ပုရိသ​တွေ အရမ်းကြိုက်သွားစေမယ့် အိပ်​ရာဝင်​ တင်​ပါးတု​ခေါင်းအုံး

0
64

ဂျပန်​ပြည်​က​တော့ ထူးဆန်းစရာအမြဲဖြစ်​​စေတဲ့၊ အမြင်​ဆန်း​စေတဲ့ တီထွင်​မှု​တွေ၊ လူသုံးပစ္စည်း​တွေကို ပုံမှန်​ထုတ်​လုပ်​တတ်​ကြပြီး ဥာဏ်​ကွန်အခု​ချိန်​ဆိုရင်​​တော့ငံဖြစ်​ပါတယ်​။ အခု​ချိန်​ဆိုရင်​​တော့ ဂျပန်​ပြည်​မှာ ​ခေါင်းအုံး​တွေကို ပုံသဏ္ဍာန်​ထူးထူးခြားခြား နဲ့ကို ထပ်ပြီး ​ထုတ်​လုပ်​လိုက်​ပြန်​ပါပြီ။ ပုရိသ​တွေအကြိုက်​ပါပဲ။ မိတ်​ဆက်​​ပေးပါရ​စေ။

အဲ့ဒါက​တော့ တင်​ပါးအတု​ခေါင်းအုံး​တွေပဲဖြစ်​ပါတယ်​။ လက်​ရှိမှာ ဂျပန်​ပြည်​​ဈေးကွက်​ထဲမှာ ထိုး​ဖောက်​ဝင်​​ရောက်​လာပြီး အုံးအုံးကြွက်​ကြွက်​ ဖြစ်​​စေခဲ့တယ်​။

ယောကျာင်္းထု၊ ပုရိသ​တွေအတွက်​ လုပ်​ငန်းခွင်​မှာ လုပ်​အားစွမ်းရည်​ မြှင့်​တင်​မှုရှု​ထောင့်​က​နေ တင်​ပါးတု​ခေါင်းအုံး​တွေကို ဒီဇိုင်း​​ထုတ်​လုပ်​ထားတာလို့ သိရပါတယ်​။ ​ဘေးတိုက်​ပဲအိပ်​အိပ်​၊ ​ခေါင်းအုံးကို မျက်​နှာအပ်​ပြီးအိပ်​အိပ်​၊ ​မှောက်​လျက်​အ​နေအထားပဲ အိပ်​အိပ်​၊ နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ရေးဝဝနဲ့ အိပ်​​ပျော်​​စေ​အောင်​ အထူးဖန်​တီးထုတ်​လုပ်​ထားတာပါတဲ့။

ကြက်​​ပေါင်​ရာဘာ​စေးကို အသုံးပြုထားတာဖြစ်​သလို ​ခေါင်းချလိုက်​တာနဲ့ စိတ်​ချလက်​ချဖြစ်​​စေတဲ့ သက်​​သောင့်​သက်​သာဖြစ်​မှုကို ရပြီး တာရှည်​လည်းခံပါတယ်​။ အထိအ​တွေ့အရ​ရော ​တောင့်​တင်းမှု နဲ့ အိစက်​ညက်​​ညောမှုကို နှစ်​မျိုး​ပေါင်းစပ်​ထားတဲ့ အရသာမျိုးပါပဲ။

အနုပညာ​မြောက်​တဲ့ လက်​ရာဆန်းသစ်​မှုတစ်​ခုအဖြစ်​လည်း ချီးကျူးမှု​တွေရရှိ​နေတဲ့ တင်​ပါးတု​ခေါင်းအုံးဆန်း​ဆန်း​တွေက ပုရိသ​တွေအတွက်​​တော့ အိပ်​မက်​​ကောင်း​ကောင်း​လေး မက်​​စေမှာ အ​သေအချာပါပဲ​။ ​ယောကျာင်္းထုကြီးရဲ့ စိတ်​ကြိုက်​ကိုး​လေ။

Zaw (H2H)