ပရိသတ်တွေအကြိုက်နှစ်သက်ဆုံး စုံတွဲတစ်တွဲဖြစ်နေဆဲ့ Ryan Reynold နဲ့ Blake Lively
Unicode
ပြီးခဲ့အပတ်ကြာသပတေးနေ့က ညပိုင်းအချိန်မှာ Ryan Reynold နဲ့ သူရဲ့ချစ်သူ Blake Lively တို့ နှစ်ယောက်တည်း Date လုပ်ခဲ့ကြပါတယ် ။ သူတို့ရဲ့ အဲ့ဒီလိုအမှတ်တရအချိန်လေးကို မှတ်မှတ်ရရ Selfie ရိုက်ပြီးတော့ Ryan Reynold ကိုယ်တိုင် Instagram story မှာ တင်ခဲ့ပါတယ် ။ သူတို့ပုံကို ကြည့်လိုက်တာနဲ့တင် တကယ့်ကို အံ့အားသင့်စကာကောင်းတဲ့ ညလေးတစ်ည ဖြစ်ခဲ့တယ်ဆိုတာ အငြင်းပွားစရာမရှိပါဘူး ။
နယူယောက်မြို့ရဲ့ Hudson ရပ်ကွက်မှာရှိတဲ့ ခေတ်ပေါ်စားသောက်ဆိုင်တစ်ဆိုင်ရဲ့ သီသန့်ခန်းထဲမှာ သူတို့ရဲ့ ညစာစားပွဲလေးကို တိတ်တိတ်လေးကျင်းပခဲ့တာဖြစ်ပါတယ် ။ Ryan Reynold ပါ၀င်သရုပ်ဆောင်ထားတဲ့ Pokemon အထူးပွဲမှာတုန်ကလည်း Blake တစ်ယောက်ဟာ အဝါရောင်ဝတ်စုံလေးနဲ့ အလှကြီးလှနေခဲ့ပါတယ် ။ သူတို့နှစ်ယောက်ဟာ Social media ပေါ်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လှောင်ပြောင်ကြလေ့ရှိပါတယ်။အခုချိန်ကတော့နှစ်ယောက်ရဲ့တတိယ ရင်သွေးလေးလဲ လူလောကထဲကို ရောက်လာဖို့နီးစပ်နေပါပြီ။
Ryan Reynolds ကတော့ Scarlett Johansson 2011ခုနှစ်မှာလမ်းခွဲပြီး 2012 ခုနှစ်မှာတော့ Blake Lively နဲ့လက်တွဲခဲ့ပါတယ် ။ သူတို့နှစ်ယောက်ဟာ Green lantern ကားကိုရိုက်ကူးရင်း သံရောစဉ်တွေဖြစ်ခဲ့ကြပါတယ် ။အဲဒီအချိန်ကတည်းကနေစပြီး သူတို့ဟာ တယောက် အပေါ်တယောက် သစ္စာရှိရှိနဲ့ ပေါင်းသင်းနေထိုင်ခဲ့ကြပါတယ် ။အခုချိန်မှာတော့ သူတို့နှစ်ယောက်ဟာ ပရိသ တ်အတွက် ချစ်ခင်စရာကောင်းပြီး မြင်သူတိုင်းအားကျရလောက်တဲ့ စံပြစုံတွဲတစ်တွဲအဖြစ် သတ်မှတ်ခြင်းကို ခံထားရသူ‌‌ေတွ ဖြစ်ပါတယ် ။ ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း သူတို့နှစ်ယောက်အပေါ် အမြင်လေးတွေကို ဝေမျှပေးသွားကြပါဦး။
Tags:
Leave a Reply