ပါးစပ်ကနေ အနံဆိုးတွေမထွက်အောင်ဘယ်လိုလုပ်မလဲ
Unicode
လူတိုင်းဟာ ဘဝကို ကျန်းကျန်းမာမာပျော်ပျော််ရွင်ရွင်နဲ့ ဖြတ်သန်းချင်ကြပါတယ်။ စိတ်ကျန်းမာပျော်ရွင်ဖို့လိုအပ်သလို တစ်ကိုယ်ရေခန္ဓာကိုယ်ကျန်မာရေးဟာလည်း မရှိမဖြစ်လိုအပ်လှပါတယ်။ ကျနော်တို့ ခံတွင်းကနေ တစ်ခါတစ်ရံအနံ့ဆိုးတွေထွက်တတ်ပါတယ်။ တချို့က တစ်ခါတစ်ရံမှသာ အဆိုပါ အနံ့ဆိုးတွေထွက်တတ်ပြီး တချို့ကြတော့ အမြဲလိုလိုထွက်နေတတ်ပါတယ်။ ခံတွင်းမှ အနံ့ဆိုးတွေထွက်နေတာဟာ ပတ်ဝန်းကျင်နဲ့ဆက်ဆံရာမှာ အဆင်မပြေဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်က အနံ့ဆိုးတွေမထွက်အောင် ဘာတွေလုပ်ရမလဲဆိုတာကိုး ပြောချင်လွန်းလို့မှဖော်ပြလိုက်ရပါတယ်။
(၁) အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေကိုစားသုံးပေးပါ။
ဖိုင်ဘာအမျှှင်ဓာတ်ပါတဲ့ ကြွယ်ဝစွာပါဝင်တဲ့ အစာအသောက်တွေကို မှီဝဲပေးမယ်ဆိုရင် သင့်အနေနဲ့ ခန္ဓာကိုယ်က အနံ့ဆိုးထွက်ခြင်းတွေကို တားဆီးပေးနိုင်မှာပါ။ ရှောင်ရမယ့်အစားစားတွေကတော့ ကာဗွန်ဟိုက်ဒရိုက်ဓာတ်အများအပြားပါတဲ့ ကွတ်ကီး၊ ကိတ်၊ သကြားနဲ့ ရေခဲမုန့်တို့ဖြစ်ပါတယ်။
(၂) ခံတွင်းသန့်စင်ရည်သုံးပေးပါ။
မြန်မာနိုင်ငံမှာတော့ ခံတွင်းသန့်စင်ရေကို အသုံးပြုသူရှားလှပါတယ်။ မိမိပါးစပ်ကနေ မကောင်းတဲ့ အငွေ့အသက်တွေအမြဲလိုလိုထွက်နေမယ်ဆိုရင်တော့ သွားတိုက်ခြင်းအလေ့အထအပြင် ခံတွင်းသန့်စင်ရေသုံးတဲ့ ဓလေ့ကိုပါ ကျနော်တို့လူမှုစက်ဝန်းထဲထည့်ပေးသင့်ပါတယ်။ အရက်သောက်တတ်တဲ့သူတွေလည်း အဆိုပါဆေးရည်ကို အသုံးပြုပေးသင့်ပါတယ်။ အယ်ကိုဟောမှာ ခံတွင်းကို ညစ်ပတ်နံစေတဲ့ ဓာတ်များစွာပါဝင်ပါတယ်။
(၃) ကော်ဖီစိမ်းနဲ့ Black tea တွေကို သောက်ပေးပါ။
ကော်ဖီစိမ်းနဲ့ Black Tea မှာပါဝင်တဲ့ polyphenols ဓာတ်က ခံတွင်းအတွင်းမှ အနံထွက်စေတဲ့ ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ်။
(၄) အစားစားပြီးတိုင်းသွားတိုက်ပါ။
အသားငါးတွေနဲ့ ထမင်းစားပြီးတဲ့အခါးတိုင်းသွားကို ပုံမှန်လေးတိုက်ပေးပါ။ ကျနော်တို့ဟာ အစားစားပြီးတိုင်းသွားတိုက်ဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ အစားစားပြီးတိုင်းသွားတိုက်မယ်ဆိုရင် သင့်သွားလေးတွေလည်း ပိုမိုဖြဖွေးလှပလာမှာဖြစ်သလို ခံတွင်းအနံဆိုးတွေရန်မှလည်း ကင်းဝေးနိုင်ပါတယ်။
(၅) ဆေးလိပ်နဲ့ အရက်ကို ရှောင်ပါ။
ဆေးလိပ်နဲ့ အရက်တွေမှာပါဝင်တဲ့ ဓာတ်တွေဟာ ခံတွင်းကို ညစ်ပတ်နံစေနိုင်ပါတယ်။ ခံတွင်းကျန်မားရေးအတွက်ရော ခန္ဓာကိုယ်ဂေဟစနစ်ကောင်းမွန်ဖို့အတွက်ရော ဆေးလိပ်နဲ့ အရက်ကုုိ ဝေးဝေးရှောင်သင့်ပါတယ်။
(၆) ရေများများသောက်ပေးပါ။
