ပင္​လယ္​​ေပ်ာ္​ႀကီးမ်ား

ေျပာခ်င္လြန္းလို႔ စာဖတ္သူေတြထဲမွာလည္း ငယ္​စဥ္​က ပင္​လယ္​ဓားျပ႐ုပ္​႐ွင္​ဇာတ္​ကားမ်ားၾကည္​့ရင္​း ပင္​လယ္​ဓားျပျဖစ္​ခ်င္​ၾကသူ​ေတြရွိပါလိမ္​့မယ္​။ ရတနာ႐ွာ​ေဖြတာ​ေတြဘာ​ေတြထက္​ လက္​တစ္​ဖက္​က သံခ်ိတ္​​ေကာက္​အစားထိုးထား​တဲ့လက္​၊ ပခံုး​ေပၚမွာၾကက္​တူ​ေရြးတစ္​​ေကာင္​၊အဆံုးအစမ႐ွိတဲ့ပင္​လယ္​ႀကီး၊စြန္​႔စားခန္​း​ေတြျပည္​့​ေနတဲ့ပင္​လယ္​၊မာယာမ်ားတဲ့ပင္​လယ္​ စတာ​ေတြကို အရမ္​းသ​ေဘာက်ခဲ့သူ​ေတြ႐ွိမွာပါ။တစ္​ခ်ိဳ႕လူ​ေတြဟာ အဲ့လိုပင္​လယ္​​ေပ်ာ္​ဘဝမွာအသက္​႐ွင္​​ေနၾကပါတယ္​။တစ္​ခ်ိဳ႕ဆိုရင္​ ပင္​လယ္​မွာ​ေမြး၊ပင္​လယ္​မွာ​ေသၾကပါတယ္​။ဒီ​ေတာ့ ဒီကမၻာႀကီးထဲက အ​ေျပာက်ယ္​တဲ့ပင္​လယ္​ႀကီး​ေတြမွာ႐ွင္​သန္​​ေနၾကတဲ့ဘဝ​ေတြအ​ေၾကာင္​း​ေျပာျပခ်င္​ပါတယ္​။

၁။ပင္​လယ္​ကမ္​းလြန္​မွအိမ္​​ေျခမ်ား

မ​ေလး႐ွားႏိုင္​ငံက ဘာဂ်ာယူလူမ်ိဳး​ေတြဟာ ​ေရထဲမွာ​ေမြးၿပီး ​ေရထဲမွာ​ေသဆံုးၾကသူ​ေတြပါ။​ေရတိမ္​ပိုင္​းမွာတဲ​ေတြထိုးထားတယ္​။ကုန္​စည္​ကူးသန္​းဖို႔​ေလွ​ေတြထားတယ္​။သူတို႔ရဲ႕တဲ​ေတြကို ​ေႏြဦးရာသီ​ေတြမွာ ႏိုင္​ငံျခားသားခရီးသြား​ေတြက ​ေဒၚလာအမ်ားႀကီး​ေပးၿပီး​ေခတၱ​ေနထိုင္​တတ္​ၾကတယ္​။

ဘာဂ်ာယူလူမ်ိဴး​ေတြဟာ ပင္​လယ္​​ေပ်ာ္​ယဥ္​​ေက်းမႈက​ေန ထြက္​​ေပၚလာတဲ့လူ​ေတြပါ။ ဒါ​ေပမဲ့တစ္​ခ်ိဳ႕​ေနရာ​ေတြမွာ​ေတာ့ သူတို႔ရဲ႕လူငယ္​မ်ိဳးဆက္​​ေတြဟာ ​ေငြ​ေၾကး​ေရး​ေၾကးပိုအဆင္​​ေျပ​ေအာင္​ ပင္​လယ္​ကိုစြန္​႔ခြာၿပီး ကုန္​းတြင္​းကိုျပန္​လည္​​ေျခခ်လာၾကပါၿပီ။

ျသစ​ေတးလ်႐ုပ္​သံအစီအစဥ္​တစ္​ခုက​ေတာ့ ဘာဂ်ာယာလူမ်ိဴး​ေတြဟာ ဒုကၡသည္​​ေတြျဖစ္​ၿပီး ဒီဒုကၡသည္​​ေတြျဖစ္​​ေနလို႔လည္​း မ​ေလး႐ွားအစိုးရက​ ကုန္​းတြင္​းမွာ ေနခြင္​့မျပဳတာပါတဲ့။​ေရထဲမွာပဲဘဝကိုကုန္​ဆံုးၾကရင္​း က​ေလး​ေတြကလည္​း​ေက်ာင္​းမ​ေနၾကပါဘူး။တစ္​ခါတစ္​​ေလမွာ​ေတာ့ ငါး​ေတြ​ေရာင္​းတာမ်ိဳး၊ တစ္​ျခားကုန္​စည္​​ေတြ​ေရာင္​းစရာ႐ွိလာရင္​ ကမ္​း​ေျခကိုခဏလာ​ေရာင္​းတာမ်ိဳး​ေတာ့လုပ္​တတ္​ပါတယ္​။

သူတို႔​ေတြရဲ႕အဓိကအသက္​​ေမြးဝမ္​း​ေၾကာင္​းဟာလည္​းငါးဖမ္​းျခင္​းပဲျဖစ္​ပါတယ္​။သူတုိ႔သာအင္​တာနက္​သံုးတတ္​မယ္​ဆိုရင္​​ေတာ့ သူတို႔ရဲ႕တဲ​ေတြကို တိုးရစ္​​ေတြကိုမ်ိဳးမ်ိဳးျမတ္​ျမတ္​​ေလးပိုက္​ဆံရ​ေအာင္​ငွါးစားတတ္​တာတို႔ ​ေလွတစ္​ခါစီးဘယ္​​ေလာက္​တို႔ အဲ့လိုစီးပြား႐ွာရင္​႐ွာတတ္​လာမွာ​ေနာ္​။အခု​ေတာ့ သူတို႔ဟာ ငါး​ေတြဖမ္​းလိုက္​၊ကမ္​း​ေျခလာ​ေရာင္​းလိုက္​နဲ႔ပဲ ဘဝကိုျဖတ္​သန္​း​ေနၾကပါတယ္​။

