ပရိသတ္တစ္ေယာက္ရဲ႕ အသက္(၁၀၀) ျပည့္ေမြးေန႔ကုိ ဗီဒီယုိေလးနဲ႔ ဆုေတာင္းေပးလိုက္တဲ့ The Rock

The Rockလို႔ေခၚတဲ့ Dwayne Johnson ၾကီးဟာ ပရိသတ္ေတြကုိ ခ်စ္ျမတ္နုိးသူျဖစ္ျပီး ထင္မထားတဲ့ surprise ေတြအမ်ိဳးမ်ိဳးလည္းလုပ္ေပးတတ္သူပါ။ ပရိသတ္ေတြကုိ လမ္းမွာေတြ႕ရင္ျပံဳးရႊင္စြာတရင္းတနွီးနႈတ္ဆက္တတ္တဲ့ The Rock ၾကီးက လူမႈကြန္ယက္ေတြမွာလည္း သူ႔ကုိခ်စ္တဲ့ ပရိသတ္ေတြကို အျမဲတမ္းသတိထားမိျပီး Twitter မွာဆိုရင္လည္းပံုေတြကုိအသည္းေပးတာ၊ ျပန္လည္ေဝမွ်တာ comment ဝင္ေပးတာေတြလည္းလုပ္တတ္ေသးတာမို႔ တစ္ကမၻာလံုးက ပရိသတ္ေတြရဲ႕အခ်စ္ကို အျပည့္အဝရရွိထားတဲ့အနုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။

သိပ္မၾကာေသးခင္နွစ္ေတြတုန္းက The Rock က သူ႕ကို ေက်ာင္းကပြဲအတူူတူသြားဖို႔ဖိတ္ေခၚခဲ့တဲ့ အထက္တန္းေက်ာင္းသူေလးကို သူ႔ရဲ႕အလုပ္ေတြေၾကာင့္ေက်ာင္းကပြဲေတာ့အတူူတူမလိုက္နို္င္ေၾကာင္းနဲ႔ အဲဒီအစား ရုပ္ရွင္ရံုတစ္ရံုလံုးကုိ ငွားရမ္းျပီး အဲဒီအခ်ိန္တုန္းက သူ႔ရဲ႕ အသစ္စက္စက္ရုပ္ရွင္ျဖစ္တဲ့ Rampage ဇာတ္ကားကိုၾကည့့္ခြြင့္ေပးခဲ့ပါတယ္။ ဒါတင္မကေသးပါဘူး။ The Rock က ပရိသတ္ေတြကုိ ၾကံဳတဲ့ေနရာမွာ ၾကံဳသလိုေတြ surprise လုပ္တတ္သူပါ။ အခုလည္း The Rock ဟာ သူ႔ရဲ႕ပရိသတ္ အဖြားတစ္ဦးကို အရမ္းကုိၾကည္နူးစရာ စိတ္လႈပ္ရွားစရာေကာင္းတဲ့ Video ေလးနဲ႔ surprise လုပ္လိုက္ျပန္ပါျပီ။



အသက္ 47 နွစ္ရွိျပီျဖစ္တဲ့ The Rock ဟာ သူ႔ရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္သူ အဖြား Grover ရဲ႕ အသက္ ၁၀၀ ျပည့္ေမြးေန႔ကုိ ေမြးေန႔ဆုေတာင္းေပးခဲ့ပါတယ္။ ေမြးေန႔ဆုေတာင္း video ေလးထဲမွာ Dwayne က အဖြား Grover ကုိ “Happy Birthday ပါ Grover ေရ။ အန္တီက Philadelphia ကေနာ္။ ကြ်န္ေတာ္ Philadelphia ကုိ ခ်စ္တယ္။ အန္တီရဲ႕အသက္တစ္ရာျပည့္ေမြးေန႔အတြက္ ကြ်န္ေတာ္ အခ်စ္ေတြအမ်ားၾကီးပုိ႔လႊတ္လိုက္ပါတယ္။ အသက္တစ္ရာျပည့္သြားတဲ့အတြက္အမ်ားၾကီးဂုဏ္ယူပါတယ္။ အန္တီ့နားမွာရွိေနတဲ့လူေတြကလည္း အန္တီေမြးလာတဲ့အတြက္ေပ်ာ္ရႊင္ေနမွာပါ။ တစ္ရာဆိုတာ သိပ္လွတဲ့အသက္အရြယ္ပဲ။ Marie Grover ဘဝကိုေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းပါ။ အမ်ားၾကီးခ်စ္ပါတယ္”လို႔ Happy Birthday သီခ်င္းဆုိျပီး ၾကည္နူးစရာစကားေလးေတြေျပာသြားခဲ့ပါတယ္။




အဖြား Grover ရဲ႕ေျမးျဖစ္သူရဲ႕ သူငယ္ခ်င္းမေလးက အဖြားက The Rock ကုိဘယ္ေလာက္ေတာင္စြဲလန္းမွန္းသိေနတာေၾကာင့္ The Rock အေနနဲ႔ အဖြားရဲ႕ အသက္ ၁၀၀ ျပည့္ေမြးေန႔ကုိ ေမြးေန႔လက္ေဆာင္စကားေလးေျပာေပးနုိင္မလားလို႔ Twitter ေပၚမွာ ပုိ႔စ္တင္ထားခဲ့တာျဖစ္ျပီးအဲဒါကုိ The Rock ကေတြ႕သားခဲ့ျပီး သူမရဲ႕ ဆႏၵကုိျဖည့္ဆည္းေပးခဲ့တာျဖစ္ပါတယ္။အဖြားက The Rock ရဲ႕ ေမြးေန႔ဆုေတာင္း Video လးကိုၾကည့္ျပီး ကေလးေလးတစ္ေယာက္လိုေပ်ာ္ရႊင္ေနခဲ့ပံုဟာ ျမင္ရသူတိုင္းကို အေပ်ာ္ေတြကူးစက္ေစခဲ့တာအေသအခ်ာပါပဲ။