ခံတွင်းစိုစွတ်ဖို့နဲ့ ဘက်တီးရီးယားတွေ ခံတွင်းမှာ ကြာရှည်စွာမရပ်တည် မရှင်သန်နိုင်အောင် ရေများများသောက်ပေးသင့်ပါတယ်။လူတိုင်းဟာ ဘဝကို ကျန်းကျန်းမာမာပျော်ပျော််ရွင်ရွင်နဲ့ ဖြတ်သန်းချင်ကြပါတယ်။ စိတ်ကျန်းမာပျော်ရွင်ဖို့လိုအပ်သလို တစ်ကိုယ်ရေခန္ဓာကိုယ်ကျန်မာရေးဟာလည်း မရှိမဖြစ်လိုအပ်လှပါတယ်။ ကျနော်တို့ ခံတွင်းကနေ တစ်ခါတစ်ရံအနံ့ဆိုးတွေထွက်တတ်ပါတယ်။ တချို့က တစ်ခါတစ်ရံမှသာ အဆိုပါ အနံ့ဆိုးတွေထွက်တတ်ပြီး တချို့ကြတော့ အမြဲလိုလိုထွက်နေတတ်ပါတယ်။ ခံတွင်းမှ အနံ့ဆိုးတွေထွက်နေတာဟာ ပတ်ဝန်းကျင်နဲ့ဆက်ဆံရာမှာ အဆင်မပြေဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်က အနံ့ဆိုးတွေမထွက်အောင် ဘာတွေလုပ်ရမလဲဆိုတာကို ပြောချင်လွန်းလို့မှဖော်ပြလိုက်ရပါတယ်။
(၁) အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေကိုစားသုံးပေးပါ။
ဖိုင်ဘာအမျှှင်ဓာတ်ပါတဲ့ ကြွယ်ဝစွာပါဝင်တဲ့ အစာအသောက်တွေကို မှီဝဲပေးမယ်ဆိုရင် သင့်အနေနဲ့ ခန္ဓာကိုယ်က အနံ့ဆိုးထွက်ခြင်းတွေကို တားဆီးပေးနိုင်မှာပါ။ ရှောင်ရမယ့်အစားစားတွေကတော့ ကာဗွန်ဟိုက်ဒရိုက်ဓာတ်အများအပြားပါတဲ့ ကွတ်ကီး၊ ကိတ်၊ သကြားနဲ့ ရေခဲမုန့်တို့ဖြစ်ပါတယ်။
(၂) ခံတွင်းသန့်စင်ရည်သုံးပေးပါ။
မြန်မာနိုင်ငံမှာတော့ ခံတွင်းသန့်စင်ရေကို အသုံးပြုသူရှားလှပါတယ်။ မိမိပါးစပ်ကနေ မကောင်းတဲ့ အငွေ့အသက်တွေအမြဲလိုလိုထွက်နေမယ်ဆိုရင်တော့ သွားတိုက်ခြင်းအလေ့အထအပြင် ခံတွင်းသန့်စင်ရေသုံးတဲ့ ဓလေ့ကိုပါ ကျနော်တို့လူမှုစက်ဝန်းထဲထည့်ပေးသင့်ပါတယ်။ အရက်သောက်တတ်တဲ့သူတွေလည်း အဆိုပါဆေးရည်ကို အသုံးပြုပေးသင့်ပါတယ်။ အယ်ကိုဟောမှာ ခံတွင်းကို ညစ်ပတ်နံစေတဲ့ ဓာတ်များစွာပါဝင်ပါတယ်။
(၃) ကော်ဖီစိမ်းနဲ့ Black tea တွေကို သောက်ပေးပါ။
ကော်ဖီစိမ်းနဲ့ Black Tea မှာပါဝင်တဲ့ polyphenols ဓာတ်က ခံတွင်းအတွင်းမှ အနံထွက်စေတဲ့ ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ်။
(၄) အစားစားပြီးတိုင်းသွားတိုက်ပါ။
အသားငါးတွေနဲ့ ထမင်းစားပြီးတဲ့အခါးတိုင်းသွားကို ပုံမှန်လေးတိုက်ပေးပါ။ ကျနော်တို့ဟာ အစားစားပြီးတိုင်းသွားတိုက်ဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ အစားစားပြီးတိုင်းသွားတိုက်မယ်ဆိုရင် သင့်သွားလေးတွေလည်း ပိုမိုဖြဖွေးလှပလာမှာဖြစ်သလို ခံတွင်းအနံဆိုးတွေရန်မှလည်း ကင်းဝေးနိုင်ပါတယ်။
(၅) ဆေးလိပ်နဲ့ အရက်ကို ရှောင်ပါ။
ဆေးလိပ်နဲ့ အရက်တွေမှာပါဝင်တဲ့ ဓာတ်တွေဟာ ခံတွင်းကို ညစ်ပတ်နံစေနိုင်ပါတယ်။ ခံတွင်းကျန်မားရေးအတွက်ရော ခန္ဓာကိုယ်ဂေဟစနစ်ကောင်းမွန်ဖို့အတွက်ရော ဆေးလိပ်နဲ့ အရက်ကုုိ ဝေးဝေးရှောင်သင့်ပါတယ်။
(၆) ရေများများသောက်ပေးပါ။
ခံတွင်းစိုစွတ်ဖို့နဲ့ ဘက်တီးရီးယားတွေ ခံတွင်းမှာ ကြာရှည်စွာမရပ်တည် မရှင်သန်နိုင်အောင် ရေများများသောက်ပေးသင့်ပါတယ်။