ပရိသတ္ေတြ သတ္မွတ္ထားတဲ့ အကအေကာင္းဆံုး အမ်ိဳးသမီး Idol မ်ား

ကိုရီးယားႏိုင္ငံမွာ Idol တစ္ေယာက္အေနနဲ႔ ရပ္တည္ဖို႔အေရးဟာ တကယ္လြယ္လွတဲ့ ကိစၥတစ္ခုေတာ့ မဟုတ္ပါဘူး ။ ကံ၊ဥာဏ္၊ ဝီရိယ ဆိုတဲ့ အရာေတြရိွေနရင္ေတာင္မွာ ကိုယ့္ဆီမွာ ပါရမီတစ္ခုခု မရင့္သန္ေနခဲ့ဖူးဆိုရင္ နာမည္တစ္ခုကို အၾကာႀကီး ရပ္တည္ဖို႔မလြယ္ကူလွပါဘူး ။ ကိုရီးယား Idol ေတြမွာလိုအပ္တဲ့ အရည္ခ်င္းတစ္ခု ဒါမွမဟုတ္ မတတ္မျဖစ္သင္ယူသင့္တဲ့အရာတစ္ခုဆိုရင္ေတာ့ အက ဟာ မပါမျဖစ္ ကိစၥတစ္ခုပါပဲ။ သူတို႔ေတြထဲက ဘယ္သူအက အေကာင္းဆံုးလို႔ထင္လဲဆိုတဲ့ ေမးခြန္းကို ရုတ္တရက္ႀကီးေမးလိုက္ရင္ေတာ ့ေျဖရခက္ေနပါလိမ့္မယ္ ။ဒါေပမယ့္ အင္တာနက္ ဝဘ္ဆိုဒ္တစ္ခုရဲ႕ စစ္တမ္းအရ အကအေကာင္းဆံုး အမ်ိဳးသမီးကိုရီးယား Idol ေတြကို ပရိသတ္ေတြက ေပးတဲ့ မဲအေရအတြက္နဲ႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။ ဘယ္သူေတြပါဝင္ေနမလဲဆိုတာကိုေတာ့ ေအာက္မွာ ဆက္လက္ၾကည့္ရႈလိုက္ၾကပါဦး ခင္ဗ်ာ ။

Lisa



BP ထဲမွာ အၿပံဳးခ်ိဳခ်ိဳေလးကို ပိုင္ဆိုင္ထားရံုသာမက ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကိုရယူထိုင္ႏိုင္တဲ့ အသက္ ၂၂ အရြယ္ Lisa ကေတာ့ ဒီစာရင္းမွာ နံပါတ္တစ္ေနရာမွာရပ္တည္ေနပါတယ္။ သူတကယ္ အကေကာင္းမေကာင္းကိုေတာ့ သူတို႔ရဲ႕ သီခ်င္းေဖ်ာ္ေျဖမႈကိုေတြကို ျမင္ဖူးၾကည့္ဖူးသူတိုင္း သိၾကၿပီးသားပါပဲ။ ထိုင္းႏိုင္ငံသူတစ္ေယာက္ ျဖစ္တဲ့ Lisa အေနနဲ႔ ဒီစာရင္းမွာ ထိပ္ဆံုးရပ္တည္ေနတာကေတာ့ တကယ့္ကို ဂုဏ္ယူစရာတစ္ခုပါပဲ ။

Momo




Twice ဆိုတဲ့ Idol အဖြဲ႕တစ္ဖြဲဲ႔ထဲကေတာ့ ဒီစာရင္းမွာ နံပါတ္၂ေနရာမွာ ပါဝင္ေနပါတယ္။ အသက္ ၂၃ႏွစ္ရိွၿပီျဖစ္တဲ့ ဂ်ပန္မေလး Momo ကိုေတာ့အကစက္လို႔ေတာင္နာမည္ေျပာင္ေပးရတဲ့အထိ ကို အကကိုပိုင္ႏိုင္စြာကႏိုင္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံမွာ ေရာ ကိုးရီးယားႏိုင္ငံမွာပါ ေအာင္ျမင္ေနတဲ့ သူတစ္ေယာက္လည္းျဖစ္ပါတယ္။

