နာမည်​​ကျော်​ရုပ်​ရှင်​​တွေရဲ့ ရိုက်​ကွင်း​ပေါ်က ရှားရှားပါးပါး မြင်​ကွင်း ၇ ခု

0
127

နာမည်​​ကျော်​ရုပ်​ရှင်​​တွေရဲ့ ​နောက်​ကွယ်​က စိတ်​ဝင်​စားစရာ၊ ရယ်​ရယ်​​မော​မော ခံစားပီတိဖြစ်​စရာ ​တွေ အပြင်​ သင်​သတိမထားမိလိုက်​တဲ့ သင့်​စိတ်​ကြိုက်​ရုပ်​ရှင်​ကား​တွေနဲ့ ရှု​ထောင်​အသစ်​တစ်​မျိုးက​နေ ပိုမိုနီးစပ်​ထိ​တွေ့မိ​စေချင်​မိတဲ့ ဆန္ဒပါပဲ။ အံ့သြစိတ်​လှုပ်​ရှား​စေမှာပါ။
ရုပ်​ရှင်​ချစ်​သူတိုင်းအတွက်​ နာမည်​​ကျော်​ရုပ်​ရှင်​​တွေရဲ့ ရိုက်​ကွင်း​ပေါ်က ရှားရှားပါးပါး မြင်​ကွင်း ၇ ခု ကို တင်​ဆက်​​ပေးပါရ​စေ။

Gravity

မင်းသမီး ဆန်​ဒါရာဘူး​လော့ခ်​ကို Gravity ရုပ်​ရှင်​ရိုက်​ကွင်း​ပေါ်မှာ မြင်​​တွေ့​နေရတာဖြစ်​ပါတယ်​။ ​ရေ​အောက်​မှာရိုက်​ကူး​နေရတဲ့ ဇာတ်​ဝင်​ခန်းဖြစ်​ပြီး ကင်​မရာသမားရဲ့ သက်​စွန့်ဆံဖျား ကြိုးပမ်းမှုပါပဲ။ မင်းသမီးကိုယ်​တိုင်​လည်း အထူးတလည် ​​​စိတ်​နှစ်​ထားခဲ့ရတဲ့ ဇာတ်​ကား​ကောင်းဖြစ်​ပါတယ်​။

Captain America: The Winter Soldier.

ဟုတ်​ပါတယ်​။ သင်​မြင်​ရတဲ့အတူိုင်းပါပဲ။ စူပါဟီးရိုး​တွေဆိုတာ ရုပ်​ရှင်​ထဲမှာသာ ​လေ​ပေါ်ပျံ နို​င်​ပါတယ်​။ ရိုက်​ကွင်းမှာ​တော့ တကယ့်​ပြင်​ပဘဝက လက်​​တွေ့ကျကျအတိုင်းပဲ စက်ြ​ကိုး​တွေ၊ ကရိန်း​တွေနဲ့ ရိုက်​ကူးရတာပါ။ စူပါဟီးရိုး​တွေကို သိပ်​ကြိုက်​တဲ့ သင့်​က​လေးကို​တော့ ဒီပုံသွားမပြမိပါ​စေနဲ့​နော်​။

Justice League

မင်းသမီး ဂဲလ်​ဂ​ဒေါ့ရဲ့ ဖိုက်​တင်​အပိုင်း ​လေ့ကျင့်​ ​နေတဲ့ ရီဟာဆယ်​မြင်​ကွင်းဖြစ်​ပါတယ်​။ Justice League မှာ​ရော Wonder Woman မှာပါ ဂဲလ်​ဂ​ဒေါ့ရဲ့ အားထုတ်​မှု​တွေက ​ပြောင်​​မြောက်​ခဲ့ပါတယ်​။ သူက အသစ်​အဆန်းတစ်​ခုခုလုပ်​ဖို့ အမြဲတက်​ကြွပြီး အဆင်​သင့်​ကိုရှိ​နေသူပါပဲ။