၂။အဆံုးမ႐ွိသ​ေဘာၤခရီးစဥ္​မ်ား

လူအမ်ားအျပားဟာသူတို႔ဘဝရဲ႕အနားယူတဲ့အခ်ိန္​​ေတြမွာ အိမ္​​ေတြကို​ေရာင္​းခ်ၿပီး ပင္​လယ္​မွာျဖတ္​သန္​း​ေနၾကတဲ့သူ​ေတြ႐ွိလာပါၿပီ။တစ္​ခ်ိဳ႕လူ​ေတြဟာ တစ္​​ေန႔တစ္​​ေန႔ကား​ေတြလူ​ေတြၾကားမွာတိုး​ေဝွ့​ေနတာထက္​ တကယ္​အနားယူနည္​းလို႔သူတို႔သတ္​မွတ္​ၾကတဲ့လမ္​းကို အဆံုးတိုင္​​ေရြးခ်ယ္​လိုက္​ၾကပါတယ္​။

အ​ေမရိကန္​သတင္​း​ေတြနဲ႔ စာရင္​းဇယား​ေတြအရ လူတစ္​ခ်ိဳ႕ဟာ ကုန္​း​ေျမကိုထာဝရစြန္​႔ခြာလိုက္​ၿပီး အ​ေပ်ာ္​စီးသ​ေဘၤာႀကီး​ေတြ​ေပၚမွာပဲဘဝကိုျဖတ္​သန္​းဖို႔ဆံုးျဖတ္​ၾကပါတယ္​တဲ့။သ​ေဘာၤခရီးစဥ္​ဟာတစ္​ႏွစ္​လံုးစာအတြက္​ ၁၆၅၀၀၀​ေဒၚလာက်သင္​့ပါတယ္​။

ပံုမွန္​ဘဝမွာအသက္​႐ွင္​​ေနတာနဲ႔အျမဲတမ္​းပင္​လယ္​မွာအ​ေပ်ာ္​စီးသ​ေဘၤာ​ေပၚမွာအခ်ိန္​ကုန္​ဆံုးရတာနဲ႔ဟာ ​ေငြ​ေရး​ေၾကး​ေရးအရသိပ္​မကြာပါဘူးတဲ့။ဒါ​ေပမဲ့ သ​ေဘာၤ​ေပၚမွာက​ေတာ့ ၾကယ္​ငါးပြင္​့ဝန္​​ေဆာင္​မႈ​ေတြ၊အခ်ိန္​မွန္​ အထူးဟင္​းလ်ာ​ေတြနဲ႔ အျမဲတမ္​းအကူအညီ​ေပး​ေနမယ္​့ဝန္​ထမ္​း​ေတြအျပည္​့နဲ႔​ေပါ့။ၿပီး​ေတာ့ မီးပြိဳင္​့မမိ၊ကားလမ္​း​ေတြမပိတ္​တာမို႔ လက္​​က်န္​ဘဝကိုျဖတ္​သန္​းဖို႔ဒီနည္​းကို​ေရြးခ်ယ္​ဖို႔ဆံုးျဖတ္​ခဲ့ၾကတာျဖစ္​ပါတယ္​။

၃။ပင္​လယ္​ဂ်စ္​ပစီမ်ား

အာ႐ွတိုက္​ရဲ႕​ေရျပင္​က်ယ္​​ေတြထဲမွာ ပံုမွန္​ဘဝထက္​႐ွင္​သန္​ရတာ ခက္​ခဲတဲ့ ပင္​လယ္​​ေပ်ာ္​ဘဝ​ေတြကို​ေရြးထားသူ​ေတြ႐ွိပါ​ေသးတယ္​။​ေန႐ွင္​နယ္​ဂ်ီအိုဂရက္​ဖစ္​႐ုပ္​သံလိုင္​းရဲ႕​ေဖာ္​ျပခ်က္​အရ ျမန္​မာႏိုင္​ငံက မိုကန္​လူမ်ိဳးစု​ေတြဟာ သူတို႔အခ်ိန္​အမ်ားစုကို ကႏူး​ေလွ​ေတြထဲမွာပဲ​ေနထိုင္​ၾကၿပီး မုန္​တိုင္​းခဏခဏက်တတ္​တဲ့မုတ္​သံုရာသီ​ေရာက္​မွသာကုန္​းတြင္​းပိုင္​းကိုျပန္​လာတတ္​ပါတယ္​။ဒီလိုၾကမ္​းတမ္​းတဲ့ဘဝဟာ သူတို႔အတြက္​​ေတာင္​မွ ​ေနရတာခက္​ခဲလွပါတယ္​။

ဘာဂ်ာယူလူမ်ိဴး​ေတြလိုပဲသူတို႔ဟာ ငါးဖမ္​းကြၽမ္​းက်င္​ၾကပါတယ္​။ဒါ​ေပမဲ့​ေခတ္​သစ္​မိုကန္​လူမ်ိဳး​ေတြဟာ ​ေခတ္​ရဲ႕တိုက္​စားမႈ​ေၾကာင္​့ ကုန္​းတြင္​းပိုင္​းမွာ ျပန္​လည္​အ​ေျခက်လာရင္​း အစက ၁၂၀၀၀ဦး​ေရ႐ွိခဲ့​ေပမဲ့ ၂၀၁၄ခုႏွစ္​မွာ​ေတာ့ အ​ေယာက္​၂၀၀၀သာ ​ေရထဲမွာဆက္​လက္​​ေနထိုင္​လ်က္​႐ွိပါတယ္​။

၄။​ကုန္တင္​သ​ေဘၤာမ်ား

အ​ေပၚမွာ​ေဖာ္​ျပခဲ့တာ​ေတြလိုပဲ ​ေနာက္​ထပ္​ပင္​လယ္​​ေပ်ာ္​ဘဝ​ေတြက​ေတာ့ ​ကုန္​တင္​သ​ေဘၤာႀကီး​ေတြမွာ တည္​႐ွိပါတယ္​။ဒါ​ေပမဲ့လည္​း ​ေလယာဥ္​တင္​သ​ေဘၤာ​ေပၚမွာအလုပ္​လုပ္​ရတာကလည္​း စိတ္​ကူးယဥ္​ပင္​လယ္​ဓားျပဇာတ္​လမ္​း​ေတြလို ႐ိုးဟိုးဟိုး လို႔​ေအာ္​​ေနလို႔မရပါဘူး။အလုပ္​လည္​းပင္​ပန္​းပါတယ္​။

