ပရိသတ္ေတြသတ္မွတ္ေပးထားတဲ့ ကမၻာ့အရိုင္းဆံုးဆယ္လီမ်ား

ပတ္ဝန္းက်င္ကို ၾကည့္လိုက္ရင္ေတာ့ လူအမ်ိဳးမ်ိဳးစိတ္အေထြေထြလို႔ဆိုရေအာင္ စရိုက္ေပါင္းစံုကိုေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ အဲ့ဒီလို ပတ္ဝန္းက်င္က လူအမ်ိဳးမ်ိဳးထဲမွာ လူတန္းစားအမ်ိဳးမ်ိဳးကေနၿပီး စရိုက္ေပါင္းစံုကို ျမင္ေတြ႔ရတာ မဆန္းၾကယ္ေပမယ့္ ကမၻာေက်ာ္တခ်ိဳ႕ဆီမွာ ရမ္းကားရိုင္းစိုင္းတဲ့ ပံုစံမ်ိဳးရိွေနတာေတြကိုေတာ့ လူေတြက တမ်ိဳးျမင္ၾကပါတယ္။ ဒါေပမယ့္လူေတြက နာမည္ေက်ာ္ ကမၻာေက်ာ္ျဖစ္လိုက္တာနဲ႔ ယဥ္ေက်းလိမၼာသြားမယ္လို႔ ထင္တတ္ၾကပါတယ္။ အဲ့ဒီအရာကလည္းမွားယြင္းေနပါတယ္။ သူတို႔ကိုယ္တိုင္ကလည္း လူေတြထဲက လူေတြျဖစ္တဲ့အတြက္ စိတ္ခံစားမႈအရ ေနထိုင္ခြင့္မရိွေတာ့ဘူးတဲ့လား ဆိုတဲ့ ေမးခြန္းကေတာ့ ေမးစရာေတြရိွပါတယ္။ ဒါေပမယ့္ အခုက်ေနာ္တုိ႔ေျပာျပေပးသြားမယ့္ အေၾကာင္းအရာေလးကေတာ့ ပရိသတ္ေတြက မဲေပးဆံုးျဖတ္ထားတဲ့ ကမၻာ့အရိုင္းဆံုး ဆယ္လီေတြပဲျဖစ္ပါတယ္။

Justin Bieber



ဒီစာရင္းထဲမွာ ေတာ့ထိပ္ဆံုးကေနပါဝင္ေနတဲ့ သူက မၾကာေသးမီကမွ အိမ္ေထာင္က်ထားတဲ့ ပူပူေႏြးေႏြး
အိမ္ေထာင္ရွင္ေလးတစ္ေယာက္ျဖစ္တဲ့ Justin Bieber ပဲျဖစ္ပါတယ္။ သူကေတာ့ သူ႔ဖန္ဆိုတဲ့ သူေတြနဲ႔ မၾကာခဏ ကေတာက္ကဆျဖစ္ေလ့ရိွတဲ့သူတစ္ေယာက္ပါပဲ။ အေလးထားဆက္ဆံမႈနည္းၿပီး သူနဲ႔Selfie ရုိက္ဖို႔ႀကိဳးစားတဲ ပရိသတ္တစ္ေယာက္ကို လက္သီးနဲ႔ ထိုးခဲ့ဖူးပါတယ္။ ပရိသတ္ေတြကို အေလးထားဆက္ဆံ တက္ဖို႔လိုေနတဲ့ သူတစ္ေယာက္လို႔ေတာင္ ေျပာလို႔ရမွာပါ။ အခုေနာက္ပိုင္းေတာ့ Bieber တစ္ေယာက္အဲ့ဒီလို သတင္းေတြမၾကားရတာေတာ့ ၾကာပါၿပီ။

Christian Bale




Christian Bale တစ္ေယာက္ကလည္း ဒီစာရင္းမွာပါဝင္ေနပါတယ္။ သူကေတာ့ ဒီလိုရိုင္းစိုင္းတယ္လို႔ သတ္မွတ္ခံရတဲ့ ေနရာမွာေတာ့ နာမည္ႀကီးသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူ႔ကို အင္တာဗ်ဳးလုပ္ေနစဥ္မွာ သတင္းေထာက္နဲ႔အတူပါလာတဲ့ အလုပ္သင္ေကာင္မေလးတစ္ေယာက္ကို ရိုင္းရိုင္းစိုင္းစိုင္း ေျပာဆိုခဲ့ဖူးတဲ့ အျဖစ္ပ်က္ကလည္း တကယ္ကိုနာမည္ႀကီးပါတယ္။

