ပရိသတ္ေတြခ်စ္တာခံရတဲ့ ဆြဲေဆာင္မႈအရွိဆံုး ဗီလိန္မ်ား

Villain ဆိုတာနဲ႔ မေကာင္းတာေတြလုပ္တဲ့လူ၊ ဇာတ္လမ္းထဲမွာ မင္းသား ဒါမွမဟုတ္ လူေကာင္းေတြရဲ႕ဆန္႔က်င္ဘက္ကေနသရုပ္ေဆာင္ျပီး ဇာတ္လမ္းအထြတ္အထိပ္ေရာက္ေအာင္ ကူညီေပးတဲ့ဇာတ္ေကာင္၊ ုမုန္းစရာေကာင္းတဲ့ ဇာတ္ေကာင္အျဖစ္သိၾကမွာပါ။ ျမန္မာမွာလည္း အံံ့ေက်ာ္ဆိုရင္ အရင္ေခတ္က Villain လုပ္တာေကာင္းလြန္းလို႔ အျပင္မွာပါ လူေတြဝုိင္းမုန္းခံရတာမ်ိဳးေတြရွိခဲ့တယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ Villain ကုိမွ Hero ထင္ျပီးခ်စ္ၾကတဲ့သူေတြကလည္း ရွိေနပါေသးတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီး အတြက္ လူေတြဝိုင္းခ်စ္တာခံရျပီး စြဲလန္းမႈေတြခံရတဲ့ ကမၻာေက်ာ္ Villain ေတြအေၾကာင္းတင္ဆက္ေပးလုိက္ပါတယ္။

Loki



Loki ခမ်ာ နတ္ဘုရားေပမယ့္လည္း လွည့္စားတတ္တဲ့ နတ္ဘုရားဆိုျပီး သူ႔ခမ်ာ Villain အျဖစ္ သတ္မွတ္ျခင္းခံရရွာပါတယ္။ Villain ဆိုျပီး ဆိုးသြမ္းတဲ့လုပ္ရပ္ေတြနဲ႔ လွည့္စားတတ္တဲ့ Loki ဟာ သူ႔အစ္ကုိကုိေတာ့ ခ်စ္ျပီး၊ Asgard ကိုလည္းအေရးၾကံဳရင္ ကာကြယ္ခ်င္တဲ့ စိတ္ေကာင္းနွလံုးေကာင္းေလးကိန္းေအာင္းေနသူဆိုလည္းမမွားပါဘူး။ Loki အျဖစ္သရုပ္ေဆာင္တဲ့ Tom Hiddleston ရဲ႕ ေခ်ာေမာစမတ္က်မႈနဲ႔ ကြ်မ္းက်င္လိမ္မာမႈေၾကာင့္လည္း Loki ဟာ ပရိသတ္ေတြစြဲလန္းျပီးခ်စ္တာခံရတဲ့ Villain တစ္ဦးျဖစ္ေနတယ္လို႔ဆိုရမွာပါ။

Harley Quinn




Harley Quinn ကေတာ့ Daddy’s Little Monster ဆိုျပီး နာမည္ၾကီးေနသလို အရင္ကတည္းက Cosplay အလုပ္ခံရအမ်ားဆံုးကာရိုက္တာျဖစ္တာေၾကာင့္လည္း လူတိုင္းနီးပါးသိျပီးခ်စ္တာခံရတဲ့ Villain တစ္ဦးပါ။ Harley Quinn ကုိပရိသတ္ေတြက Batman ထဲမွာစသိၾကတာျဖစ္ျပီး Gotham City Sirens အဖြဲ႕ဝင္တစ္ဦးအျဖစ္ေရာ Suicide Squad အဖြဲ႕ဝင္တစ္ဦးအျဖစ္ပါ သိထားၾကတယ္ဆိုရင္လည္းမမွားပါဘူး။ျမန္မာနို္င္ငံရဲ႕ အဆိုေတာ္ ပုိုပိုေတာင္မွပဲ Harley Quinn အျဖစ္ Cosplay လုပ္ခဲ့ဖူးတာ ပရိသတ္ေတြမွတ္မိၾကမွာပါ။ Harley Quinn ဟာ အမ်ိဳးသမီး Villain ေတြထဲမွာ အခ်စ္ခံရဆံုးနဲ႔ အေအာင္ျမင္ဆံုး Villain ေတြထဲကတစ္ေယာက္ျဖစ္ျပီး ေလာေလာဆယ္ေတာ့ Harley Quinn အျဖစ္ ပရိသတ္ခ်စ္တဲ့ Margot Robbie က သရုပ္ေဆာင္ေနပါတယ္။

