ပရိသတ္ေတြကုိ ပါးစပ္အေဟာင္းသားျဖစ္သြားေစတဲ့ Spider-Man မင္းသား Tom Holland ရဲ႕ ေကအသစ္

Tom Holland ေလးကေတာ့ ဘယ္လိုေနေန ျမင္လိုက္တာနဲ႔စိတ္ၾကည္လင္ခ်မ္းေျမ႕ေစျပီးပရိသတ္ေတြကုိ အသည္းယားေစတဲ့ လူငယ္ေလးျဖစ္ပါတယ္။ Tom Holland ဟာ ငယ္ရြယ္ေပမယ့္ Disney နဲ႔ Marvel ကုိ သေဘာတူညီခ်က္ရေအာင္ ၾကိဳးစားပမ္းစားညွိျပီး Spider-Man ကာရိုက္တာကုိ MCU မွာပဲဆက္ရွိေနေအာင္ ၾကိဳးပမ္းထားခဲ့တဲ့ Real Life Hero ေလးတစ္္ဦးဆိုရင္လည္းမမွားပါဘူး။ Tom Holland ဟာ Marvel နဲဲ႔ ရုပ္ရွင္ရိုက္မေနတဲ့ အခ်ိန္ကာလေတြမွာအျခားေသာရုပ္ရွင္ေတြမွာလည္း သရုပ္ေဆာင္ေလ့ရွိိျပီးအဲဒီရုပ္ရွင္ေတြကလည္းပရိိသတ္အားေပးမႈေတြ ရရွိေနတာလည္းျဖစ္ပါတယ္။

ျပီးခဲ့တဲ့ တနလၤာေန႔မွာ Tom Holland က ပရိသတ္ေတြကို ရင္သပ္ရႈ႕ေမာျဖစ္သြားေစျပီးေဝဖန္မႈေတြအမ်ိဳးမ်ိဳးထြက္လာေစမယ့္လုပ္ရပ္တစ္ခုလုပ္လိုက္ပါတယ္။ အဲဒါကေတာ့ ပရိသတ္ေတြအရမ္းခ်စ္တဲ့သူ႔ရဲ႕ ဆံပင္အေခြအလိပ္ေလးေတြကုိ ကတံုးဆံေတာက္ပံုစံကပ္ေနေအာင္ညွပ္ခ်ပစ္လိုက္တာပါ။ ျပီးခဲ့တဲ့တနလၤာေန႔က Tom က သူ႔ကိုလြမ္းေနတဲ့ ပရိသတ္ေတြအတြက္ Video Message ေလးတစ္ခုကို သူ႔ရဲ႕ လူမႈကြန္ယက္မွာတင္ခဲ့ျပီး
ပရိသတ္ေတြကအဲဒီ video ထဲမွာ Tom ရဲ႕ ဆံပင္အေခြအလိပ္ေလးေတြေနရာမွာ ကတံုးဆံပင္က အစားထုိးဝင္ေရာက္ေနတာကုိ ခ်က္ခ်င္းဆိုသလိုပဲသတိထားမိခဲ့ၾကပါတယ္။ အဲဒီဆံပင္ကုိ Tom က သူ႔ရဲ႕ ေနာက္ထပ္ရုိက္မယ့္
War Drama ကားျဖစ္တဲ့ Cherry လို႔အမည္ရတဲ့ ရုပ္ရွင္အတြက္ ညွပ္လိုက္တာျဖစ္ေၾကာင္းသိရပါတယ္။