Rihanna



ဒီစာရင္းထဲမွာ ပါဝင္ေနတဲ့သူေနာက္တစ္ေယာက္ကေတာ့ နာမည္ႀကီးအဆိုေတာ္ တစ္ေယာက္ျဖစ္ၿပီး အခုခ်ိန္မွာ ကိုယ္ဝန္ရိွေနၿပီလို႔ သတင္းေတြထြက္ေနတဲ့ Rihanna တစ္ေယာက္ပဲ ျဖစ္ပါတယ္။ Rihanna ကေတာ့ သူရဲ႕ ပရိသတ္ေတြကို ေလွာင္ေျပာင္တတ္သူ တစ္ဦးျဖစ္တယ္လို႔နာမည္ႀကီးတဲ့သူတစ္ေယာက္ပါ။ သူသီခ်င္းေတြကေကာင္းသေလာက္ သူရဲ႕ အက်င့္စရုိက္ကိုေတာ့ သူ႔ပရိသတ္ေတြကလည္း သိပ္သေဘာမေတြ႔လွပါဘူး ။

Ariana Grande

Ariana Grande ကလည္းဒီစာရင္းမွာ ပါဝင္ေနပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ အဆိုေတာ္မေလးဟာ လူပုစိတ္တိုလို႔ေျပာလို႔ရေလာက္ေအာင္ မဟုတ္မခံစိတ္ရိွပါတယ္။ သူကလည္း သီခ်င္းဆိုေကာင္းတဲ့ သူတစ္ေယာက္ျဖစ္သလို တစ္ခုခုဆိုရင္လည္း သည္းမခံတတ္တဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္။ တကယ္ဆိုရင္ေတာ့ ဒါေတြဟာ ရိုင္းစိုင္းျခင္းလို႔ အမ်ားကသတ္မွတ္ခံလိုက္ရတဲ့ အျပဳမူေတြပဲ ျဖစ္ပါတယ္။

Tobey Maguire

ဒီစာရင္းထဲေနာက္မွာ ေနာက္ထပ္ပါဝင္လာတဲ့ သူတစ္ေယာက္ကေတာ့ က်ေနာ့္တို႔ အရမ္းႀကိဳက္ႏွစ္သက္ခဲ့ရတဲ့ Spiderman မင္းသားႀကီး Tobey ပဲျဖစ္ပါတယ္။ သူကေတာ့ Hollywood မွာ အညံ့ဆံုးအမွတ္တရ လက္မွတ္ေရးထိုးတဲ့ ကမၻာေက်ာ္လို႔ေတာင္ နာမည္ရထားတဲ့သူပါ။ ေပၚကာ ကစားျခင္းကိုလည္း ႏွစ္သက္ၿပီး ၂၀၁၄ ခုႏွစ္တုန္းကေတာ့ ေဒၚ၁၀၀၀ ေလာက္ကို ေပၚကာတစ္ဝိုင္းထဲမွာပဲ တစ္ထိုင္တည္း ျဖဳန္းခဲ့ဖူးပါတယ္။

Unicode

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်တော့ လူအမျိုးမျိုးစိတ်အထွေထွေလို့ဆိုရအောင် စရိုက်ပေါင်းစုံကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ပတ်ဝန်းကျင်က လူအမျိုးမျိုးထဲမှာ လူတန်းစားအမျိုးမျိုးကနေပြီး စရိုက်ပေါင်းစုံကို မြင်တွေ့ရတာ မဆန်းကြယ်ပေမယ့် ကမ္ဘာကျော်တချို့ဆီမှာ ရမ်းကားရိုင်းစိုင်းတဲ့ ပုံစံမျိုးရှိနေတာတွေကိုတော့ လူတွေက တမျိုးမြင်ကြပါတယ်။ ဒါပေမယ့်လူတွေက နာမည်ကျော် ကမ္ဘာကျော်ဖြစ်လိုက်တာနဲ့ ယဉ်ကျေးလိမ္မာသွားမယ်လို့ ထင်တတ်ကြပါတယ်။ အဲ့ဒီအရာကလည်းမှားယွင်းနေပါတယ်။ သူတို့ကိုယ်တိုင်ကလည်း လူတွေထဲက လူတွေဖြစ်တဲ့အတွက် စိတ်ခံစားမှုအရ နေထိုင်ခွင့်မရှိတော့ဘူးတဲ့လား ဆိုတဲ့ မေးခွန်းကတော့ မေးစရာတွေရှိပါတယ်။ ဒါပေမယ့် အခုကျနော်တို့ပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ ပရိသတ်တွေက မဲပေးဆုံးဖြတ်ထားတဲ့ ကမ္ဘာ့အရိုင်းဆုံး ဆယ်လီတွေပဲဖြစ်ပါတယ်။

