ပရိသတ္ေတြကုိအသိမေပးပဲ လ်ိဳ႕ဝွက္စြာကေလးေမြးခဲ့ၾကတဲ့ ကမၻာေက်ာ္ေတြ

ကမၻာေက်ာ္ေတြဆိုတာက သူတို႔ရဲ႕ ဘဝတစ္ေလွ်ာက္လံုး မီးေရာင္ေအာက္မွာေနခဲ့ရျပီး တစ္ကမၻာလံုး က အျမဲတမ္းစိတ္ဝင္တစားေစာင့္ၾကည့္ျခင္းခံေနရတဲ့သူေတြဆိုရင္လည္းမမွားပါဘူး။ ဒါေပမယ့္ ကမၻာေက်ာ္ေတြထဲကမွ သိပ္ကုိေတာ္တဲ့လူေတြကေတာ့ သူတို႔ရဲ႕ ကုိယ္ပုိင္ဘဝအခ်ိဳ႕အဝက္ကို media ေတြြ၊ပရိသတ္ေတြ၊ပါပါရာဇိီေတြလံုးဝမသိေအာင္ ပိပိရိရိနဲ႔ဖံုးကြယ္ထားနုိင္စြမ္းရွိၾကပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ ဘယ္သူမွမသိလုိက္ေအာင္ ပိပိရိရိနဲ႔ ရင္ေသြးေလးေတြေမြးထားခဲ့ၾကဖူးတဲ့ ကမၻာေက်ာ္ေတြကုိ ေဖာ္ျပလိုက္ပါတယ္။

Sandra Bullock


မင္းသမီးၾကီး Sandra Bullock ကေတာ့ ကေလးခ်စ္တတ္ျပီး သူကုိယ္တုိင္လည္း ကေလးနွစ္ေယာက္ေမြးစားထားသူျဖစ္ပါတယ္။ Sandra ဟာ ပထမသားေလး Louis ကုိ ေမြးစားျပီးေနာက္မွာ 2015 မွာ သမီးေလး Laila ကုိ ထပ္မံေမြးစားခဲ့ျပီး သမီးေလးကုိ ေမြးစားတာကုိ မီဒီယာေတြကုိအသိမေပးပဲလ်ဳိ႕ဝွက္ထားခဲ့တာျဖစ္ပါတယ္။ 2015 December မွာမွ ပါပါရာဇီေတြက Sandra ကုိ သမီးေလးကုိ ေဆးရံုေခၚလာတာေတြ႕မွ သမီးေလးတစ္ေယာက္ထပ္ေမြးစားလိုက္ျပီဆိုတဲ့အေၾကာင္း ေျပာျပလာခဲ့တာျဖစ္ပါတယ္။



Zoe Saldana




ပရိသိတ္ေတြက အစိမ္းေရာင္ေကာင္မေလး Gamora အျဖစ္မွတ္မိေနၾကမယ့္ Zoe Saldana ဟာလည္း သူမရဲ႕ ကုိယ္ပုိင္ဘဝကုိ သုိသိပ္လ်ိဳ႕ဝွက္စြာျဖတ္သန္းတတ္သူတစ္ဦးပါ။ သူမရဲ႕ ကေလးသံုးေယာက္စလံုးကုိ ပရိသတ္ေတြက ေမြးျပီးေတာ္ေတာ္ၾကာမွသာသိခဲ့ရတာခ်ည္းပါပဲ။ Zoe နဲ႔ Marco Perego တို႔ဟာ ကေလးသံုးေယာက္ရထားျပီး လက္ရွိမွာ သာယာတဲ့ မိသားစုေလးပုိင္ဆိုင္ထားၾကပါတယ္။

Drake



ကမၻာေက်ာ္အဆိုေတာ္ Drake ကေတာ့ 2018 June မွာ သူအရမ္းခ်စ္တဲ့ Sophie Brussaux နဲ႔ အတူ ရွစ္လအရြယ္သားေလး Adonis ရွိေနပါျပီလို႔ ရုတ္တရက္ၾကီးထျပီး ေၾကျငာလုိက္တဲ့အခါ တစ္ကမၻာလံုးက လန္႔ဖ်ပ္အံ့ၾသသြားခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ Drake က သားေလးေၾကာင့္ ပုိုျပီးကံေကာင္းလာတယ္လို႔ထင္တယ္ဆိုတဲ့ ပီတိစကားေတြကိုလည္း မိီဒီယာေတြကုိေျပာျပခဲ့ပါေသးတယ္။