အဲဒီလိုဆံပင္ညွပ္လိုက္တာနဲ႔ပတ္သက္ျပီးပရိသတ္ေတာ္ေတာ္မ်ားမ်ားက ဘဝင္မက်ဘူးျဖစ္ေနၾကသလို Tom ဟာ ဘယ္လိုဆံပင္ပံုစံမ်ိဳးနဲ႔မဆုိလုိက္ေပမယ့္ ဒီိလိုမေျပာမဆိုနဲ႔ညွပ္ခ်လိုက္တာကေတာ့အသည္းကြဲရတယ္လို႔ေျပာဆိုေနၾကသူေတြလည္းရွိိပါတယ္။ ဒါ့အျပင္အခ်ိဳ႕ပရိသတ္ေတြကေတာ့ ရုပ္ရွင္အသစ္အတြက္ဒီလုိညွပ္လိုက္တာမွန္္ေပမယ့့္ MCU နဲ႔ Spiderman ဇာတ္ကားျပန္ရိုက္္ရင္ေရာ ဒီဆံပင္နဲ႔ပဲရိုက္မွာလားလို႔သိခ်င္ေနၾကသူေတြလည္းရွိေနပါတယ္။အမ်ားစုကေတာ့ ဆြဲေဆာင္မႈရွိတဲ့ Tom ရဲ႕ဆံပင္အေခြအလိပ္ေလးေတြကုိနွေမ်ာတသစြာနဲ႔ Tom ရဲ႕ Video ေအာက္မွာ comment ေတြဝင္္ေပးထားၾကတာကုိေတြ႕ရပါတယ္။




အခုလိုမေျပာမဆိုနဲ႔ ဆံပင္ညွပ္လိုက္လို႔ပရိသတ္ေတြရဲ႕ ေဝဖန္စကားေတြနဲ႔ရင္ဆိုင္ရတာက အခုတေလာမွာ Tom တစ္ေယာက္တည္းေတာ့မဟုတ္ပါဘူး။ နႈတ္ခမ္းနီမေလးေတြအသည္းစြဲ Timothee Chalamet ကလည္း သူ႔ရဲ႕ signature ဆံပင္ျဖစ္တဲ့ ဆံပင္အေကာက္ေလးေတြကုိညွ့ပ္ခ်လိုက္တာေၾကာင့္ Call Me By Your Name ထဲက ေကာင္ေခ်ာေလးကို ေၾကြၾကတဲ့ ပရိသတ္ေတြဝမ္းနည္းပက္လက္နွေမ်ာတသျဖစ္သြားရပါေသးတ္ယ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာဆံပင္ညွပ္လိုက္တဲ့ Tom ေလးကိုခ်စ္ေသးလား။ ဒီဆံပင္နဲ႕ေရာလိုက္တယ္ထင္လား။ ဒါမွမဟုတ္ အရင္က ဆံပင္အေကာက္ေလးေတြကုိိပဲျပန္လိုခ်င္္ၾကလား။ ေျပာခဲ့ပါဦး။



Unicode

Tom Holland လေးကတော့ ဘယ်လိုနေနေ မြင်လိုက်တာနဲ့စိတ်ကြည်လင်ချမ်းမြေ့စေပြီးပရိသတ်တွေကို အသည်းယားစေတဲ့ လူငယ်လေးဖြစ်ပါတယ်။ Tom Holland ဟာ ငယ်ရွယ်ပေမယ့် Disney နဲ့ Marvel ကို သဘောတူညီချက်ရအောင် ကြိုးစားပမ်းစားညှိပြီး Spider-Man ကာရိုက်တာကို MCU မှာပဲဆက်ရှိနေအောင် ကြိုးပမ်းထားခဲ့တဲ့ Real Life Hero လေးတစ််ဦးဆိုရင်လည်းမမှားပါဘူး။ Tom Holland ဟာ Marvel နဲဲ့ ရုပ်ရှင်ရိုက်မနေတဲ့ အချိန်ကာလတွေမှာအခြားသောရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်လေ့ရှိိပြီးအဲဒီရုပ်ရှင်တွေကလည်းပရိိသတ်အားပေးမှုတွေ ရရှိနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ Tom Holland က ပရိသတ်တွေကို ရင်သပ်ရှု့မောဖြစ်သွားစေပြီးဝေဖန်မှုတွေအမျိုးမျိုးထွက်လာစေမယ့်လုပ်ရပ်တစ်ခုလုပ်လိုက်ပါတယ်။ အဲဒါကတော့ ပရိသတ်တွေအရမ်းချစ်တဲ့သူ့ရဲ့ ဆံပင်အခွေအလိပ်လေးတွေကို ကတုံးဆံတောက်ပုံစံကပ်နေအောင်ညှပ်ချပစ်လိုက်တာပါ။ ပြီးခဲ့တဲ့တနင်္လာနေ့က Tom က သူ့ကိုလွမ်းနေတဲ့ ပရိသတ်တွေအတွက် Video Message လေးတစ်ခုကို သူ့ရဲ့ လူမှုကွန်ယက်မှာတင်ခဲ့ပြီးပရိသတ်တွေကအဲဒီ video ထဲမှာ Tom ရဲ့ ဆံပင်အခွေအလိပ်လေးတွေနေရာမှာ ကတုံးဆံပင်က အစားထိုးဝင်ရောက်နေတာကို ချက်ချင်းဆိုသလိုပဲသတိထားမိခဲ့ကြပါတယ်။ အဲဒီဆံပင်ကို Tom က သူ့ရဲ့ နောက်ထပ်ရိုက်မယ့်War Drama ကားဖြစ်တဲ့ Cherry လို့အမည်ရတဲ့ ရုပ်ရှင်အတွက် ညှပ်လိုက်တာဖြစ်ကြောင်းသိရပါတယ်။