Justin Bieber

ဒီစာရင်းထဲမှာ တော့ထိပ်ဆုံးကနေပါဝင်နေတဲ့ သူက မကြာသေးမီကမှ အိမ်ထောင်ကျထားတဲ့ ပူပူနွေးနွေး
အိမ်ထောင်ရှင်လေးတစ်ယောက်ဖြစ်တဲ့ Justin Bieber ပဲဖြစ်ပါတယ်။ သူကတော့ သူ့ဖန်ဆိုတဲ့ သူတွေနဲ့ မကြာခဏ ကတောက်ကဆဖြစ်လေ့ရှိတဲ့သူတစ်ယောက်ပါပဲ။ အလေးထားဆက်ဆံမှုနည်းပြီး သူနဲ့Selfie ရိုက်ဖို့ကြိုးစားတဲ ပရိသတ်တစ်ယောက်ကို လက်သီးနဲ့ ထိုးခဲ့ဖူးပါတယ်။ ပရိသတ်တွေကို အလေးထားဆက်ဆံ တက်ဖို့လိုနေတဲ့ သူတစ်ယောက်လို့တောင် ပြောလို့ရမှာပါ။ အခုနောက်ပိုင်းတော့ Bieber တစ်ယောက်အဲ့ဒီလို သတင်းတွေမကြားရတာတော့ ကြာပါပြီ။

Christian Bale

Christian Bale တစ်ယောက်ကလည်း ဒီစာရင်းမှာပါဝင်နေပါတယ်။ သူကတော့ ဒီလိုရိုင်းစိုင်းတယ်လို့ သတ်မှတ်ခံရတဲ့ နေရာမှာတော့ နာမည်ကြီးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကို အင်တာဗျုးလုပ်နေစဉ်မှာ သတင်းထောက်နဲ့အတူပါလာတဲ့ အလုပ်သင်ကောင်မလေးတစ်ယောက်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့ဖူးတဲ့ အဖြစ်ပျက်ကလည်း တကယ်ကိုနာမည်ကြီးပါတယ်။

Rihanna
ဒီစာရင်းထဲမှာ ပါဝင်နေတဲ့သူနောက်တစ်ယောက်ကတော့ နာမည်ကြီးအဆိုတော် တစ်ယောက်ဖြစ်ပြီး အခုချိန်မှာ ကိုယ်ဝန်ရှိနေပြီလို့ သတင်းတွေထွက်နေတဲ့ Rihanna တစ်ယောက်ပဲ ဖြစ်ပါတယ်။ Rihanna ကတော့ သူရဲ့ ပရိသတ်တွေကို လှောင်ပြောင်တတ်သူ တစ်ဦးဖြစ်တယ်လို့နာမည်ကြီးတဲ့သူတစ်ယောက်ပါ။ သူသီချင်းတွေကကောင်းသလောက် သူရဲ့ အကျင့်စရိုက်ကိုတော့ သူ့ပရိသတ်တွေကလည်း သိပ်သဘောမတွေ့လှပါဘူး ။

Ariana Grande
Ariana Grande ကလည်းဒီစာရင်းမှာ ပါဝင်နေပါတယ်။ အသက် ၂၆ နှစ်အရွယ် အဆိုတော်မလေးဟာ လူပုစိတ်တိုလို့ပြောလို့ရလောက်အောင် မဟုတ်မခံစိတ်ရှိပါတယ်။ သူကလည်း သီချင်းဆိုကောင်းတဲ့ သူတစ်ယောက်ဖြစ်သလို တစ်ခုခုဆိုရင်လည်း သည်းမခံတတ်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ တကယ်ဆိုရင်တော့ ဒါတွေဟာ ရိုင်းစိုင်းခြင်းလို့ အများကသတ်မှတ်ခံလိုက်ရတဲ့ အပြုမူတွေပဲ ဖြစ်ပါတယ်။

Tobey Maguire
ဒီစာရင်းထဲနောက်မှာ နောက်ထပ်ပါဝင်လာတဲ့ သူတစ်ယောက်ကတော့ ကျနော့်တို့ အရမ်းကြိုက်နှစ်သက်ခဲ့ရတဲ့ Spiderman မင်းသားကြီး Tobey ပဲဖြစ်ပါတယ်။ သူကတော့ Hollywood မှာ အညံ့ဆုံးအမှတ်တရ လက်မှတ်ရေးထိုးတဲ့ ကမ္ဘာကျော်လို့တောင် နာမည်ရထားတဲ့သူပါ။ ပေါ်ကာ ကစားခြင်းကိုလည်း နှစ်သက်ပြီး ၂၀၁၄ ခုနှစ်တုန်းကတော့ ဒေါ်၁၀၀၀ လောက်ကို ပေါ်ကာတစ်ဝိုင်းထဲမှာပဲ တစ်ထိုင်တည်း ဖြုန်းခဲ့ဖူးပါတယ်။