ပုံမှန်နဲ့ ကွဲထွက်နေပြီး လွတ်လပ်မှုကို ကြိုက်သူများ
0
162
unicode
လူသားတွေ အားလုံးကတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့အတွက် စည်းကမ်းတွေများတဲ့ လူ့ဘောင်ထဲမှာ နေရပါတယ်။ ဒါပေမဲ့လည်း သင်တို့အနေနဲ့ အမြဲတမ်း ဒီလိုမျိုး မွှန်းကျပ်နေတဲ့ လူ့အဖွဲ့အစည်း စည်းကမ်းချက်တွေ များတဲ့နေရာမှာနေရတာကတော့ တခါတလေ အဆင်မပြေတော့ ဖြစ်မှာပါ။ ဒါကြောင့် ထူးထူးဆန်းဆန်းတွေ လျှောက်လုပ်လိုက်တဲ့ အခါတွေ ရှိလာပါတယ်။ တချို့သော အင်တာနက်အသုံးပြုသူတွေလည်း သူတို့အနေနဲ့ မွှန်းကျပ်မှုတွေကြားက ရုန်းထွက်ပြီး လွတ်လွတ်လပ်လပ်နေတဲ့ အခိုက်အတန့်ပုံတွေကို ဝေမျှပေးကြပါတယ်။ ဒါကြောင့်ပြောချင်လွန်းလို့ ပေ့ချ်က ဒီတခေါက်မှာ ဖော်ပြပေးချင်တာကတော့ ပုံမှန်နဲ့ ကွဲထွက်နေတဲ့ လွတ်လွတ်လပ်လပ်နေကြသူများရဲ့ ပုံရိပ်ကို ဖော်ပြပေးလိုက်ပါတယ်။ သင်တို့ရော ဒီလိုမျိုး ပတ်ဝန်းကျင်ကို လျစ်လျူရှုလိုက်တဲ့ အခိုက်အတန့်တွေ ရှိလားဗျာ။
၁.သင့်အနေနဲ့ ဘယ်လိုလူက ဒီလို ကြက်တွေနဲ့ ပျော်မြူးနေတာကို မြင်ဖူးပါလဲ။ ခွေးတွေ ကြောင်တွေနဲ့တော့ တွေ့ဖူးကြမှာပါ။ ဒါပေမဲ့လည်း ဒီလိုမျိုးကြက်တွေနဲ့ ရေတူူတူကူးနေတဲ့ လူကိုတော့ တွေ့ဖူးကြမယ်လို့ မထင်ပါဘူး။
၂.ဆိုင်ကယ်နောက်မှာ ဆိုင်ကယ်စီး ဦးထုပ်ပါပေမယ့်လည်း ဆိုင်ကယ်စီး ဦးထုပ်ထက် ဒယ်အိုးက ပိုပြီး လုံခြုံနေသောအခါ။ တခါတလေ ပတ်ဝန်းကျင်ကို လျစ်လျူရှုထားပြီး ဘာမှ မမြင်ရတာလည်း ကောင်းပါတယ်။
၃.ပုံထဲက လူအတိုင်းတော့ ဘယ်သူမှ သောက်ကြမယ် မထင်ပါဘူး။ ပဲစေ့တွေကို ဖျော်ရည်ဗူးထဲထည့်ပြီးတော့ သောက်နေတာ ဖြစ်ပါတယ်။ သင်တို့လည်း စိတ်ပါရင် လိုက်သောက်ကြည့်ကြပါလား။
၄.ဒီလူကတော့ တခုခုတင်ပြီးတော့ စားဖို့ ပန်းကန်ပြားလိုနေပြီလို ထင်ပါတယ်။ လက်တော့ပ်ပေါ်မှာ တင်စားနေတာကတော့ တော်တော်ဆိုးပါတယ်။ ဒါပေမဲ့လည်း မဖြစ်မနေ အနေအထားမျိုးမှာ ဆိုရင်တော့ အသုံးဝင်ရင် ဝင်မှာပေါ့။
၅.ဒီအမျိုးသမီးကတော့ အဆန်းပဲဗျာ။ သောက်စရာ ကတော့ နှစ်ခုတောင် ကိုင်ထားပါတယ်။ ဒါပေမဲ့လည်း ဘယ်နေရာကနေ သွားသောက်မလည်းတော့မသိဘူး။ တမျက်နှာလုံးကို ဖုံးထားတာဆိုတော့။
၆.ခြေထောက်ကျိုးနေပေမယ့်လည်း စကိတ်စီးချင်လာသောအခါ။ ဒီလူကတော့ ပုံမှန်ထက်ပဲထူးနေတာလား မစဉ်းစားတာလားတော့ မသိပါဘူး။ ခြေထောက်ကျိုးနေတာတောင် စကိတ်စီးကောင်းတုန်းပါ။
၇.ဒီပုံကတော ဒီတိုင်းကြည့်လိုက်ရင် သိပ်ပြီးတော့ မထူးခြားပါဘူး။ ဒါပေမဲ့လည်း သေချာကြည့်မယ်ဆိုရင်တော့ ထူးခြားမှုက ထင်းထင်းကြီးကို မြင်လာမှာပါ။ သူလည်း လွတ်လွတ်လပ်လပ်နေချင်လို့ ရှိမှာပေါ့။
၈.အစည်းအဝေးနောက်ကျနေပြီ သွားလိုက်ပါဦးမယ်ဆိုတဲ့ ဒီဇိုင်းနဲ့ ဘဲကြီးကတော့ ပုံမှန်ထက်နည်းနည်း ထူးခြားနေပါတယ်။ သူဒီဘောင်းဘီကို တကိုယ်လုံးဝင်လို့ရရင်တောင် ဝင်မလားမသိပါဘူး။
၉.ဒီအိမ်ဆောက်တဲ့သူကတော့ ဉာဏ်တော်တေ်ာကောင်းသွားပါပြီ။ အကာအရံမရှိတဲ့နေရာမှာ တံခါးတပ်ထားတော့ ဘာများထူးခြားသွားမှာလဲ။
၁၀.ကားကို ရေဆေးပြီး မိုးရွာလာလျှင်ရေစိုမှာ ကြောက်တဲ့အခါ။ သူလည်း ရှိတဲ့ ရေစုပ်တဲ့ ပစ္စည်းတွေ အသုံးချပြီလေ။