​ကုန္တင္​တင္​သ​ေဘၤာ​ေတြဟာပင္​လယ္​ကိုတစ္​ခုထြက္​ရင္​ ကိုးလအနည္​းဆံုးၾကာတတ္​လို္​့ အိမ္​မွာက်န္​ခဲ့တဲ့သားသားမီးမီး​ေတြ အပတ္​တိုင္​း​ေဂါက္​သြား႐ိုက္​​ေနမွာပဲလို႔ လြမ္​းတတ္​တဲ့အက်င္​့မ်ိဳး​ေလ်ွာ့ထားသင္​့ပါတယ္​။Officerအျဖစ္​ ရာထူးတက္​ရင္​​ေတာ့ ပင္​လယ္​မွာငါးလပဲ​ေနရပါတယ္​။ Captainတစ္​​ေယာက္​ျဖစ္​လာၿပီဆိုရင္​​ေတာ့ လခတိုးၿပီ​ေပါ့။ဒါ​ေပမဲ့ အျပည္​့အဝတာဝန္​ယူရၿပီမို႔ မနက္​၂နာရီႀကီး ကုန္​းပတ္​​ေပၚမူးၿပီးျပဳတ္​က်ႏိုင္​တဲ့ ငနဲသား​ေလး​ေတြကို ထိန္​းဖို႔​ေတာ့တာဝန္​႐ွိပါတယ္​။႐ိုးဟိုးဟိုး။

၅။ငါးသ​ေဘၤာႄကီးမ်ား

​ေလယာဥ္​တင္​သ​ေဘၤာ​ေတြရဲ႕အခ်ိန္​ကိုးလက ၾကာတယ္​ဆိုရင္​ ငါး​ေတြနဲ႔႐ွစ္​လၾကာ​ေနရတဲ့ ပင္​လယ္​​ေပ်ာ္​​ေတြအ​ေၾကာင္​း​ေျပာျပပါရ​ေစ။သ​ေဘၤာကပၸတိန္​က​ေတာ့ ဒီခရီးကို ​ေျခလွမ္​းငါးဆယ္​အဆိပ္​ခန္​းလို႔ အမည္​​ေပးထားပါသတဲ့။

ျသစ​ေတးလ်မွာ ဘာရာမြန္​ဒီငါးဖမ္​းရာသီဟာ ​ေဖာ္​​ေဖာ္​ဝါရီက​ေန​ေအာက္​တိုဘာထိပါ။ သ​ေဘာၤ​ေပၚက အဖြဲ႔ဝင္​​ေတြဟာ ပို္​က္​ကြန္​အႀကီးႀကီး​ေတြနဲ႔ ငါးဖမ္​းၾကပါတယ္​။ပိုက္​ထဲမိလာတဲ့ငါးကိုဝိုင္​းခ်ဳပ္​ၾက၊ဝိုင္​းခုတ္​ၾက။ငါးကျပန္​တိုက္​ခိုက္​ရင္​ ပြန္​းၾကပဲ့ၾကနဲ႔ အခန္​႔မသင္​့ရင္​ အနာထဲပိုးဝင္​ၿပီး​ေသတတ္​ပါ​ေသးတယ္​။ ကံနည္​းနည္​း​ေကာင္​းရင္​​ေတာ့ မိ​ေက်ာင္​း​ေပါက္​စ​ေလးက အၿမီးနဲ႔ခတ္​တာ​ေလာက္​ပဲခံရမွာပါ။ၿပီးရင္​​ေတာ့ ဖမ္​းလို႔ရတဲ့ငါး​ေတြ၊တစ္​ျခားအ​ေကာင္​​ေတြကို ​ေရခဲ႐ိုက္​ၿပီး လ​ေပါင္​းမ်ားစြာအၾကာမွာ အိမ္​ကိုျပန္​ခဲ့ၾကပါတယ္​။

၆။ကမ္​းလြန္​​ေရနံစင္​မ်ား

၂၀၁၁ခုႏွစ္​မွာ လူ၁၁​ေယာက္​​ေသၿပီး ​ေရနံဆီ၄ဘီလ်ံဖိုးဆံုး႐ႈံးခဲ့ရတဲ့ Deep water horizonမ​ေတာ္​တဆမႈအၿပီးမွာ ကမ္​းလြန္​​ေရနံစင္​​ေတြကိုလူ​ေတြျပန္​သတိထားမိလာပါတယ္​။ဒါကို စာဖတ္​သူအ​ေနနဲ႔ မ​ေတာ္​တဆပါကြာလို႔​ေျပာခ်င္​​ေျပာႏိုင္​​ေပမဲ့ လူ၁၆၇​ေယာက္​​ေသခဲ့တဲ့ ​ေျမာက္​ဘက္​ပင္​လယ္​က ပီပါအယ္​ဖာ​ေရနံတူးစင္​ရဲ႕ ဆိုးဆိုးဝါးဝါးမ​ေတာ္​တဆမႈ​ေတြလည္​း႐ွိပါ​ေသးတယ္​။​ေနာက္​​ေျမာက္​ပိုင္​းပင္​လယ္​မွာပဲ အလက္​ဇန္​းဒါး​ေရနံစင္​ရဲ႕ ၁၂၃​ေယာက္​​ေသခဲ့ရတဲ့မ​ေတာ္​တဆမႈ​ေတြလည္​း႐ွိခဲ့ပါတယ္​

ဒီလို​ေနရာ​ေတြမွာ အလုပ္​လုပ္​​ေတာ့မယ္​ဆိုရင္​လည္​း အသက္​ကိုုဖက္​နဲ႔ထုတ္​ထားဖို႔ လိုပါလိမ္​့မယ္​။လူ​ေတြက​ေတာ့ မင္​းအဲ့မွာလုပ္​မယ္​ၾကားရင္​ ဝိုင္​းတားၾကမွာပါ။တစ္​​ေန႔ကိုအလုပ္​ခ်ိန္​၁၂နာရီနဲ႔ လခ​ေကာင္​း​ေကာင္​းရပါမယ္​။ႏွစ္​ပတ္​လုပ္​ႏွစ္​ပတ္​နား ဂ်ဴတီမို႔အိမ္​နဲ႔လည္​းသိပ္​မခြဲရပါဘူး။ဒါ​ေပမဲ့ အခ်ိန္​မ​ေရြးမင္​းအလုပ္​လုပ္​​ေနတဲ့​ေရနံစင္​ဟာ သတင္​းထဲပါလာႏိုင္​တယ္​​ေနာ္​။

