခွဲရခဲ့ပါတယ်။