ပရိသတ္ေတြ သိပ္မသိေသးတဲ့ Eminem  အေၾကာင္းမ်ား

Eminem လို႔ေျပာလိုက္တာနဲ႔ ပိန္ပိန္ေသးေသးနဲ႔ Skill ၾကမ္းတဲ့ Rapper တစ္ေယာက္ဆိုတာ အားလံုးသိၿပီးသားျဖစ္တယ္ဆိုတာ သိၾကမွာပါ ။ သူကိုေတာ့ မွတ္တမ္းအမ်ိဳးမ်ိဳးမွာ တူညီတဲ့ မွတ္ခ်က္တစ္ခု ေပးထားၾကပါတယ္။ အဲ့ဒီမွတ္ခ်က္ကေတာ့ သက္ရိွထင္ရွားရိွေနတဲ့ Rapper ေတြထဲမွာ အေတာ္ထဆံုး Rapper  တစ္ေယာက္ လို႔ တစ္သေဘာတည္း သတ္မွတ္ေပးထားခဲ့တာပါ။ သူကေတာ့ အခ်ိန္မွာ အသက္ ၄၆ႏွစ္အရြယ္ရိွေနပါၿပီ။ အသက္ ၅၀ ျပည့္ဖို႔နီးေနတဲ့ Rapper တစ္ေယာက္အေနနဲ႔ Rap Skill ေတြကေတာ့ အခုထက္ထိေကာင္းေနတုန္းပါပဲ။ အခုက်ေနာ္တို႔ ေျပာျပေပးသြားမယ့္ အေၾကာင္းအရာေလးကေတာ့ Eminem ရဲ႕ လူသိနည္းတဲ့အေၾကာင္းေတြပဲ ျဖစ္ပါတယ္။

Elton John က သူ႕ကိုေနာက္ကြယ္ကေနေထာက္ပံ့ေနသူတစ္ေယာက္ပါ။Rolling Stone နဲ႔ အင္တာဗ်ဳးတစ္ခုမွာေတာ့ Eminem က ဒီလိုေျပာခဲ့ဖူးပါတယ္။ “ Elton က က်ေနာ္ရဲ႕ စပြန္ဆာ တစ္ေယာက္လိုပါပဲ။ က်ေနာ္ကို တစ္ပတ္တစ္ခါ ေခၚေတြ႕ၿပီး  က်ေနာ္မွာ ဘာေတြလုပ္အပ္ေနတဲ့ အရည္ခ်င္းေတြ တစ္ဆင့္ၿပီး တစ္ဆင့္တိုးတက္ေအာင္လို႔ အၿမဲတမ္း အႀကံေပးေလ့ရိွပါတယ္။ အဲ့ဒီလိုအႀကံေပးတဲ့အခ်ိန္မွာလည္း Elton က မင္းက တကယ္လို အရႈပ္ထုပ္ေတြကို လုပ္ေနမယ္ဆိုရင္ မင္းျမင္ရမွာက ေသာက္ျမင္ကပ္စရာေကာင္းတဲ့ သက္တံ့တစ္ခုပဲ ျဖစ္ေနလိမ့္မယ္လို႔ လည္း အႀကံေပးခဲ့ပါတယ္။ ဒါေပမယ့္က်ေနာ္ အဲ့ဒီအရာကို အခ်ိန္ေတာ္ေတာ္ၾကာတဲ့ အထိေမ့ထားခဲ့ပါတယ္” ဆိုၿပီးေျပာျပခဲ့ပါတယ္။



ေခတ္ေပၚ ဗန္းစကားအမ်ားႀကီးကို ဖန္တီးခဲ့သူတစ္ေယာက္ျဖစ္ျခင္း ။၉၀ ခုႏွစ္ေတြမွာနာမည္ႀကီးခဲ့တဲ့ ဂီတအမ်ိဳးစားေပါင္း ဟာ ၂၅ ခုရိွပါသတဲ့ အဲ့ဒီထဲကမွာ Eminem ကေတာ့ လူတိုင္း ထင္မထားေလာက္တဲ့ စကားလံုး အသံုးနႈန္းေတြကို တြဲစပ္ၿပီး သံုးခဲ့တာ အမ်ားဆံုးျဖစ္တယ္လို႔ ေလ့လာမႈတခ်ိဳ႕မွာ ေဖာ္ျပထားပါတယ္။   Jay Z ဟာ ၆၈၉၉ လံုးေသာ စကားလံုးအသစ္ေတြကို ဖန္တီးခဲ့ၿပီး ၊ Bob Dylan ကေတာ့ ၄၈၈၃ လံုးဖန္တီးခဲ့ပါသတဲ့ ဒါေပမယ့္ Eminem ကေတာ့ စကားလံုးေရေပါင္း ၈၈၁၈ ကို ဖန္တီးေရးသားၿပီး သီခ်င္းေတြထဲမွာ စပ္ဆိုခဲ့ပါတယ္။