၇။ပင္​လယ္​မွစြန္​႔စားခန္​းမ်ား

တစ္​ႏွစ္​ကို၇လတာဝန္​ထမ္​း​ေဆာင္​ရမယ္​။ႏိုင္​ငံ​ေတြကို အလည္​သ​ေဘာမ်ိဳးလည္​းကမ္​းကပ္​ရ​ေသးတယ္​။ဒါဟာ အ​ေမရိကန္​​ေရတပ္​ရဲ႕ ​ေလ့လာ​ေရးတပ္​ခြဲတစ္​ခုပါ။သံုးႏွစ္​​ေလာက္​ပင္​လယ္​နဲ႔ကမ္​း​ေျခၾကားမွာ သြားလိုက္​ျပန္​လိုက္​ တာဝန္​ထမ္​း​ေဆာင္​ရမယ္​။ႏွစ္​ပတ္​ၾကာတတ္​တဲ့ ​ေရတပ္​သင္​ခန္​းစာ​ေတြလည္​း တက္​ရမယ္​။

တစ္​ခ်ိဳ႕က​ေတာ့​ေပ်ာ္​စရာမ​ေကာင္​းဘူးလို႔ဆိုၾက​ေပမဲ့ ဒီလူ​ေတြက​ေတာ့သူတို႔ဘဝကိုအရမ္​း​ေက်နပ္​ၾကပါတယ္​။ အပန္​း​ေျဖအနားယူခန္​းတစ္​ခန္​းမွာ ဂိမ္​းစက္​​ေတြနဲ႔ နာမည္​ႀကီး႐ုပ္​သံလိုင္​း​ေတြပါ ထား​ေပးထားတာ​ေၾကာင္​့လို႔လည္​းဆိုပါတယ္​။

၇။​ေရငုတ္​သ​ေဘၤာမ်ား

န်ဴကလီးယား​ေရငုတ္​သ​ေဘာၤ​ေတြဟာ ပံုမွန္​စစ္​သ​ေဘၤာ​ေတြနဲ႔ကြာျခားပါတယ္​။​ေရထဲကို သ​ေဘၤာႀကီးထိုးစိုက္​လိုက္​ၿပီဆိုတာနဲ႔ တံခါး​ေတြျပန္​ဖြင္​့ဖို႔လံုးဝမျဖစ္​ႏိုင္​​ေတာ့လို႔ မူးၿပီးပ်ိဳ ့တက္​လာၿပီဆိုရင္​​ေတာ့ တကယ္​့ဒုကၡပါပဲ။

ဒါဆို​ေရငုတ္​သ​ေဘၤာmission​ေတြမွာဘာလို႔​ေပ်ာ္​ၾကပါလိမ္​့။ သ​ေဘၤာ​ေပၚ​ေရာက္​တဲ့လူသစ္​​ေလးမင္​းကို စီနီယာ​ေတြက အန္​မဲ့​ေကာင္​ လို႔​ေခၚၾကမယ္​။ၿပီး​ေတာ့ ​ေလွကား​ေတြခဏခဏတက္​ရမယ္​။​ေခါင္​း​ေတြ​ေဆာင္​့မိတာမ်ိဳး၊အိပ္​ရာ​ေပၚကလိမ္​့က်တာမ်ိဳးကလည္​း႐ွိပါ​ေသးတယ္​။ၿပီးရင္​​ေတာ့မင္​းအိပ္​ရာ​ေအာက္​မွာ န်ဴးကလီးယားဓာတ္​​ေပါင္​းဖိုကိုခုအိပ္​​ေနရတာသိလာမယ္​။ဒီ​ေလာက္​ပါပဲ။​ေပ်ာ္​စရာ​ေကာင္​းတယ္​မွတ္​လား?

၈။ရြက္​လႊင္​့ျခင္​း

အ​ေပ်ာ္​စီးသ​ေဘၤာ​ေပၚမွာ ဝန္​ထမ္​း​ေတြအသင္​့နဲ႔က စိတ္​႐ႈပ္​တယ္​မွတ္​လား။ဒါဆို ရြက္​လႊင္​့လို႔ရပါတယ္​။ ​ေပငါးဆယ္​႐ွိတဲ့ ရြက္​​ေလွတစ္​စင္​းကို တႏွစ္​လႊင္​့ခ ​ေဒၚလာႏွစ္​သိန္​းခြဲနဲ႔ပါ။ႀကိဳက္​သ​ေလာက္​ဝန္​ထမ္​းခန္​႔ႏိုင္​ပါတယ္​။ ​ေသာက္​ခ်င္​သမ်ွအရက္​​ေတြအမူး​ေသာက္​ၿပီး ​ေမွာက္​ခ်င္​​ေမွာက္​​ေနလို႔ရပါတယ္​။

ဒါဟာ အနားယူ​ေနၾကတဲ့လူခ်မ္​းသာတစ္​ခ်ိဳ႕ပဲလုပ္​ၾကတာမဟုတ္​ပါဘူး။ ​ေနာက္​ပိူင္​းမွာ လူခ်မ္​းသာ​ေတာ္​​ေတာ္​မ်ားမ်ားဟာ ဒီလမ္​းကိုလိုက္​လာၾကပါတယ္​။Living Aboardနာမည္​နဲ႔မဂၢဇင္​းတစ္​ခုဆိုရင္​ ဒီလို ရြက္​သ​ေဘၤာ​ေလး​ေပၚမွာ ဘယ္​လိုအထာက်က်​ေနမလဲလို႔ ​ေရးသား​ေဖာ္​ျပတတ္​တဲ့ သီးသန္​႔မဂၢဇင္​းတစ္​ခုအ​ေနနဲ႔႐ွိလာပါၿပီ။

၉။ကမၻာႀကီးကိုကယ္​တင္​သူမ်ား

တခ်ိဳ႕လူ​ေတြက စြန္​႔စားခ်င္​လို႔ဆိုတာထက္​ သမုဒၵရာႀကီးကိုခ်စ္​ျမတ္​ႏိုးၾကသူ​ေတြပါ။ပင္​လယ္​ထဲမွာပတ္​ၿပီး သု​ေတသနလုပ္​​ေနရတဲ့ ဒီသ​ေဘၤာ​ေတြဟာ ကမၻာ​ေျမအ​ေပၚမင္​းဘယ္​​ေလာက္​ခ်စ္​​ေၾကာင္​း ​ေျပာျပထားသလိုပါပဲ။ ပင္​လယ္​နဲ႔ပတ္​သတ္​တဲ့သု​ေတသန​ေတြကို ဟမ္​့႐ႈိင္​းယားတကၠသိုလ္​ကျပဳလုပ္​​ေနတာပါ။