Joker



Batman ရဲ႕ ရန္သူေတာ္ၾကီး Joker ဟာ Villain ေတြထဲမွာပညာအရွိဆံုး Villain တစ္ဦးျဖစ္သလို Harley Quinn ရဲ႕အသည္းအသက္ထက္ပုိခ်စ္ရသူတစ္ဦးလည္းျဖစ္ပါတယ္။ Harley ဟာ Joker အတြက္ဆိုအသက္ပဲစြန္႔ရစြန္႔ရ ဘာပဲလုပ္ရလုပ္ရ အကုန္လုပ္ခဲ့ေပမယ့္ Joker ကေတာ့ Harley ကုိ တစ္စက္ကေလးမွဂရုစိုက္ပံုမရပဲ အသံုးခ်ရုံသက္သက္သာအနားမွာထားခဲ့တယ္လို႔ ေဝဖန္ခံခဲ့ရတာပါ။ ဘယ္လိုုပဲျဖစ္ျဖစ္ ၾသဇာအာဏာၾကီးမားတဲ့ Joker ဟာ ကမၻာ့ထိပ္တန္း ပရိသတ္ေတြသေဘာက်နွစ္သက္ျခင္းခံရတဲ့ Villain တစ္ဦးျဖစ္ပါတယ္။

Deadshot

Will Smith ၾကီးသရုပ္ေဆာင္တဲ့ Deadshot ကေတာ့ မိန္းကေလးေတြတင္မက ေယာက္်ားေလးေတြရဲ႕နွလံုးသားကုိပါဖမ္းစားထားတဲ့ Villain တစ္ဦးျဖစ္ခဲ့ပါတယ္။ Deadshot ဟာ ရက္စက္ၾကမ္းၾကဳတ္တဲ့ ဇာတ္ေကာင္တစ္ဦးလို႔ဆိုေပမယ့္ Suicide Squad ထဲမွာ Harley ကုိ မပစ္ပဲ အျခားေနရာကုိလႊဲျပီးပစ္ခဲ့တာကလည္း သူ႔ရဲ႕နွလံုးသားရွိမႈကိုေဖာ္ျပေနပါတယ္။ ဒါေၾကာင့္လည္း Deadshot ၾကီးက တစ္ကမၻာလံုးကပရိသတ္ေတြရဲ႕အခ်စ္ကိုပုုိျပီးရခဲ့တာဆိုရင္လည္းမမွားပါဘူး။

Draco Malfoy

Draco Malfoy ကေတာ့ Villain လို႔ေတာင္သိပ္ေျပာလို႔မရတဲ့ ခပ္ေခ်ာေခ်ာေကာင္ေလးဆိုရင္မမွားပါဘူး။ Draco ရဲ႕ ပန္းနုေရာင္နႈတ္ခမ္းဖ်ားေလးေတြရယ္ ျပာလဲ့တဲ့မ်က္ဝန္းေတြရယ္ေအာက္မွာက်ရံႈးခဲ့ရတဲ့ ေကာင္မေလးေတြကလည္း ဒုနဲ႔ေဒးပါပဲ။ Draco ဟာ Villain လို႔သာဆုိေပမယ့္ အေရးၾကံဳရင္ေတာ့ အရမ္းေၾကာက္တတ္တဲ့ေကာင္ေလးျဖစ္တာေၾကာင့္လည္း ရယ္ခ်င္စရာခ်စ္စရာ Villain ေလးအျဖစ္ Harry Potter ပရိသတ္ေတြၾကားေရပန္းစားခဲ့တာပါ။