Seulgi



ဒီစာရင္းရဲ႕ တတိယေနရာမွာေရာက္ရိွေနတဲ့သူကေတာ့ ကိုရီးယား အမ်ိဳးသမီးအဆိုေတာ္ အဖြဲ႔တစ္ခုျဖစ္တဲ့ Red Velvet အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္တဲ့ Seulgi ပဲျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္ကတည္းကေန သူကေတာ့ အခုဆိုရင္ ၂၅ ႏွစ္အရြယ္ရိွေနပါၿပီ။ သူဒီစာရင္းမွာ နံပါတ္၃ေနရာမွာ ေရာက္ရိွေနတဲ့အေပၚမွာေတာ့ သူရဲ႕ဖန္ေတြ ဘယ္လိုသေဘာထားမလဲမသိဘူးေနာ္ ။

Lee Chaeyeon

၂၀၀၀ ျပည့္ႏွစ္ေမြးဖြားလာခဲ့တဲ့ အသက္၁၉ ႏွစ္အရြယ္ Lee Chaeyeon ကေတာ့ ဒီစာရင္းမွာ နံပါတ္ ၄ေနရာမွာ ေရာက္ရိွေနပါတယ္။ သူကေတာ့ IZ*One အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး သူတို႔အဖြဲ႔ကေတာ့ သက္တမ္းတစ္ႏွစ္ေလာက္သာ ရိွပါေသးတယ္ ။ ဆယ္ေက်ာ္သက္ Idol တစ္ေယာက္အေနနဲ႔ဒီစာရင္းထဲကို ပါဝင္လာကေတာ့ တကယ့္ကို အကပညာမွာ သူထူးခၽြန္လို႔ပဲ ျဖစ္မွာပါ ။

Mina

ဒီစာရင္းမွာ နံပါတ္ငါးေနရာကေန ရပ္တည္ေနတဲ့သူကေတာ့ Twice အဖြဲ႔ထဲက ေနာက္ထပ္ အဖြဲ႔ဝင္တစ္ေယာက္ျဖစ္တဲ့ Mina ဆိုတဲ့ေကာင္မေလးတစ္ေယာက္ပဲျဖစ္ပါတယ္။ သူကေတာ့ အခုခ်ိန္မွာ အသက္ ၂၂ ႏွစ္အရြယ္ျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စုမွာ ေမြးဖြားခဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္ ။ အခုစာရင္းထဲမွာေတာ့ Twice အဖြဲ႔ဝင္ႏွစ္ေယာက္ပါဝင္လာတာကေတာ့ တကယ့္ကို သံသယမရိွနိုင္ေလာက္ေအာင္ ယံုၾကည္မိၾကမယ္ထင္ပါတယ္။

Unicode

ကိုရီးယားနိုင်ငံမှာ Idol တစ်ယောက်အနေနဲ့ ရပ်တည်ဖို့အရေးဟာ တကယ်လွယ်လှတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး ။ ကံ၊ဉာဏ်၊ ဝီရိယ ဆိုတဲ့ အရာတွေရှိနေရင်တောင်မှာ ကိုယ့်ဆီမှာ ပါရမီတစ်ခုခု မရင့်သန်နေခဲ့ဖူးဆိုရင် နာမည်တစ်ခုကို အကြာကြီး ရပ်တည်ဖို့မလွယ်ကူလှပါဘူး ။ ကိုရီးယား Idol တွေမှာလိုအပ်တဲ့ အရည်ချင်းတစ်ခု ဒါမှမဟုတ် မတတ်မဖြစ်သင်ယူသင့်တဲ့အရာတစ်ခုဆိုရင်တော့ အက ဟာ မပါမဖြစ် ကိစ္စတစ်ခုပါပဲ။ သူတို့တွေထဲက ဘယ်သူအက အကောင်းဆုံးလို့ထင်လဲဆိုတဲ့ မေးခွန်းကို ရုတ်တရက်ကြီးမေးလိုက်ရင်တော့ဖြေရခက်နေပါလိမ့်မယ် ။ဒါပေမယ့် အင်တာနက် ဝဘ်ဆိုဒ်တစ်ခုရဲ့ စစ်တမ်းအရ အကအကောင်းဆုံး အမျိုးသမီးကိုရီးယား Idol တွေကို ပရိသတ်တွေက ပေးတဲ့ မဲအရေအတွက်နဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘယ်သူတွေပါဝင်နေမလဲဆိုတာကိုတော့ အောက်မှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး ခင်ဗျာ ။