ပင္​လယ္​မွာသု​ေတသနအတြက္​ ႐ွစ္​လၾကာ​ေနရမယ္​။အဖြဲ႔ဝင္​အသစ္​ဆိုရင္​​ေတာ့ စစခ်င္​းသိပ္​မလုပ္​ရပါဘူး။ဒါ​ေပမဲ့ အရမ္​းလန္​းတဲ့​ေနရာ​ေတြကို​ ေရာက္​ဖူးသြားမွာ။ အတၱလန္​တစ္​သမုဒၵရာ၊ပင္​လယ္​​ေအာက္​ မီး​ေတာင္​​ေသ​ေတြ …..တစ္​ျခားလန္​းတဲ့​ေနရာ​ေတြအမ်ားႀကီးနဲ႔​ေပါ့။

ဒီအေၾကာင္းအရာေလးကို ၾကိဳက္ႏွစ္သက္တယ္ဆိုရင္ ေျပာခ်င္လြန္းလို႔ စာမ်က္ႏွာကို See First လုပ္ထားျပီး ဆက္လက္အားေပးပါဦးေနာ္။

အခု တင္ဆက္ေပးလိုက္တဲ႔ အေၾကာင္းအရာေလးကေတာ႔ ပင္​လယ္​​ေပ်ာ္​ႀကီးမ်ား အေၾကာင္းပဲ ျဖစ္ပါတယ္။

Unicode

ပြောချင်လွန်းလို့ စာဖတ်သူတွေထဲမှာလည်း ငယ်​စဉ်​က ပင်​လယ်​ဓားပြရုပ်​ရှင်​ဇာတ်​ကားများကြည်​့ရင်​း ပင်​လယ်​ဓားပြဖြစ်​ချင်​ကြသူ​တွေရှိပါလိမ်​့မယ်​။ ရတနာရှာ​ဖွေတာ​တွေဘာ​တွေထက်​ လက်​တစ်​ဖက်​က သံချိတ်​​ကောက်​အစားထိုးထား​တဲ့လက်​၊ ပခုံး​ပေါ်မှာကြက်​တူ​ရွေးတစ်​​ကောင်​၊အဆုံးအစမရှိတဲ့ပင်​လယ်​ကြီး၊စွန်​့စားခန်​း​တွေပြည်​့​နေတဲ့ပင်​လယ်​၊မာယာများတဲ့ပင်​လယ်​ စတာ​တွေကို အရမ်​းသ​ဘောကျခဲ့သူ​တွေရှိမှာပါ။တစ်​ချို့လူ​တွေဟာ အဲ့လိုပင်​လယ်​​ပျော်​ဘဝမှာအသက်​ရှင်​​နေကြပါတယ်​။တစ်​ချို့ဆိုရင်​ ပင်​လယ်​မှာ​မွေး၊ပင်​လယ်​မှာ​သေကြပါတယ်​။ဒီ​တော့ ဒီကမ္ဘာကြီးထဲက အ​ပြောကျယ်​တဲ့ပင်​လယ်​ကြီး​တွေမှာရှင်​သန်​​နေကြတဲ့ဘဝ​တွေအ​ကြောင်​း​ပြောပြချင်​ပါတယ်​။

၁။ပင်​လယ်​ကမ်​းလွန်​မှအိမ်​​ခြေများ

မ​လေးရှားနိုင်​ငံက ဘာဂျာယူလူမျိုး​တွေဟာ ​ရေထဲမှာ​မွေးပြီး ​ရေထဲမှာ​သေဆုံးကြသူ​တွေပါ။​ရေတိမ်​ပိုင်​းမှာတဲ​တွေထိုးထားတယ်​။ကုန်​စည်​ကူးသန်​းဖို့​လှေ​တွေထားတယ်​။သူတို့ရဲ့တဲ​တွေကို ​နွေဦးရာသီ​တွေမှာ နိုင်​ငံခြားသားခရီးသွား​တွေက ​ဒေါ်လာအများကြီး​ပေးပြီး​ခေတ္တ​နေထိုင်​တတ်​ကြတယ်​။

ဘာဂျာယူလူမျိူး​တွေဟာ ပင်​လယ်​​ပျော်​ယဉ်​​ကျေးမှုက​နေ ထွက်​​ပေါ်လာတဲ့လူ​တွေပါ။ ဒါ​ပေမဲ့တစ်​ချို့​နေရာ​တွေမှာ​တော့ သူတို့ရဲ့လူငယ်​မျိုးဆက်​​တွေဟာ ​ငွေ​ကြေး​ရေး​ကြေးပိုအဆင်​​ပြေ​အောင်​ ပင်​လယ်​ကိုစွန်​့ခွာပြီး ကုန်​းတွင်​းကိုပြန်​လည်​​ခြေချလာကြပါပြီ။

သြစ​တေးလျရုပ်​သံအစီအစဉ်​တစ်​ခုက​တော့ ဘာဂျာယာလူမျိူး​တွေဟာ ဒုက္ခသည်​​တွေဖြစ်​ပြီး ဒီဒုက္ခသည်​​တွေဖြစ်​​နေလို့လည်​း မ​လေးရှားအစိုးရက​ ကုန်​းတွင်​းမှာ နေခွင်​့မပြုတာပါတဲ့။​ရေထဲမှာပဲဘဝကိုကုန်​ဆုံးကြရင်​း က​လေး​တွေကလည်​း​ကျောင်​းမ​နေကြပါဘူး။တစ်​ခါတစ်​​လေမှာ​တော့ ငါး​တွေ​ရောင်​းတာမျိုး၊ တစ်​ခြားကုန်​စည်​​တွေ​ရောင်​းစရာရှိလာရင်​ ကမ်​း​ခြေကိုခဏလာ​ရောင်​းတာမျိုး​တော့လုပ်​တတ်​ပါတယ်​။

သူတို့​တွေရဲ့အဓိကအသက်​​မွေးဝမ်​း​ကြောင်​းဟာလည်​းငါးဖမ်​းခြင်​းပဲဖြစ်​ပါတယ်​။သူတို့သာအင်​တာနက်​သုံးတတ်​မယ်​ဆိုရင်​​တော့ သူတို့ရဲ့တဲ​တွေကို တိုးရစ်​​တွေကိုမျိုးမျိုးမြတ်​မြတ်​​လေးပိုက်​ဆံရ​အောင်​ငှါးစားတတ်​တာတို့ ​လှေတစ်​ခါစီးဘယ်​​လောက်​တို့ အဲ့လိုစီးပွားရှာရင်​ရှာတတ်​လာမှာ​နော်​။အခု​တော့ သူတို့ဟာ ငါး​တွေဖမ်​းလိုက်​၊ကမ်​း​ခြေလာ​ရောင်​းလိုက်​နဲ့ပဲ ဘဝကိုဖြတ်​သန်​း​နေကြပါတယ်​။