Unicode

Villain ဆိုတာနဲ့ မကောင်းတာတွေလုပ်တဲ့လူ၊ ဇာတ်လမ်းထဲမှာ မင်းသား ဒါမှမဟုတ် လူကောင်းတွေရဲ့ဆန့်ကျင်ဘက်ကနေသရုပ်ဆောင်ပြီး ဇာတ်လမ်းအထွတ်အထိပ်ရောက်အောင် ကူညီပေးတဲ့ဇာတ်ကောင်၊ ုမုန်းစရာကောင်းတဲ့ ဇာတ်ကောင်အဖြစ်သိကြမှာပါ။ မြန်မာမှာလည်း အံံ့ကျော်ဆိုရင် အရင်ခေတ်က Villain လုပ်တာကောင်းလွန်းလို့ အပြင်မှာပါ လူတွေဝိုင်းမုန်းခံရတာမျိုးတွေရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် Villain ကိုမှ Hero ထင်ပြီးချစ်ကြတဲ့သူတွေကလည်း ရှိနေပါသေးတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီး အတွက် လူတွေဝိုင်းချစ်တာခံရပြီး စွဲလန်းမှုတွေခံရတဲ့ ကမ္ဘာကျော် Villain တွေအကြောင်းတင်ဆက်ပေးလိုက်ပါတယ်။

Loki

Loki ခမျာ နတ်ဘုရားပေမယ့်လည်း လှည့်စားတတ်တဲ့ နတ်ဘုရားဆိုပြီး သူ့ခမျာ Villain အဖြစ် သတ်မှတ်ခြင်းခံရရှာပါတယ်။ Villain ဆိုပြီး ဆိုးသွမ်းတဲ့လုပ်ရပ်တွေနဲ့ လှည့်စားတတ်တဲ့ Loki ဟာ သူ့အစ်ကိုကိုတော့ ချစ်ပြီး၊ Asgard ကိုလည်းအရေးကြုံရင် ကာကွယ်ချင်တဲ့ စိတ်ကောင်းနှလုံးကောင်းလေးကိန်းအောင်းနေသူဆိုလည်းမမှားပါဘူး။ Loki အဖြစ်သရုပ်ဆောင်တဲ့ Tom Hiddleston ရဲ့ ချောမောစမတ်ကျမှုနဲ့ ကျွမ်းကျင်လိမ်မာမှုကြောင့်လည်း Loki ဟာ ပရိသတ်တွေစွဲလန်းပြီးချစ်တာခံရတဲ့ Villain တစ်ဦးဖြစ်နေတယ်လို့ဆိုရမှာပါ။

Harley Quinn

Harley Quinn ကတော့ Daddy’s Little Monster ဆိုပြီး နာမည်ကြီးနေသလို အရင်ကတည်းက Cosplay အလုပ်ခံရအများဆုံးကာရိုက်တာဖြစ်တာကြောင့်လည်း လူတိုင်းနီးပါးသိပြီးချစ်တာခံရတဲ့ Villain တစ်ဦးပါ။ Harley Quinn ကိုပရိသတ်တွေက Batman ထဲမှာစသိကြတာဖြစ်ပြီး Gotham City Sirens အဖွဲ့ဝင်တစ်ဦးအဖြစ်ရော Suicide Squad အဖွဲ့ဝင်တစ်ဦးအဖြစ်ပါ သိထားကြတယ်ဆိုရင်လည်းမမှားပါဘူး။မြန်မာနို်င်ငံရဲ့ အဆိုတော် ပိုုပိုတောင်မှပဲ Harley Quinn အဖြစ် Cosplay လုပ်ခဲ့ဖူးတာ ပရိသတ်တွေမှတ်မိကြမှာပါ။ Harley Quinn ဟာ အမျိုးသမီး Villain တွေထဲမှာ အချစ်ခံရဆုံးနဲ့ အအောင်မြင်ဆုံး Villain တွေထဲကတစ်ယောက်ဖြစ်ပြီး လောလောဆယ်တော့ Harley Quinn အဖြစ် ပရိသတ်ချစ်တဲ့ Margot Robbie က သရုပ်ဆောင်နေပါတယ်။