Lisa

BP ထဲမှာ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားရုံသာမက ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရယူထိုင်နိုင်တဲ့ အသက် ၂၂ အရွယ် Lisa ကတော့ ဒီစာရင်းမှာ နံပါတ်တစ်နေရာမှာရပ်တည်နေပါတယ်။ သူတကယ် အကကောင်းမကောင်းကိုတော့ သူတို့ရဲ့ သီချင်းဖျော်ဖြေမှုကိုတွေကို မြင်ဖူးကြည့်ဖူးသူတိုင်း သိကြပြီးသားပါပဲ။ ထိုင်းနိုင်ငံသူတစ်ယောက် ဖြစ်တဲ့ Lisa အနေနဲ့ ဒီစာရင်းမှာ ထိပ်ဆုံးရပ်တည်နေတာကတော့ တကယ့်ကို ဂုဏ်ယူစရာတစ်ခုပါပဲ ။

Momo

Twice ဆိုတဲ့ Idol အဖွဲ့တစ်ဖွဲ့ထဲကတော့ ဒီစာရင်းမှာ နံပါတ်၂နေရာမှာ ပါဝင်နေပါတယ်။ အသက် ၂၃နှစ်ရှိပြီဖြစ်တဲ့ ဂျပန်မလေး Momo ကိုတော့အကစက်လို့တောင်နာမည်ပြောင်ပေးရတဲ့အထိ ကို အကကိုပိုင်နိုင်စွာကနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ရော ကိုးရီးယားနိုင်ငံမှာပါ အောင်မြင်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

Seulgi

ဒီစာရင်းရဲ့ တတိယနေရာမှာရောက်ရှိနေတဲ့သူကတော့ ကိုရီးယား အမျိုးသမီးအဆိုတော် အဖွဲ့တစ်ခုဖြစ်တဲ့ Red Velvet အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ Seulgi ပဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းကနေ သူကတော့ အခုဆိုရင် ၂၅ နှစ်အရွယ်ရှိနေပါပြီ။ သူဒီစာရင်းမှာ နံပါတ်၃နေရာမှာ ရောက်ရှိနေတဲ့အပေါ်မှာတော့ သူရဲ့ဖန်တွေ ဘယ်လိုသဘောထားမလဲမသိဘူးနော် ။

Lee Chaeyeon
၂၀၀၀ ပြည့်နှစ်မွေးဖွားလာခဲ့တဲ့ အသက်၁၉ နှစ်အရွယ် Lee Chaeyeon ကတော့ ဒီစာရင်းမှာ နံပါတ် ၄နေရာမှာ ရောက်ရှိနေပါတယ်။ သူကတော့ IZ*One အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူတို့အဖွဲ့ကတော့ သက်တမ်းတစ်နှစ်လောက်သာ ရှိပါသေးတယ် ။ ဆယ်ကျော်သက် Idol တစ်ယောက်အနေနဲ့ဒီစာရင်းထဲကို ပါဝင်လာကတော့ တကယ့်ကို အကပညာမှာ သူထူးချွန်လို့ပဲ ဖြစ်မှာပါ ။

Mina

ဒီစာရင်းမှာ နံပါတ်ငါးနေရာကနေ ရပ်တည်နေတဲ့သူကတော့ Twice အဖွဲ့ထဲက နောက်ထပ် အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Mina ဆိုတဲ့ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ အခုချိန်မှာ အသက် ၂၂ နှစ်အရွယ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ် ။ အခုစာရင်းထဲမှာတော့ Twice အဖွဲ့ဝင်နှစ်ယောက်ပါဝင်လာတာကတော့ တကယ့်ကို သံသယမရှိနိုင်လောက်အောင် ယုံကြည်မိကြမယ်ထင်ပါတယ်။