နာမည်ကျော် ပုဂ္ဂိုလ်တွေ တွေရဲ့ နာမည်မကြီးခင်တုန်းက ရှားပါးပုံများ

0
46













Unicode

မင်းသား Robin Williams ရဲ့ 1969 ခုနှစ်က ပုံဖြစ်ပါတယ်။သူဟာ အဲ့အချိန်တုန်းက အသက် 19 နှစ်သာ ရှိသေးပြီး ဘေ့စ်ဘောကို စိတ်ဝင်စားတဲ့ ကောင်လေးဖြစ်ပါတယ်။

ဒါကတော့ Barack Obama ငယ်ငယ်တုန်းက ပုံဖြစ်ပါတယ်။သူဟာ သူ့အဖိုးနဲ့ ကမ်းခြေမှာ ဆော့နေတာဖြစ်ပါတယ်။နောက်ကကောင်လေးကတော့ တုတ်ချောင်းကိုင်ပြီး ဘယ်သူ့ကို ပစ်ဖို့လဲ မသိပါဘူး။

ဒီအဖြူအမဲနဲ့ ပုံကတော့ ကျွန်တော်တို့ ဟီးရိုးကြီး မစ္စတာဘင်း ပါဝင်တာဖြစ်ပါတယ်။ Young Hugh Laurie, Rowan Atkinson(မစ္စတာဘင်း), Tony Slattery, Stephen Fry, Penny Dwyer, Emma Thompson နဲ့ Paul Shearer တို့ပုံဖြစ်ပြီး မစ္စတာဘင်းကို Perrier Comedy Awards ဆုပေးနေခြင်းဖြစ်ပါတယ်။

Kurt Cobain ဟာ အဲ့အချိန်တုန်းက အသက် 26 နှစ်သာ ရှိသေးတာဖြစ်ပါတယ်။သူ့သမီးဖြစ်သူ Frances နဲ့ ပုံဖြစ်ပြီး 1993 ခုနှစ်က ရိုက်ခဲ့တာဖြစ်ပါတယ်ဒီချစ်စဖွယ်ကောင်မလေးဟာ ငယ်သေးသလို သူ့ဖခင်နဲ့ ကြာရှည်စွာ နေခွင့်မရခဲ့တဲ့ ဝမ်းနည်းဖွယ်ပုံလေးဖြစ်ပါတယ်။ Kurt ဟာ အဲ့အချိန်တုန်းက အောင်မြင်နေပြီဖြစ်ပါတယ်။

Tobey Maguire နဲ့ Leonardo DiCaprio တို့ ငယ်ငယ်တုန်းက ပုံဖြစ်ပါတယ်။သူတို့ဟာ ငယ်ငယ်ထဲက သူငယ်ချင်းဖြစ်ပြီးတော့ ဒါဟာ 1990 အစောပိုင်းက ပုံဖြစ်ပါတယ်။အခုတော့ သူတို့ဟာ အောင်မြင်လွန်းတဲ့ မင်းသားတွေ အသီးသီးဖြစ်ခဲ့ပါပြီ.။

Helena Bonham Carter ရဲ့ အသက် 20 တုန်းကပုံဖြစ်ပြီး သူဟာ အဲ့အချိန်တုန်းက ချစ်စဖွယ်ကောင်မလေးဖြစ်ပါတယ်။ဒီပုံကို 1986 ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒါကတော့ သိုင်းဘုရင် မင်းသားကြီး Bruce Lee ရဲ့ 1970 တုန်းက ပုံဖြစ်ပါတယ်။သူဟာ အဲ့အချိန်တုန်းက ရုပ်ရှင်မရိုက်သေးပါဘူး။ဒါပေမယ့် စတိုင်ကတော့ အမိုက်စားဖြစ်ပြီး 70 အစောပိုင်းက ခေါင်းလောင်းဘောင်းဘီတွေ ဝတ်ထားတာဖြစ်ပါတယ်။

Marilyn Monroe ရဲ့ လေ့ကျင့်ခန်းယူနေတဲ့ ပုံဖြစ်ပါတယ်။သူမဟာ အဲ့အချိန်တုန်းက 26 နှစ်သာ ရှိသေးတာဖြစ်ပြီး တကယ့်ကို ချောမောတဲ့ မွန်ရိုးဖြစ်ပါတယ်။

ဒီကောင်မလေးကတော့ အသက် 7 နှစ်အရွယ်သာ ရှိသေးတဲ့ Barrymore ဖြစ်ပြီးတော့ မင်းသမီး ဒိုင်ယာနာကို ပန်းစည်းပေးနေတာဖြစ်ပါတယ်။နောက်ကတော့ Robert Macnaughton နဲ့ နာမည်ကျော် ဒါရိုက်တာကြီး Steven SpielBerg တို့ဖြစ်ပါတယ်။

Maggie Smith ရဲ့ ငယ်စဉ်က ပုံဖြစ်ပြီး 1960 နဲ့ 1970 ကာလတွေမှာ ရိုက်ခဲ့တာဖြစ်ပါတယ်။သူမဟာ အဲ့အချိန်တုန်းက အောင်မြင်နေပြီဖြစ်ပါတယ်။

ဒါကတော့ ဘယ်သူမှမထင်ထားတဲ့ မင်းသားကြီး Harrison Ford ဖြစ်ပြီး သူဟာ စမတ်ကျ ချောမောတဲ့ ငယ်စဉ်က ပုံဖြစ်ပါတယ်။ဒီပုံရိုက်တုန်းက သူ့အသက် 36 နှစ်ဖြစ်ပြီး 1978 ခုနှစ်က ဖြစ်ပါတယ်။

George Clooney တို့ မိသားစုပုံဖြစ်ပြီး သူဟာ အဲ့အချိန်တုန်းက အသက် 7 နှစ်သာ ရှိသေးတာဖြစ်ပါတယ်။ဒါဟာ 1968 ခုနှစ်က ပုံဖြစ်ပြီး ချစ်စဖွယ် မိသားစုလေးဖြစ်ပါတယ်။