ပထမဆုံး ဇာတ်ကားကို ရိုက်ကူးဖြစ်တော့မယ်ဆိုတဲ့ နော်ဖောအယ်ထား

0
94

ခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလိုလုပ်လာပြီး ချစ်စရာဟန်ပန်အမူအရာ တိုင်းရင်းသူဖြစ်တာကြောင့် စကားသံဝဲဝဲလေးတွေတို့ကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ရှိလာနေပြီ ဖြစ်တဲ့ နော်ဖောအယ်ထားကတော့ မကြာခင်အချိန်မှာ ပရိသတ်တွေ မျှော်လင့်နေကြတဲ့အတိုင်း ဇာတ်လမ်းတွဲကို ရိုက်ကူးဖြစ်တော့မယ့်အကြောင်းကို Sundayရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

ကြိုက်နှစ်သက်ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး နော်ဖောအယ်ထားက “ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာအတွက် အဆင်ပြေတဲ့ပုံစံမျိုးပေါ့နော် ညီမနဲ့လိုက်တဲ့ဟာမျိုးတွေ ပွဲတက်မဟုတ်ပဲ နေတိုင်းဝတ်လို့ရတဲ့ဟာလေးတွေပေါ့ အဲ့လိုမျိုး ပုံစံလေးတွေပေါ့ ဦးစားပေးပြီး ဝတ်ဖြစ်ပါတယ်။ အမှန်တိုင်းပြောရရင်လေ တကယ့်အပြင်မှာ သွားတဲ့အခါကျရင်ညီမတို့ ဓာတ်ပုံရိုက်စရာရှိတာကလွဲလို့ရှိရင်တော့ ညှိပြီးဝတ်တာတော့မရှိဘူးပေါ့နော်။ အဲ့ထဲကနေမှ ထူးထူးခြားခြားတိုက်ဆိုင်သွားတာမျိုးတွေလည်းရှိတယ် ဒါပေမဲ့ သေချာတာတစ်ခုကတော့ တစ်ခါမှတော့ တိုက်ပြီးတော့ မဝတ်ဖြစ်ဘူး။”လို့ပြောသွားခဲ့ပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး နော်ဖောအယ်ထားက”ညီမဒါပြီးရင် ပွဲတက်လေးတွေ ကြော်ငြာလေးတွေပဲ ရိုက်ကူးဖြစ်နေပါတယ်။ ညီမဇာတ်လမ်းတွဲကို နောက်လက စရိုက်ပါမယ်။ ရင်ခုန်တာထက် အပူအပင်နည်းနည်းများနေတယ်ပေါ့နော်။ First Timeလည်း ဖြစ်တဲ့အတွက်ကြောင့် ကိုယ်မလုပ်နိုင်မှာလည်း ကြောက်တယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး ကြိုးစားရမယ်ပေါ့နော်။ အခုဆိုရင် ကိုယ့်နယ်ပယ်လည်း မဟုတ်ဘူး။ ပထမဦးဆုံးရိုက်ကူးရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အများကြီး ပြင်ဆင်ရပါတယ်။”လို့ ပြောခဲ့ပါတယ်။

အခုအချိန်မှာ ဘယ်သူတွေရဲ့ ကာရိုက်တာကို လေ့လာဖြစ်လဲလို့ မေးမြန်းရာ “အဲ့လိုမျိုးလေ့လာတယ်လို့တော့ မရှိဘူး။ ရုပ်ရှင်တွေအများကြီးကြည့်ဖြစ်တယ် မြန်မာရော ကိုရီးယားရော အင်္ဂလိပ်ကားတွေရော အကုန်ကြည့်ဖြစ်တယ် အဲ့ခဲကနေမှ သူတို့ပုံစံနဲ့ လိုက်အောင်ဘယ်လိုသရုပ်ဆောင်လဲ အဲ့လိုမျိုးလေးတွေတော့ လေ့လာဖြစ်ပါတယ်။ ကျောင်းသွားတယ် ကျောင်းလစ်တယ် အဲ့မှာဇာတ်လမ်းလေးတွေ ဖြစ်လာတယ်ပေါ့ အဲ့လိုမျိုးကာရိုက်တာလေးတွေ ပေါ့ပေါ့ပါးပါးလေးတွေ ရိုက်ချင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ကို့ယ်ဘဝအတွက် ရည်မှန်းချက်နဲ့ ပတ်သက်ပြီးတော့”ရည်မှန်းချက်ဆိုတာထက် ညီမကတော့ ရောက်တဲ့နေရာမှာ ထူးချွန်အောင် ကြိုးစားတဲ့လူတစ်ယောက်ဖြစ်ချင်တယ်။ ဆိုတော့ ဒီထက်ပိုပြီးအကောင်းဆုံးအရာတွေကို ညီမကြိုးစားသွားမှာပါ။”လို့ ပြောခဲ့ပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်လာပြီဖြစ်တဲ့အတွက် တာဝန်တွေပိုပိလာပြီလားလို့ မေးမြန်းလိုက်ရာ “ဟုတ်ပိုပိလာပါပြီ အရင်ကထက် ပိုပိလာပြီ ဓာတ်ပုံရိုက်တာ Videoရိုက်တာနဲ့ မတူတော့ဘူး အရမ်းကိုပိနေပါပြီ။”လို့ ပြောသွားခဲ့ပါတယ်။

ဇာတ်လမ်းတွဲတွေကိုရော ကြည့်ဖြစ်လားလို့ မေးမြန်းလိုက်ရာ “ကြည့်ဖြစ်ပါတယ် အရင်ကတည်းက MRTV 4လာတာတွေကို။ ကိုယ်က နေ့တိုင်း နေ့တိုင်းမှာ အချိန်မရတော့ မကြည့်ဖြစ်ဘူးပေါ့နော်။ ကြုံရင်ကြုံသလိုမျိုး ကိုယ်ကြည့်တဲ့အချိန်နဲ့ ကိုက်တဲ့အခါမျိုးတွေ ကြည့်ဖြစ်ပါတယ်။ ညီမကို ပရိသတ်တွေက အမြဲတမ်းမေးတယ်ပေါ့နော်။ ဘယ်တော့ဇာတ်ကားတွေရိုက်ကူးတော့မှာလဲ သရုပ်ဆောင်လုပ်တာ ကြည့်ချင်ပြီပေါ့။ ဆိုတော့ ညီမအခု ကြိုးစားပါမယ် ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်းဖြစ်ချင်မှတော့ ဖြစ်မယ်။ ဒါပေမဲ့ အမြဲတမ်း ဒီထက်ဒီထက် ပိုကောင်းအောင် ကြိုးစားသွားပါမယ်လို့ ညီမပြောချင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။