နားလည်ရခက်စေမယ့် တကယ့်အဖြစ်အပျက်ဆန်းများ
0
175
unicode
သင်တို့အနေနဲ့ အောက်မှာ ဖော်ပြမယ့် ပုံတွေကိုတော့ အစစ်လို့ ထင်ချင်မှထင်မှာပါ။ Photoshop နဲ့လုပ်ထားတယ်လို့လည်း ထင်ကောင်းထင်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ယင်းပုံတွေဟာ တကယ်ရှိရဲ့လား၊ တကယ်ဖြစ်နိုင်ရဲ့လားဆိုပြီး တွေးတတ်ကြလို့ပါ။ ဒါပေမဲ့လည်း ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ အပြင်မှာ တကယ်ရှိပြီး Photoshop တွေနဲ့ မလုပ်ထားတဲ့အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပြောချင်လွန်းလို့ ပေ့ချ်က ဒီတခေါက်ဖော်ပြပေးချင်တာကတော့ သင်တို့အတွက် နားလည်ရခက်စေမယ့် တကယ့်အဖြစ်အပျက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁.ဒါဟာ Photoshop မဟုတ်ပါဘူး။ Dinosaur ပြတိုက်ထဲက Tyrannosauras ရဲ့ရုပ်ထုကြီး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ ကြည့်လိုက်ရင်တော့ တကယ့်ကို Dinosur ကြီး မီးလောင်နေတဲ့ အတိုင်းပါ။ ဒါဟာ တကယ်ကို ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
၂.ထိုင်ဝမ်မှာ ငလျင်လှုပ်သွားတဲ့ အချိန်က ဖြစ်ပါတယ်။ ငလျင်အရှိန်ကြောင့် တကယ်ကိုခိုင်မာတဲ့ အဆောက်အဦးကြီးတောင် ယဲ့ယဲ့လေးပဲ ကျန်ပါတော့တယ်။ ဒါကိုတော့ အဆောက်အဦးကြီးရဲ့ အောက်မှာ သံတိုင်တွေ ထောက်ထားပြီး ထိန်းထားတာ ဖြစ်ပါတယ်။
၃.သြစတေးလျ Melbourne မှာရှိတဲ့ Casino အဆောက်အဦးဖြစ်ပါတယ်။ အဝေးကကြည့်နေတဲ့ သူတွေအတွက်တော့ ဒီအဆောက်အဦးကြီးဟာ မီးလောင်နေတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့လည်း မီးလောင်နေတာမဟုတ်ပါဘူး။ နေရောင်ကြောင့် ဒီအဆောက်အဦးမှာရှိတဲ့ ဆိုလာပြားတွေကနေ အလင်းပြန်နေတာ ဖြစ်ပါတယ်။
၄.ဒါဟာ Photoshop လည်းမဟုတ်သလို ရေအောက်ထဲက မြင်ကွင်းလည်းမဟုတ်ပြန်ပါဘူး။ ကောင်းကင်မှာရှိတဲ့ ငှက်တွေကို အစုလိုက် အပြုံလိုက်တွေ့ရတဲ့ မြင်ကွင်း ဖြစ်ပါတယ်။
၅.ဒါကိုတော့ အနာဂတ်က အဆောက်အအုံလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့လည်းဒါဟာ အပြင်မှာတကယ်ရှိတဲ့ အဆောက်အဦးဖြစ်ပါတယ်။ ဒီအဆောက်အဦးကတော့ တရုတ်နိုင်ငံမှာရှိတဲ့ စာကြည့်တိုက် တစ်ခုဖြစ်ပါတယ်။ တကယ့်ကို မိုက်လွန်းတဲ့ အဆောက်အဦးကြီးဖြစ်ပါတယ်။
၆.အမေရိကန်နိုင်ငံ Kansas မှာရှိတဲ့ မိုးကောင်းကင်က တိမ်တွေ ဖြစ်ပါတယ်။ ဒီတိုင်းကြည့်လိုက်ရင်တော့ တကယ့်ကို ယုံချင်စရာမကောင်းတဲ့ ပုံရိပ်ဖြစ်ပါတယ်။ ပြီးတော့ အရမ်းလည်း လှတဲ့ မြင်ကွင်းဖြစ်ပါတယ်။
၇.ဒါကတော့ သစ်ပင်ကို အပေါက်ဖောက်ထားပြီး မီးထွန်းထားတာ မဟုတ်ပါဘူး။ ဒီအဖြစ်အပျက်ကတော့ ဒီသစ်ပင်ကို မိုးကြိုးပစ်ပြီးနောက် ၃ နာရီအကြာမှာ ရိုက်ထားတဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။ ၃ နာရီလောက်ကြာတဲ့အထိတောင် မီးရောင်တွေ ထွက်နေတာ ဖြစ်ပါတယ်။
၈.ဒါကတော့ သင်တို့အနေနဲ့ လုံးဝကို Photoshop လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဒါကတော့ အင်္ဂလန်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ အဆောက်အအုံ တစ်ခုဖြစ်ပါတယ်။ ဒီနေရာကတော့ တော်တော်ကို ဓါတ်ပုံရိုက်လို့ ကောင်းတဲ့နေရာပဲ ဖြစ်ပါတယ်။