ပထမဆုံးခွေကတည်းကဝိုင်းစုအတွက်ရည်ရွယ်ပြီးဆိုခဲ့တဲ့ အောင်လ

0
88

အောင်လနဲ့ဝိုင်းစုဆိုတာက ဟိုးလွန်ခဲ့တဲ့နှစ်တွေအကြာကြီးကတည်းကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီးကံမကောင်းအကြောင်းမလှလို့ကြားထဲမှာ ဝေးသွားကြကာ သိပ်မကြာခင်ကမှပြန်လည်လက်တွဲခဲ့တဲ့ စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုဟိုးအရင်ကတည်းက သဘောတူခဲ့တဲ့ ပရိသတ်တွေကလည်းတော်တော်များပြီး အခုလိုနှစ်တွေကြာမှပြန်လက်တွဲကြတဲ့အခါ တစ်ယောက်အကြောင်းတစ်ယောက်နားလည်ပြီးသားဖြစ်တာမို့ တွဲလက်တွေခိုင်မာလာကြတဲ့အတွက်တစ်နိုင်ငံလုံးက ပရိသတ်တွေက ဝမ်းသာကြည်နူးမဆုံးဖြစ်နေရတာပါ။

အောင်လနဲ့ ဝိုင်းစုက အင်တာဗျူးတွေလည်းအတူတူဖြေလေ့ရှိပြီး တစ်ခါတစ်လေ တစ်ယောက်တည်းတွေဖြေရတဲ့ အင်တာဗျူးတွေမှာလည်းနှစ်ယောက်စလုံးက တစ်ယောက်အကြောင်းတစ်ယောက်မမေ့မလျော့ထည့်ပြောရလောက်တဲ့အထိကို တစ်ယောက်ကိုတစ်ယောက်ချစ်ကြတာပါ။ အခုလည်းအောင်လက 8days TV နဲ့ Interview မှာ ဝေးနေကြတဲ့နှစ်တွေမှာကတည်းက ဝိုင်းစုအတွက်ရည်ရွယ်တဲ့ သီချင်းတွေရေးခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ နှစ်ယောက်အတူလုပ်မယ့် အနုပညာလုပ်ငန်းတွေအကြောင်းကိုဖြေကြားသွားပါတယ်။

အောင်လက နားလည်မှုတွေခိုင်မာနေတဲ့ ဝိုင်းစုနဲ့ အချစ်ရေးအကြောင်းကို “ကျွန်တော်တို့အခြေအနေတွေကတော့ ကျွန်တော်တို့ပြောစရာမလိုပါဘူး။ သိမှာပါ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်နားမလည်လို့ရှိရင် ဒီအချိန်ထိတောင်ခံဖို့မလွယ်ပါဘူး။ အဓိကကတော့ သူ့ကိုလည်းကျွန်တော်ချစ်တယ်။ကျွန်တော့်ကိုလည်းသူချစ်တယ်ပေါ့နော်။အဲ့ဒါနဲ့ပဲသွားရတာပေါ့”လို့ ပြောပြထားပြီး ဝိုင်းစုစိတ်ကောက်တဲ့အခါချော့ရကြောင်းကို “ချော့ပါတယ်။ အဓိကကတော့ စိတ်ဆိုးစိတ်ကောက်တဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ် ပြောကြတာပါပဲ။ ဒါပေမယ့် သိပ်မကြာပါဘူး။ ခဏပဲအဲ့ဒါက”လို့ ပြောပြထားပါတယ်။

အောင်လက လက်ရှိအနုပညာလှုပ်ရှားမှုအကြောင်းကို “အခွေကတော့ အသုံးတော်ခံဆိုတဲ့အခွေလေးရှိမယ်။ကျွန်တော်လုပ်နေတာလည်းတော်တော်ကြာပါပြီ။အဲဒီအခွေလေးကတော့ အခု နောက်လသီတင်းကျွတ်လဆိုအဲဒီအခွေလေးထွက်ပြီ၊FG Entertaiment ကနေဖြန့်မှာပေါ့နော်။ နောက်ထပ် အဲဒီအခွေပြီးသွားတော့ ဒုတိယအခွေအတွက်လည်းသီချင်းက ခုနစ်ပုဒ်လောက်ပြီးနေပြီ။နောက်ပိုင်းတော့ ကျွန်တော်သိပ်မကြဲတော့ဘူး။ တောက်လျှောက်ထွက်ဖြစ်တော့မှာ”လို့ပြောပြထားပါတယ်။

အောင်လက ဟိုးအရင်ကတည်းက ဝိုင်းစုအတွက်ရည်ရွယ်ပြီးသီချင်းတွေဆိုဖြစ်ကြောင်းကို “ကျွန်တော်တို့ အချစ်သီချင်းလေးတွေထွက်ဖို့ရှိတယ်။ နောက်ပြီးတော့ ကျွန်တော်တို့အဆင်ပြေရင်ပြေသလိုပေါ့။ အွန်လိုင်းပေါ်ကပဲဖြစ်ဖြစ် cover song လေးတွေပဲဖြစ်ဖြစ်ပျော်စရာလေးတွေပဲဖြစ်ဖြစ်လုပ်ဖို့ရှိတယ်။ ကျွန်တော်တော်တော်များများ ဟိုးအရင်ကတည်းက ပထမအခွေထွက်ကတည်းက သူ့အတွက်ရည်ရွယ်ပြီးဆိုထားတဲ့သီချင်းတွေတော်တော်များတယ်”လို့ရှက်ရယ်ရယ်ပြီးပြောပြထားသလို အခုအခွေမှာလည်း ဝိုင်းစုကိုရည်ရွယ်တဲ့သီချင်းတွေပါကြောင်းကို “အခုလည်းပါတယ်။ အခုက သူ့အိုင်ဒီယာတောင်ပိုများသေးတယ်။ ကျွန်တော်ဂစ်တာကော့ဒ်လေးချလိုက်ရုံပဲရှိသေးတယ်။သူက ဒါဆိုဟိုအကြောင်းအရာဆို တန်းသိတယ်” လို့ ဖွင့်ဟထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော အောင်လနဲ့ဝိုင်းစုကိုချစ်တဲ့ပရိသတ်တွေရှိကြလား။ သူတို့နှစ်ယောက်ပေါင်းပြီးထွက်လာမယ့် သီချင်းတွေကိုလည်းအားပေးကြမယ်နော်။

Can’t Wait To Say

Unicode







Can’t Wait To Say