၂။အဆုံးမရှိသ​ဘောင်္ခရီးစဉ်​များ

လူအများအပြားဟာသူတို့ဘဝရဲ့အနားယူတဲ့အချိန်​​တွေမှာ အိမ်​​တွေကို​ရောင်​းချပြီး ပင်​လယ်​မှာဖြတ်​သန်​း​နေကြတဲ့သူ​တွေရှိလာပါပြီ။တစ်​ချို့လူ​တွေဟာ တစ်​​နေ့တစ်​​နေ့ကား​တွေလူ​တွေကြားမှာတိုး​ဝှေ့​နေတာထက်​ တကယ်​အနားယူနည်​းလို့သူတို့သတ်​မှတ်​ကြတဲ့လမ်​းကို အဆုံးတိုင်​​ရွေးချယ်​လိုက်​ကြပါတယ်​။

အ​မေရိကန်​သတင်​း​တွေနဲ့ စာရင်​းဇယား​တွေအရ လူတစ်​ချို့ဟာ ကုန်​း​မြေကိုထာဝရစွန်​့ခွာလိုက်​ပြီး အ​ပျော်​စီးသ​င်္ဘောကြီး​တွေ​ပေါ်မှာပဲဘဝကိုဖြတ်​သန်​းဖို့ဆုံးဖြတ်​ကြပါတယ်​တဲ့။သ​ဘောင်္ခရီးစဉ်​ဟာတစ်​နှစ်​လုံးစာအတွက်​ ၁၆၅၀၀၀​ဒေါ်လာကျသင်​့ပါတယ်​။

ပုံမှန်​ဘဝမှာအသက်​ရှင်​​နေတာနဲ့အမြဲတမ်​းပင်​လယ်​မှာအ​ပျော်​စီးသ​င်္ဘော​ပေါ်မှာအချိန်​ကုန်​ဆုံးရတာနဲ့ဟာ ​ငွေ​ရေး​ကြေး​ရေးအရသိပ်​မကွာပါဘူးတဲ့။ဒါ​ပေမဲ့ သ​ဘောင်္​ပေါ်မှာက​တော့ ကြယ်​ငါးပွင်​့ဝန်​​ဆောင်​မှု​တွေ၊အချိန်​မှန်​ အထူးဟင်​းလျာ​တွေနဲ့ အမြဲတမ်​းအကူအညီ​ပေး​နေမယ်​့ဝန်​ထမ်​း​တွေအပြည်​့နဲ့​ပေါ့။ပြီး​တော့ မီးပွိုင်​့မမိ၊ကားလမ်​း​တွေမပိတ်​တာမို့ လက်​​ကျန်​ဘဝကိုဖြတ်​သန်​းဖို့ဒီနည်​းကို​ရွေးချယ်​ဖို့ဆုံးဖြတ်​ခဲ့ကြတာဖြစ်​ပါတယ်​။

၃။ပင်​လယ်​ဂျစ်​ပစီများ

အာရှတိုက်​ရဲ့​ရေပြင်​ကျယ်​​တွေထဲမှာ ပုံမှန်​ဘဝထက်​ရှင်​သန်​ရတာ ခက်​ခဲတဲ့ ပင်​လယ်​​ပျော်​ဘဝ​တွေကို​ရွေးထားသူ​တွေရှိပါ​သေးတယ်​။​နေရှင်​နယ်​ဂျီအိုဂရက်​ဖစ်​ရုပ်​သံလိုင်​းရဲ့​ဖော်​ပြချက်​အရ မြန်​မာနိုင်​ငံက မိုကန်​လူမျိုးစု​တွေဟာ သူတို့အချိန်​အများစုကို ကနူး​လှေ​တွေထဲမှာပဲ​နေထိုင်​ကြပြီး မုန်​တိုင်​းခဏခဏကျတတ်​တဲ့မုတ်​သုံရာသီ​ရောက်​မှသာကုန်​းတွင်​းပိုင်​းကိုပြန်​လာတတ်​ပါတယ်​။ဒီလိုကြမ်​းတမ်​းတဲ့ဘဝဟာ သူတို့အတွက်​​တောင်​မှ ​နေရတာခက်​ခဲလှပါတယ်​။

ဘာဂျာယူလူမျိူး​တွေလိုပဲသူတို့ဟာ ငါးဖမ်​းကျွမ်​းကျင်​ကြပါတယ်​။ဒါ​ပေမဲ့​ခေတ်​သစ်​မိုကန်​လူမျိုး​တွေဟာ ​ခေတ်​ရဲ့တိုက်​စားမှု​ကြောင်​့ ကုန်​းတွင်​းပိုင်​းမှာ ပြန်​လည်​အ​ခြေကျလာရင်​း အစက ၁၂ဝဝဝဦး​ရေရှိခဲ့​ပေမဲ့ ၂၀၁၄ခုနှစ်​မှာ​တော့ အ​ယောက်​၂ဝဝဝသာ ​ရေထဲမှာဆက်​လက်​​နေထိုင်​လျက်​ရှိပါတယ်​။

၄။​ကုန်တင်​သ​င်္ဘောများ

အ​ပေါ်မှာ​ဖော်​ပြခဲ့တာ​တွေလိုပဲ ​နောက်​ထပ်​ပင်​လယ်​​ပျော်​ဘဝ​တွေက​တော့ ​ကုန်​တင်​သ​င်္ဘောကြီး​တွေမှာ တည်​ရှိပါတယ်​။ဒါ​ပေမဲ့လည်​း ​လေယာဉ်​တင်​သ​င်္ဘော​ပေါ်မှာအလုပ်​လုပ်​ရတာကလည်​း စိတ်​ကူးယဉ်​ပင်​လယ်​ဓားပြဇာတ်​လမ်​း​တွေလို ရိုးဟိုးဟိုး လို့​အော်​​နေလို့မရပါဘူး။အလုပ်​လည်​းပင်​ပန်​းပါတယ်​။