Joker

Batman ရဲ့ ရန်သူတော်ကြီး Joker ဟာ Villain တွေထဲမှာပညာအရှိဆုံး Villain တစ်ဦးဖြစ်သလို Harley Quinn ရဲ့အသည်းအသက်ထက်ပိုချစ်ရသူတစ်ဦးလည်းဖြစ်ပါတယ်။ Harley ဟာ Joker အတွက်ဆိုအသက်ပဲစွန့်ရစွန့်ရ ဘာပဲလုပ်ရလုပ်ရ အကုန်လုပ်ခဲ့ပေမယ့် Joker ကတော့ Harley ကို တစ်စက်ကလေးမှဂရုစိုက်ပုံမရပဲ အသုံးချရုံသက်သက်သာအနားမှာထားခဲ့တယ်လို့ ဝေဖန်ခံခဲ့ရတာပါ။ ဘယ်လိုုပဲဖြစ်ဖြစ် သြဇာအာဏာကြီးမားတဲ့ Joker ဟာ ကမ္ဘာ့ထိပ်တန်း ပရိသတ်တွေသဘောကျနှစ်သက်ခြင်းခံရတဲ့ Villain တစ်ဦးဖြစ်ပါတယ်။

Deadshot

Will Smith ကြီးသရုပ်ဆောင်တဲ့ Deadshot ကတော့ မိန်းကလေးတွေတင်မက ယောက်ျားလေးတွေရဲ့နှလုံးသားကိုပါဖမ်းစားထားတဲ့ Villain တစ်ဦးဖြစ်ခဲ့ပါတယ်။ Deadshot ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်ကောင်တစ်ဦးလို့ဆိုပေမယ့် Suicide Squad ထဲမှာ Harley ကို မပစ်ပဲ အခြားနေရာကိုလွှဲပြီးပစ်ခဲ့တာကလည်း သူ့ရဲ့နှလုံးသားရှိမှုကိုဖော်ပြနေပါတယ်။ ဒါကြောင့်လည်း Deadshot ကြီးက တစ်ကမ္ဘာလုံးကပရိသတ်တွေရဲ့အချစ်ကိုပုုိပြီးရခဲ့တာဆိုရင်လည်းမမှားပါဘူး။

Draco Malfoy

Draco Malfoy ကတော့ Villain လို့တောင်သိပ်ပြောလို့မရတဲ့ ခပ်ချောချောကောင်လေးဆိုရင်မမှားပါဘူး။ Draco ရဲ့ ပန်းနုရောင်နှုတ်ခမ်းဖျားလေးတွေရယ် ပြာလဲ့တဲ့မျက်ဝန်းတွေရယ်အောက်မှာကျရှုံးခဲ့ရတဲ့ ကောင်မလေးတွေကလည်း ဒုနဲ့ဒေးပါပဲ။ Draco ဟာ Villain လို့သာဆိုပေမယ့် အရေးကြုံရင်တော့ အရမ်းကြောက်တတ်တဲ့ကောင်လေးဖြစ်တာကြောင့်လည်း ရယ်ချင်စရာချစ်စရာ Villain လေးအဖြစ် Harry Potter ပရိသတ်တွေကြားရေပန်းစားခဲ့တာပါ။