နာမည်ကျော် Xiaomi ကုမ္ပဏီ တည်ထောင်သူ Lei Jun အကြောင်း
0
58
#pMk ( Cant W8 2 Say )
Unicode
ပြောချင်လွန်းလို့ကနေ တစ်ဆင့် ပြောပြပေးချင်တာကတော့ Steve Job လက်သစ်လို့ တင်စားထားတဲ့ Xiaomi ရဲ့ တည်ထောင်သူ နဲ့ CEO ဖြစ်သူ မစ္စတာ Lei Jun ရဲ့ အကြောင်းကို ပဲ ဖြစ်ပါတယ်။
၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ မစ္စတာ Lei Jun ကို မွေးဖွားခဲ့ပါတယ်။ မွေးဖွားတဲ့ ဇာတိကတော့ တရုတ်နိုင်ငံ Xiantao , Hubai ဆိုတဲ့ အရပ်မှာ ဖြစ်ပါတယ်။ မစ္စတာ Lei ဟာ ၁၉၈၇ ခုနှစ်မှာတော့ Mianyang Middle School မှ အထက်တန်းပညာကို ပြီးဆုံးခဲ့ပြီး Wuhan Unuversity ကို ဆက်လက်တက်ရောက် ခဲ့ပါတယ်။ အဆိုပါ တက္ကသိုလ်မှ ကွန်ပြူတာသိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။
၁၉၉၂ ခုနှစ်မှာတော့ မစ္စတာ Lei တစ်ယောက် Kingsoft ကုမ္ပဏီမှာ အင်ဂျင်နီယာအဖြစ်အလုပ်စတင်လုပ်ကိုင််နေပြီ ဖြစ်ပါတယ်။ သူရဲ့ကြိုးစားမူတွေကြောင့် ၁၉၉၈ ခုနှစ်မှာတော့ Kingsoft ရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ သူဟာ IPO(Initial public offering) ကိုအကောင်းဆုံးသရုပ်ဖော်ခဲ့ ပြီးနောက် ၂၀၀၇ ခုနှစ် ဒီဇင်ဘာ (၂၀) မှာတော့ သူဟာ ကျန်မာရေးအခြေအနေကြောင့် Kingsoft မှ အနားယူခဲ့ပါတယ်။ Kingsoft ကနှုတ်ထွက်ချိန်မှာတော့ သူဟာ ကုမ္ပဏီပေါင်း (၂၀) ကျော်လောက်မှာရင်းနှီးမြုပ်နှံမှုပြုခဲ့ပြီး ဖြစ်ပါတယ်။
၂၀၀၀ ခုနှစ်မှာတော့ အွန်လိုင်းကနေ စာအုပ်တွေရောင်းချတဲ့ Joyo.com ကိုတည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၄ခုနှစ်မှတော့ နာမည်ကြီး Amazon စတိုးကို ဒေါ်လာ (၇၅) မီလီီယံနှင့်ရောင်းချခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ရောက်ချိန်မှာတော့ သူဟာ UC Web ရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတော့တယ်။
နောက်သုံးနှစ်အကြာ ၂၀၁၀ ခုနှစ်မှာတော့ သူဟာ Kingsoft နှင့် တစ်ဖန် ပြန်ပြီးလက်တွဲခဲ့သလို ဧပြီလ ၂၀၁၀ မှာတော့ Xiaomi ကိုစတင်တည်ထောင်ထားခဲ့ပြီဖြစ်ပါတယ်။ Xiaomi ဟာ မိုဘိုင်းဖုန်း၊ တတ်ဘလတ်၊ အင်တာနက်ဖမ်းယူစက် အစရှိတဲ့ အီလတ်ထရောနစ်ပစ္စည်းစုံကိုထုတ်လုပ်ရောင်းချသော နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် Xiamoi ရဲ့ စမတ်ဖုန်းတွေဟာ ရောင်းချတဲ့ တန်ဖိုးမျှတတဲ့ စျေး နဲ့ စွမ်းဆောင်ရည်တွေကြောင့် နာမည်ကျော် iphone , Samsung အစရှိတဲ့ ကုမ္ပဏီကြီးတွေရဲ့ ဖုန်းရောင်းအားကို ကျော်လုနီးနီးဖြစ်လာပြီဖြစ်ပါတယ် ။
ကဲ… အခုပြောပြပေးလိုက်တဲ့ အကြောင်းအရာကို ဖတ်ပြီးတော့ မြန်မာပြည်က Xiamoi ဖုန်း အမာခံ ပရိသတ်တွေအတွက် လက်ဆင့်ကမ်း မျှဝေပေးလိုက်ကြပါဦး ။
#pMk ( Cant W8 2 Say )