သူရဲ႕ ပထမဆံုးေခြ မထြက္ေသးခင္မွာေတာ့ ပိုက္ဆံရဖို႔ အလုပ္လုပ္ခဲ့ရပါေသးတယ္။1992 ခုႏွစ္ကို ျပန္သြားၾကည့္မယ္ဆိုရင္ Eminem တစ္ေယာက္ကေတာ့ FBT ထုတ္လုပ္ေရးနဲ႔ သူရဲ႕ ေခြကို ထုပ္ဖို႔ သေဘာတူညီခ်က္ရၿပီးသြားၿပီျဖစ္ပါတယ္။ ဒါေပမယ့္ သူဟာ သူ႔ဘဝရပ္တည္ေရးအတြက တစ္နာရီကို ၅.၅ေဒၚလာႏႈန္းနဲ႔ Glibert’s Lodge မွာ ပန္းကန္ေဆးတဲ့အလုပ္ကို လုပ္ကိုင္ၿပီး ရပ္တည္ခဲ့ရပါတယ္။Lose Yourself သီခ်င္းကို 8 Mile ရိုက္ကူးေနတုန္းမွာပဲ ေရးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီသီခ်င္းဟာ Eminem ရဲ႕ အေကာင္းဆံုးသီခ်င္းတစ္ပုဒ္ ျဖစ္ရံုတင္မကဘဲ ကမၻာ့ Rap သမိုင္းတစ္ေလွ်ာက္မွာ အေကာင္းဆံုး Rap သီခ်င္းတစ္ပုဒ္လည္း ျဖစ္ခဲ့ပါတယ္။ 8 Mile ရိုက္ကူးေနစဥ္မွာပဲ Verse ၃ ပိုဒ္လံုးကို ၿပီးေအာင္ေရးခဲ့တဲ့ သီခ်င္းလည္း ျဖစ္ပါတယ္။

Unicode



Eminem လို့ပြောလိုက်တာနဲ့ ပိန်ပိန်သေးသေးနဲ့ Skill ကြမ်းတဲ့ Rapper တစ်ယောက်ဆိုတာ အားလုံးသိပြီးသားဖြစ်တယ်ဆိုတာ သိကြမှာပါ ။ သူကိုတော့ မှတ်တမ်းအမျိုးမျိုးမှာ တူညီတဲ့ မှတ်ချက်တစ်ခု ပေးထားကြပါတယ်။ အဲ့ဒီမှတ်ချက်ကတော့ သက်ရှိထင်ရှားရှိနေတဲ့ Rapper တွေထဲမှာ အတော်ထဆုံး Rapper တစ်ယောက် လို့ တစ်သဘောတည်း သတ်မှတ်ပေးထားခဲ့တာပါ။ သူကတော့ အချိန်မှာ အသက် ၄၆နှစ်အရွယ်ရှိနေပါပြီ။ အသက် ၅၀ ပြည့်ဖို့နီးနေတဲ့ Rapper တစ်ယောက်အနေနဲ့ Rap Skill တွေကတော့ အခုထက်ထိကောင်းနေတုန်းပါပဲ။ အခုကျနော်တို့ ပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ Eminem ရဲ့ လူသိနည်းတဲ့အကြောင်းတွေပဲ ဖြစ်ပါတယ်။