Kylie Jenner နဲ႔ Travis Scott

Kylie ကုိ Travis နဲ႔အတည္ၾကီးတြဲေနျပီလို႔ ပရိသတ္ေတြက မယံုမရဲျဖစ္ေနရတဲ့အခ်ိန္မွာပဲ Kylie က Travis နဲ႔ သမီးေလးတစ္ေယာက္ထေမြးခ်လုိက္တဲ့အခါ တစ္ကမၻာလံုးကပရိသတ္ေတြအံ့ၾသတၾကီးျဖစ္သြားခ့ဲ့ရတယ္ဆုိရင္လည္းမမွားပါဘူး။ Kylie နဲ႔ Travis က ကေလးရွိေနျပီဆိုတာကုိ အတတ္နုိင္ဆံုးမေျပာပဲလ်ိဳ႕ွဝွက္ထားခဲ့ၾကတာျဖစ္ျပီး Kylie ကုိ္ယ္ဝန္လရင့္လာမွသာ ပရိသတ္ေတြသိခြင့္ရခဲ့တာျဖစ္သလို ကေလးကုိလည္း ေမြးျပီးအေတာ္ၾကာမွ Kylie က ထုတ္ျပခဲ့တာပါ။

Adele နဲ႔ Simon Konecki

Adele ဟာ သူ႔ရဲ႕ ကိုယ္ပုိင္ဘဝကုိ လ်ိဳ႕ဝွက္စြာေနေလ့ရွိသူျဖစ္ျပီး သူနဲ႔ Simon တို႔ရဲ႕ သားေလး Angelo ကုိလည္း ပါပါရာဇီေတြရဲ႕လက္ခ်က္မမိေအာင္ တတ္နုိင္သမွ်ကာကြယ္ထားခဲ့သူပါ။ Adele ရဲ႕သားေလးက ေလာေလာဆယ္မွာ အသက္ေျခာက္နွစ္ခန္႔ရွိျပီျဖစ္ျပီးအေဖနဲ႔အေမရဲ႕အခ်စ္ကုိအျပည့္အဝရထားသူလည္းျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာေသးမီက Adele နဲ႔ Simon တို႔ကြာရွင္းလိုက္တဲ့ ျဖစ္ရပ္ေၾကာင့္ သားေလးကို စာနာေနၾကသလို ကေလးကုိ ဘယ္သူက အုပ္ထိန္းခြင့္ရမလဲဆိုတာကုိလည္း စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။

Unicode

ကမ္ဘာကျော်တွေဆိုတာက သူတို့ရဲ့ ဘဝတစ်လျှောက်လုံး မီးရောင်အောက်မှာနေခဲ့ရပြီး တစ်ကမ္ဘာလုံး က အမြဲတမ်းစိတ်ဝင်တစားစောင့်ကြည့်ခြင်းခံနေရတဲ့သူတွေဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့် ကမ္ဘာကျော်တွေထဲကမှ သိပ်ကိုတော်တဲ့လူတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဘဝအချို့အဝက်ကို media တွွေ၊ပရိသတ်တွေ၊ပါပါရာဇိီတွေလုံးဝမသိအောင် ပိပိရိရိနဲ့ဖုံးကွယ်ထားနိုင်စွမ်းရှိကြပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ဘယ်သူမှမသိလိုက်အောင် ပိပိရိရိနဲ့ ရင်သွေးလေးတွေမွေးထားခဲ့ကြဖူးတဲ့ ကမ္ဘာကျော်တွေကို ဖော်ပြလိုက်ပါတယ်။

Sandra Bullock
မင်းသမီးကြီး Sandra Bullock ကတော့ ကလေးချစ်တတ်ပြီး သူကိုယ်တိုင်လည်း ကလေးနှစ်ယောက်မွေးစားထားသူဖြစ်ပါတယ်။ Sandra ဟာ ပထမသားလေး Louis ကို မွေးစားပြီးနောက်မှာ 2015 မှာ သမီးလေး Laila ကို ထပ်မံမွေးစားခဲ့ပြီး သမီးလေးကို မွေးစားတာကို မီဒီယာတွေကိုအသိမပေးပဲလျို့ဝှက်ထားခဲ့တာဖြစ်ပါတယ်။ 2015 December မှာမှ ပါပါရာဇီတွေက Sandra ကို သမီးလေးကို ဆေးရုံခေါ်လာတာတွေ့မှ သမီးလေးတစ်ယောက်ထပ်မွေးစားလိုက်ပြီဆိုတဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်။