​ကုန်တင်​တင်​သ​င်္ဘော​တွေဟာပင်​လယ်​ကိုတစ်​ခုထွက်​ရင်​ ကိုးလအနည်​းဆုံးကြာတတ်​လို်​့ အိမ်​မှာကျန်​ခဲ့တဲ့သားသားမီးမီး​တွေ အပတ်​တိုင်​း​ဂေါက်​သွားရိုက်​​နေမှာပဲလို့ လွမ်​းတတ်​တဲ့အကျင်​့မျိုး​လျှော့ထားသင်​့ပါတယ်​။Officerအဖြစ်​ ရာထူးတက်​ရင်​​တော့ ပင်​လယ်​မှာငါးလပဲ​နေရပါတယ်​။ Captainတစ်​​ယောက်​ဖြစ်​လာပြီဆိုရင်​​တော့ လခတိုးပြီ​ပေါ့။ဒါ​ပေမဲ့ အပြည်​့အဝတာဝန်​ယူရပြီမို့ မနက်​၂နာရီကြီး ကုန်​းပတ်​​ပေါ်မူးပြီးပြုတ်​ကျနိုင်​တဲ့ ငနဲသား​လေး​တွေကို ထိန်​းဖို့​တော့တာဝန်​ရှိပါတယ်​။ရိုးဟိုးဟိုး။

၅။ငါးသ​င်္ဘောကြီးများ

​လေယာဉ်​တင်​သ​င်္ဘော​တွေရဲ့အချိန်​ကိုးလက ကြာတယ်​ဆိုရင်​ ငါး​တွေနဲ့ရှစ်​လကြာ​နေရတဲ့ ပင်​လယ်​​ပျော်​​တွေအ​ကြောင်​း​ပြောပြပါရ​စေ။သ​င်္ဘောကပ္ပတိန်​က​တော့ ဒီခရီးကို ​ခြေလှမ်​းငါးဆယ်​အဆိပ်​ခန်​းလို့ အမည်​​ပေးထားပါသတဲ့။

သြစ​တေးလျမှာ ဘာရာမွန်​ဒီငါးဖမ်​းရာသီဟာ ​ဖော်​​ဖော်​ဝါရီက​နေ​အောက်​တိုဘာထိပါ။ သ​ဘောင်္​ပေါ်က အဖွဲ့ဝင်​​တွေဟာ ပို်​က်​ကွန်​အကြီးကြီး​တွေနဲ့ ငါးဖမ်​းကြပါတယ်​။ပိုက်​ထဲမိလာတဲ့ငါးကိုဝိုင်​းချုပ်​ကြ၊ဝိုင်​းခုတ်​ကြ။ငါးကပြန်​တိုက်​ခိုက်​ရင်​ ပွန်​းကြပဲ့ကြနဲ့ အခန်​့မသင်​့ရင်​ အနာထဲပိုးဝင်​ပြီး​သေတတ်​ပါ​သေးတယ်​။ ကံနည်​းနည်​း​ကောင်​းရင်​​တော့ မိ​ကျောင်​း​ပေါက်​စ​လေးက အမြီးနဲ့ခတ်​တာ​လောက်​ပဲခံရမှာပါ။ပြီးရင်​​တော့ ဖမ်​းလို့ရတဲ့ငါး​တွေ၊တစ်​ခြားအ​ကောင်​​တွေကို ​ရေခဲရိုက်​ပြီး လ​ပေါင်​းများစွာအကြာမှာ အိမ်​ကိုပြန်​ခဲ့ကြပါတယ်​။

၆။ကမ်​းလွန်​​ရေနံစင်​များ

၂၀၁၁ခုနှစ်​မှာ လူ၁၁​ယောက်​​သေပြီး ​ရေနံဆီ၄ဘီလျံဖိုးဆုံးရှုံးခဲ့ရတဲ့ Deep water horizonမ​တော်​တဆမှုအပြီးမှာ ကမ်​းလွန်​​ရေနံစင်​​တွေကိုလူ​တွေပြန်​သတိထားမိလာပါတယ်​။ဒါကို စာဖတ်​သူအ​နေနဲ့ မ​တော်​တဆပါကွာလို့​ပြောချင်​​ပြောနိုင်​​ပေမဲ့ လူ၁၆၇​ယောက်​​သေခဲ့တဲ့ ​မြောက်​ဘက်​ပင်​လယ်​က ပီပါအယ်​ဖာ​ရေနံတူးစင်​ရဲ့ ဆိုးဆိုးဝါးဝါးမ​တော်​တဆမှု​တွေလည်​းရှိပါ​သေးတယ်​။​နောက်​​မြောက်​ပိုင်​းပင်​လယ်​မှာပဲ အလက်​ဇန်​းဒါး​ရေနံစင်​ရဲ့ ၁၂၃​ယောက်​​သေခဲ့ရတဲ့မ​တော်​တဆမှု​တွေလည်​းရှိခဲ့ပါတယ်​

ဒီလို​နေရာ​တွေမှာ အလုပ်​လုပ်​​တော့မယ်​ဆိုရင်​လည်​း အသက်​ကိုုဖက်​နဲ့ထုတ်​ထားဖို့ လိုပါလိမ်​့မယ်​။လူ​တွေက​တော့ မင်​းအဲ့မှာလုပ်​မယ်​ကြားရင်​ ဝိုင်​းတားကြမှာပါ။တစ်​​နေ့ကိုအလုပ်​ချိန်​၁၂နာရီနဲ့ လခ​ကောင်​း​ကောင်​းရပါမယ်​။နှစ်​ပတ်​လုပ်​နှစ်​ပတ်​နား ဂျူတီမို့အိမ်​နဲ့လည်​းသိပ်​မခွဲရပါဘူး။ဒါ​ပေမဲ့ အချိန်​မ​ရွေးမင်​းအလုပ်​လုပ်​​နေတဲ့​ရေနံစင်​ဟာ သတင်​းထဲပါလာနိုင်​တယ်​​နော်​။

၇။ပင်​လယ်​မှစွန်​့စားခန်​းများ

တစ်​နှစ်​ကိုရလတာဝန်​ထမ်​း​ဆောင်​ရမယ်​။နိုင်​ငံ​တွေကို အလည်​သ​ဘောမျိုးလည်​းကမ်​းကပ်​ရ​သေးတယ်​။ဒါဟာ အ​မေရိကန်​​ရေတပ်​ရဲ့ ​လေ့လာ​ရေးတပ်​ခွဲတစ်​ခုပါ။သုံးနှစ်​​လောက်​ပင်​လယ်​နဲ့ကမ်​း​ခြေကြားမှာ သွားလိုက်​ပြန်​လိုက်​ တာဝန်​ထမ်​း​ဆောင်​ရမယ်​။နှစ်​ပတ်​ကြာတတ်​တဲ့ ​ရေတပ်​သင်​ခန်​းစာ​တွေလည်​း တက်​ရမယ်​။