အဲဒီလိုဆံပင်ညှပ်လိုက်တာနဲ့ပတ်သက်ပြီးပရိသတ်တော်တော်များများက ဘဝင်မကျဘူးဖြစ်နေကြသလို Tom ဟာ ဘယ်လိုဆံပင်ပုံစံမျိုးနဲ့မဆိုလိုက်ပေမယ့် ဒီိလိုမပြောမဆိုနဲ့ညှပ်ချလိုက်တာကတော့အသည်းကွဲရတယ်လို့ပြောဆိုနေကြသူတွေလည်းရှိိပါတယ်။ ဒါ့အပြင်အချို့ပရိသတ်တွေကတော့ ရုပ်ရှင်အသစ်အတွက်ဒီလိုညှပ်လိုက်တာမှန််ပေမယ့့် MCU နဲ့ Spiderman ဇာတ်ကားပြန်ရိုက််ရင်ရော ဒီဆံပင်နဲ့ပဲရိုက်မှာလားလို့သိချင်နေကြသူတွေလည်းရှိနေပါတယ်။အများစုကတော့ ဆွဲဆောင်မှုရှိတဲ့ Tom ရဲ့ဆံပင်အခွေအလိပ်လေးတွေကိုနှမျောတသစွာနဲ့ Tom ရဲ့ Video အောက်မှာ comment တွေဝင််ပေးထားကြတာကိုတွေ့ရပါတယ်။

အခုလိုမပြောမဆိုနဲ့ ဆံပင်ညှပ်လိုက်လို့ပရိသတ်တွေရဲ့ ဝေဖန်စကားတွေနဲ့ရင်ဆိုင်ရတာက အခုတလောမှာ Tom တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ Timothee Chalamet ကလည်း သူ့ရဲ့ signature ဆံပင်ဖြစ်တဲ့ ဆံပင်အကောက်လေးတွေကိုညှ့ပ်ချလိုက်တာကြောင့် Call Me By Your Name ထဲက ကောင်ချောလေးကို ကြွေကြတဲ့ ပရိသတ်တွေဝမ်းနည်းပက်လက်နှမျောတသဖြစ်သွားရပါသေးတ်ယ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရောဆံပင်ညှပ်လိုက်တဲ့ Tom လေးကိုချစ်သေးလား။ ဒီဆံပင်နဲ့ရောလိုက်တယ်ထင်လား။ ဒါမှမဟုတ် အရင်က ဆံပင်အကောက်လေးတွေကိုိပဲပြန်လိုချင််ကြလား။ ပြောခဲ့ပါဦး။