Elton John က သူ့ကိုနောက်ကွယ်ကနေထောက်ပံ့နေသူတစ်ယောက်ပါ

Rolling Stone နဲ့ အင်တာဗျုးတစ်ခုမှာတော့ Eminem က ဒီလိုပြောခဲ့ဖူးပါတယ်။ “ Elton က ကျနော်ရဲ့ စပွန်ဆာ တစ်ယောက်လိုပါပဲ။ ကျနော်ကို တစ်ပတ်တစ်ခါ ခေါ်တွေ့ပြီး ကျနော်မှာ ဘာတွေလုပ်အပ်နေတဲ့ အရည်ချင်းတွေ တစ်ဆင့်ပြီး တစ်ဆင့်တိုးတက်အောင်လို့ အမြဲတမ်း အကြံပေးလေ့ရှိပါတယ်။ အဲ့ဒီလိုအကြံပေးတဲ့အချိန်မှာလည်း Elton က မင်းက တကယ်လို အရှုပ်ထုပ်တွေကို လုပ်နေမယ်ဆိုရင် မင်းမြင်ရမှာက သောက်မြင်ကပ်စရာကောင်းတဲ့ သက်တံ့တစ်ခုပဲ ဖြစ်နေလိမ့်မယ်လို့ လည်း အကြံပေးခဲ့ပါတယ်။ ဒါပေမယ့်ကျနော် အဲ့ဒီအရာကို အချိန်တော်တော်ကြာတဲ့ အထိမေ့ထားခဲ့ပါတယ်” ဆိုပြီးပြောပြခဲ့ပါတယ်။

ခေတ်ပေါ် ဗန်းစကားအများကြီးကို ဖန်တီးခဲ့သူတစ်ယောက်ဖြစ်ခြင်း

၉၀ ခုနှစ်တွေမှာနာမည်ကြီးခဲ့တဲ့ ဂီတအမျိုးစားပေါင်း ဟာ ၂၅ ခုရှိပါသတဲ့ အဲ့ဒီထဲကမှာ Eminem ကတော့ လူတိုင်း ထင်မထားလောက်တဲ့ စကားလုံး အသုံးနှုန်းတွေကို တွဲစပ်ပြီး သုံးခဲ့တာ အများဆုံးဖြစ်တယ်လို့ လေ့လာမှုတချို့မှာ ဖော်ပြထားပါတယ်။ Jay Z ဟာ ၆၈၉၉ လုံးသော စကားလုံးအသစ်တွေကို ဖန်တီးခဲ့ပြီး ၊ Bob Dylan ကတော့ ၄၈၈၃ လုံးဖန်တီးခဲ့ပါသတဲ့ ဒါပေမယ့် Eminem ကတော့ စကားလုံးရေပေါင်း ၈၈၁၈ ကို ဖန်တီးရေးသားပြီး သီချင်းတွေထဲမှာ စပ်ဆိုခဲ့ပါတယ်။

သူရဲ့ ပထမဆုံးခွေ မထွက်သေးခင်မှာတော့ ပိုက်ဆံရဖို့ အလုပ်လုပ်ခဲ့ရပါသေးတယ်

1992 ခုနှစ်ကို ပြန်သွားကြည့်မယ်ဆိုရင် Eminem တစ်ယောက်ကတော့ FBT ထုတ်လုပ်ရေးနဲ့ သူရဲ့ ခွေကို ထုပ်ဖို့ သဘောတူညီချက်ရပြီးသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ သူ့ဘဝရပ်တည်ရေးအတွက တစ်နာရီကို ၅.၅ဒေါ်လာနှုန်းနဲ့ Glibert’s Lodge မှာ ပန်းကန်ဆေးတဲ့အလုပ်ကို လုပ်ကိုင်ပြီး ရပ်တည်ခဲ့ရပါတယ်။

Lose Yourself သီချင်းကို 8 Mile ရိုက်ကူးနေတုန်းမှာပဲ ရေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာ Eminem ရဲ့ အကောင်းဆုံးသီချင်းတစ်ပုဒ် ဖြစ်ရုံတင်မကဘဲ ကမ္ဘာ့ Rap သမိုင်းတစ်လျှောက်မှာ အကောင်းဆုံး Rap သီချင်းတစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ 8 Mile ရိုက်ကူးနေစဉ်မှာပဲ Verse ၃ ပိုဒ်လုံးကို ပြီးအောင်ရေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

Tags:

Leave a Reply