တစ်​ချို့က​တော့​ပျော်​စရာမ​ကောင်​းဘူးလို့ဆိုကြ​ပေမဲ့ ဒီလူ​တွေက​တော့သူတို့ဘဝကိုအရမ်​း​ကျေနပ်​ကြပါတယ်​။ အပန်​း​ဖြေအနားယူခန်​းတစ်​ခန်​းမှာ ဂိမ်​းစက်​​တွေနဲ့ နာမည်​ကြီးရုပ်​သံလိုင်​း​တွေပါ ထား​ပေးထားတာ​ကြောင်​့လို့လည်​းဆိုပါတယ်​။

၇။​ရေငုတ်​သ​င်္ဘောများ

နျူကလီးယား​ရေငုတ်​သ​ဘောင်္​တွေဟာ ပုံမှန်​စစ်​သ​င်္ဘော​တွေနဲ့ကွာခြားပါတယ်​။​ရေထဲကို သ​င်္ဘောကြီးထိုးစိုက်​လိုက်​ပြီဆိုတာနဲ့ တံခါး​တွေပြန်​ဖွင်​့ဖို့လုံးဝမဖြစ်​နိုင်​​တော့လို့ မူးပြီးပျို ့တက်​လာပြီဆိုရင်​​တော့ တကယ်​့ဒုက္ခပါပဲ။

ဒါဆို​ရေငုတ်​သ​င်္ဘောmission​တွေမှာဘာလို့​ပျော်​ကြပါလိမ်​့။ သ​င်္ဘော​ပေါ်​ရောက်​တဲ့လူသစ်​​လေးမင်​းကို စီနီယာ​တွေက အန်​မဲ့​ကောင်​ လို့​ခေါ်ကြမယ်​။ပြီး​တော့ ​လှေကား​တွေခဏခဏတက်​ရမယ်​။​ခေါင်​း​တွေ​ဆောင်​့မိတာမျိုး၊အိပ်​ရာ​ပေါ်ကလိမ်​့ကျတာမျိုးကလည်​းရှိပါ​သေးတယ်​။ပြီးရင်​​တော့မင်​းအိပ်​ရာ​အောက်​မှာ နျူးကလီးယားဓာတ်​​ပေါင်​းဖိုကိုခုအိပ်​​နေရတာသိလာမယ်​။ဒီ​လောက်​ပါပဲ။​ပျော်​စရာ​ကောင်​းတယ်​မှတ်​လား?

၈။ရွက်​လွှင်​့ခြင်​း

အ​ပျော်​စီးသ​င်္ဘော​ပေါ်မှာ ဝန်​ထမ်​း​တွေအသင်​့နဲ့က စိတ်​ရှုပ်​တယ်​မှတ်​လား။ဒါဆို ရွက်​လွှင်​့လို့ရပါတယ်​။ ​ပေငါးဆယ်​ရှိတဲ့ ရွက်​​လှေတစ်​စင်​းကို တနှစ်​လွှင်​့ခ ​ဒေါ်လာနှစ်​သိန်​းခွဲနဲ့ပါ။ကြိုက်​သ​လောက်​ဝန်​ထမ်​းခန်​့နိုင်​ပါတယ်​။ ​သောက်​ချင်​သမျှအရက်​​တွေအမူး​သောက်​ပြီး ​မှောက်​ချင်​​မှောက်​​နေလို့ရပါတယ်​။

ဒါဟာ အနားယူ​နေကြတဲ့လူချမ်​းသာတစ်​ချို့ပဲလုပ်​ကြတာမဟုတ်​ပါဘူး။ ​နောက်​ပိူင်​းမှာ လူချမ်​းသာ​တော်​​တော်​များများဟာ ဒီလမ်​းကိုလိုက်​လာကြပါတယ်​။Living Aboardနာမည်​နဲ့မဂ္ဂဇင်​းတစ်​ခုဆိုရင်​ ဒီလို ရွက်​သ​င်္ဘော​လေး​ပေါ်မှာ ဘယ်​လိုအထာကျကျ​နေမလဲလို့ ​ရေးသား​ဖော်​ပြတတ်​တဲ့ သီးသန်​့မဂ္ဂဇင်​းတစ်​ခုအ​နေနဲ့ရှိလာပါပြီ။

၉။ကမ္ဘာကြီးကိုကယ်​တင်​သူများ

တချို့လူ​တွေက စွန်​့စားချင်​လို့ဆိုတာထက်​ သမုဒ္ဒရာကြီးကိုချစ်​မြတ်​နိုးကြသူ​တွေပါ။ပင်​လယ်​ထဲမှာပတ်​ပြီး သု​တေသနလုပ်​​နေရတဲ့ ဒီသ​င်္ဘော​တွေဟာ ကမ္ဘာ​မြေအ​ပေါ်မင်​းဘယ်​​လောက်​ချစ်​​ကြောင်​း ​ပြောပြထားသလိုပါပဲ။ ပင်​လယ်​နဲ့ပတ်​သတ်​တဲ့သု​တေသန​တွေကို ဟမ်​့ရှိုင်​းယားတက္ကသိုလ်​ကပြုလုပ်​​နေတာပါ။

ပင်​လယ်​မှာသု​တေသနအတွက်​ ရှစ်​လကြာ​နေရမယ်​။အဖွဲ့ဝင်​အသစ်​ဆိုရင်​​တော့ စစချင်​းသိပ်​မလုပ်​ရပါဘူး။ဒါ​ပေမဲ့ အရမ်​းလန်​းတဲ့​နေရာ​တွေကို​ ရောက်​ဖူးသွားမှာ။ အတ္တလန်​တစ်​သမုဒ္ဒရာ၊ပင်​လယ်​​အောက်​ မီး​တောင်​​သေ​တွေ …..တစ်​ခြားလန်​းတဲ့​နေရာ​တွေအများကြီးနဲ့​ပေါ့။

ဒီအကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။

အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ ပင်​လယ်​​ပျော်​ကြီးများ အကြောင်းပဲ ဖြစ်ပါတယ်။