Despicable Me

မင်းသား စတိဗ်​ကာရယ်​လ်​က Gru ဇာတ်​ရုပ်​အတွက်​ ​နောက်​ခံအသံသွင်း​နေတဲ့ မြင်​ကွင်းဖြစ်​ပါတယ်​။ သူ့ရဲ့အသံသရုပ်​​ဆောင်​ပိုင်း ပီပြင်​မှု ကလည်း Gru ​ပေါ်လွင်​လာ​စေတဲ့ အ​ထောက်​အကူကြီးမားမှုတစ်​ခုဖြစ်​ခဲ့တယ်​။ အသံရဲ့အနိမ့်​အမြင့်​အတိုင်း လှုပ်​ရှားမှုဟန်​ပန်​ပါ တစ်​ပါတည်းထည့်​သွင်းပြီး အားကြိုးမာန်​တက်​ ကို အားထုတ်​​နေတဲ့ မင်းသားပါ။

Casino

ဒီဇာတ်​ကားမှာ မင်းသမီး ရှယ်​ရွန်​စတုန်း နဲ့ ဒါရိုက်​တာကြီး မာတင်​စ​ကော​စေး​ဇေး တို့ရဲ့ ရိုက်​ကွင်း​နောက်​ကွယ်​က အားလပ်​ချိန်​မှာ မြင့်​​တွေ့​နေရတာဖြစ်​ပါတယ်​။ အထူး​ပျော်​ရွှင်​​နေကြပြီး တကယ်လည်း ​​လက်​တွဲညီမျှခဲ့ပါတယ်​။ ရုပ်​ရှင်​ကားအ​ပေါ် သက်​​ရောက်​မှုကြီးခဲ့တဲ့ ဆက်​ဆံ​ရေးပါပဲ။

Frenzy

ဒါရိုက်​တာကြီး အဲဖရက်​ဒ်​ဟစ်​ခ်ျ​​ကော့ဖ်​ကို Frenzy ရုပ်​ရှင်​ရိုက်​ကွင်း​ပေါ်မှာ မြင်​​တွေ့ရမှာပါ။ အာရုံစူးစိုက်​မှုအပြည့်​နဲ့ အလုပ်​လုပ်​ခဲ့တဲ့ ဂန္တဝင်​ဒါရိုက်​တာကြီးဆိုတာ တန်းခနဲ ခံစားမိနိုင်​​လောက်​တဲ့ ပုံရိပ်​ပါပဲ။ ၁၉၇၂ ခုနှစ်​မှာ Thriller လို ဇာတ်​လမ်းပုံစံမျိုးကို ပိပိရိရိ ​စေ့​စေ့စပ်​စပ်​ နဲ့ ရိုက်​ကူးတင်​ပြထားတာပါ။

Titanic

တိုက်​တန်းနစ်​ဇာတ်​ကားရဲ့ အချစ်​သူရဲ​ကောင်းနှစ်​​ယောက်​ဖြစ်​တဲ့ မင်းသား လီယိုနာဒို နဲ့ မင်းသမီး ကိတ်​ဝင်းစလက်​ တို့ဖြစ်​ပါတယ်​။ ငယ်​ရွယ်​နုပျိုစဉ်​က လျင်​မြန်​ဖျတ်​လတ်​ပြီး ​သွေးပူ​စေခဲ့တဲ့ သရုပ်​​ဆောင်​နှစ်​ဦးရဲ့ လွမ်း​မောဖွယ်​ရာ အချိန်​​တွေအဖြစ်​ ကျန်​ခဲ့ပါပြီ။ ဇာတ်​ကားက အထူး​အောင်​မြင်​ခဲ့ပြီး ဂျိမ်းကင်​မရွန်​ရဲ့ ကျိန်း​သေ​ပေါက်​ ​သောက်​​သောက်​လဲ ဝင်​​ငွေ​ကောင်းခဲ့တဲ့ တိုက်​တန်းနစ်​ဖြစ်​ပါတယ်​။

Zaw (H2H)