Zoe Saldana

ပရိသိတ်တွေက အစိမ်းရောင်ကောင်မလေး Gamora အဖြစ်မှတ်မိနေကြမယ့် Zoe Saldana ဟာလည်း သူမရဲ့ ကိုယ်ပိုင်ဘဝကို သိုသိပ်လျို့ဝှက်စွာဖြတ်သန်းတတ်သူတစ်ဦးပါ။ သူမရဲ့ ကလေးသုံးယောက်စလုံးကို ပရိသတ်တွေက မွေးပြီးတော်တော်ကြာမှသာသိခဲ့ရတာချည်းပါပဲ။ Zoe နဲ့ Marco Perego တို့ဟာ ကလေးသုံးယောက်ရထားပြီး လက်ရှိမှာ သာယာတဲ့ မိသားစုလေးပိုင်ဆိုင်ထားကြပါတယ်။

Drake

ကမ္ဘာကျော်အဆိုတော် Drake ကတော့ 2018 June မှာ သူအရမ်းချစ်တဲ့ Sophie Brussaux နဲ့ အတူ ရှစ်လအရွယ်သားလေး Adonis ရှိနေပါပြီလို့ ရုတ်တရက်ကြီးထပြီး ကြေငြာလိုက်တဲ့အခါ တစ်ကမ္ဘာလုံးက လန့်ဖျပ်အံ့သြသွားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Drake က သားလေးကြောင့် ပိုုပြီးကံကောင်းလာတယ်လို့ထင်တယ်ဆိုတဲ့ ပီတိစကားတွေကိုလည်း မိီဒီယာတွေကိုပြောပြခဲ့ပါသေးတယ်။

Kylie Jenner နဲ့ Travis Scott

Kylie ကို Travis နဲ့အတည်ကြီးတွဲနေပြီလို့ ပရိသတ်တွေက မယုံမရဲဖြစ်နေရတဲ့အချိန်မှာပဲ Kylie က Travis နဲ့ သမီးလေးတစ်ယောက်ထမွေးချလိုက်တဲ့အခါ တစ်ကမ္ဘာလုံးကပရိသတ်တွေအံ့သြတကြီးဖြစ်သွားခဲ့့ရတယ်ဆိုရင်လည်းမမှားပါဘူး။ Kylie နဲ့ Travis က ကလေးရှိနေပြီဆိုတာကို အတတ်နိုင်ဆုံးမပြောပဲလျို့ှဝှက်ထားခဲ့ကြတာဖြစ်ပြီး Kylie ကို်ယ်ဝန်လရင့်လာမှသာ ပရိသတ်တွေသိခွင့်ရခဲ့တာဖြစ်သလို ကလေးကိုလည်း မွေးပြီးအတော်ကြာမှ Kylie က ထုတ်ပြခဲ့တာပါ။

Adele နဲ့ Simon Konecki

Adele ဟာ သူ့ရဲ့ ကိုယ်ပိုင်ဘဝကို လျို့ဝှက်စွာနေလေ့ရှိသူဖြစ်ပြီး သူနဲ့ Simon တို့ရဲ့ သားလေး Angelo ကိုလည်း ပါပါရာဇီတွေရဲ့လက်ချက်မမိအောင် တတ်နိုင်သမျှကာကွယ်ထားခဲ့သူပါ။ Adele ရဲ့သားလေးက လောလောဆယ်မှာ အသက်ခြောက်နှစ်ခန့်ရှိပြီဖြစ်ပြီးအဖေနဲ့အမေရဲ့အချစ်ကိုအပြည့်အဝရထားသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးမီက Adele နဲ့ Simon တို့ကွာရှင်းလိုက်တဲ့ ဖြစ်ရပ်ကြောင့် သားလေးကို စာနာနေကြသလို ကလေးကို ဘယ်သူက အုပ်ထိန်းခွင့်ရမလဲဆိုတာကိုလည်း စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။