Unicode



The Rockလို့ခေါ်တဲ့ Dwayne Johnson ကြီးဟာ ပရိသတ်တွေကို ချစ်မြတ်နိုးသူဖြစ်ပြီး ထင်မထားတဲ့ surprise တွေအမျိုးမျိုးလည်းလုပ်ပေးတတ်သူပါ။ ပရိသတ်တွေကို လမ်းမှာတွေ့ရင်ပြုံးရွှင်စွာတရင်းတနှီးနှုတ်ဆက်တတ်တဲ့ The Rock ကြီးက လူမှုကွန်ယက်တွေမှာလည်း သူ့ကိုချစ်တဲ့ ပရိသတ်တွေကို အမြဲတမ်းသတိထားမိပြီး Twitter မှာဆိုရင်လည်းပုံတွေကိုအသည်းပေးတာ၊ ပြန်လည်ဝေမျှတာ comment ဝင်ပေးတာတွေလည်းလုပ်တတ်သေးတာမို့ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရရှိထားတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

သိပ်မကြာသေးခင်နှစ်တွေတုန်းက The Rock က သူ့ကို ကျောင်းကပွဲအတူူတူသွားဖို့ဖိတ်ခေါ်ခဲ့တဲ့ အထက်တန်းကျောင်းသူလေးကို သူ့ရဲ့အလုပ်တွေကြောင့်ကျောင်းကပွဲတော့အတူူတူမလိုက်နို်င်ကြောင်းနဲ့ အဲဒီအစား ရုပ်ရှင်ရုံတစ်ရုံလုံးကို ငှားရမ်းပြီး အဲဒီအချိန်တုန်းက သူ့ရဲ့ အသစ်စက်စက်ရုပ်ရှင်ဖြစ်တဲ့ Rampage ဇာတ်ကားကိုကြည့့်ခွွင့်ပေးခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ The Rock က ပရိသတ်တွေကို ကြုံတဲ့နေရာမှာ ကြုံသလိုတွေ surprise လုပ်တတ်သူပါ။ အခုလည်း The Rock ဟာ သူ့ရဲ့ပရိသတ် အဖွားတစ်ဦးကို အရမ်းကိုကြည်နူးစရာ စိတ်လှုပ်ရှားစရာကောင်းတဲ့ Video လေးနဲ့ surprise လုပ်လိုက်ပြန်ပါပြီ။

အသက် 47 နှစ်ရှိပြီဖြစ်တဲ့ The Rock ဟာ သူ့ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်သူ အဖွား Grover ရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့ကို မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ မွေးနေ့ဆုတောင်း video လေးထဲမှာ Dwayne က အဖွား Grover ကို “Happy Birthday ပါ Grover ရေ။ အန်တီက Philadelphia ကနော်။ ကျွန်တော် Philadelphia ကို ချစ်တယ်။ အန်တီရဲ့အသက်တစ်ရာပြည့်မွေးနေ့အတွက် ကျွန်တော် အချစ်တွေအများကြီးပို့လွှတ်လိုက်ပါတယ်။ အသက်တစ်ရာပြည့်သွားတဲ့အတွက်အများကြီးဂုဏ်ယူပါတယ်။ အန်တီ့နားမှာရှိနေတဲ့လူတွေကလည်း အန်တီမွေးလာတဲ့အတွက်ပျော်ရွှင်နေမှာပါ။ တစ်ရာဆိုတာ သိပ်လှတဲ့အသက်အရွယ်ပဲ။ Marie Grover ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။ အများကြီးချစ်ပါတယ်”လို့ Happy Birthday သီချင်းဆိုပြီး ကြည်နူးစရာစကားလေးတွေပြောသွားခဲ့ပါတယ်။

အဖွား Grover ရဲ့မြေးဖြစ်သူရဲ့ သူငယ်ချင်းမလေးက အဖွားက The Rock ကိုဘယ်လောက်တောင်စွဲလန်းမှန်းသိနေတာကြောင့် The Rock အနေနဲ့ အဖွားရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့ကို မွေးနေ့လက်ဆောင်စကားလေးပြောပေးနိုင်မလားလို့ Twitter ပေါ်မှာ ပို့စ်တင်ထားခဲ့တာဖြစ်ပြီးအဲဒါကို The Rock ကတွေ့သားခဲ့ပြီး သူမရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တာဖြစ်ပါတယ်။အဖွားက The Rock ရဲ့ မွေးနေ့ဆုတောင်း Video လးကိုကြည့်ပြီး ကလေးလေးတစ်ယောက်လိုပျော်ရွှင်နေခဲ့ပုံဟာ မြင်ရသူတိုင်းကို အပျော်တွေကူးစက်စေခဲ့တာအသေအချာပါပဲ။