ပံုမွန္မဟုတ္တဲ့ ထူးထူးဆန္းဆန္းအေၾကာက္္လြန္ေရာဂါရွိတဲ့ ကမၻာေက်ာ္မ်ား

လူမွန္ရင္အေၾကာက္္တရားကေတာ့ ရွိၾကတာပါပဲ။အမ်ားစုက မျမင္ရတဲ့ ပရေလာကသားေတြကုိေၾကာက္ျပီး အခ်ိဳ႕ကေတာ့ ထူးထူးဆန္းဆန္းအေကာင္ေတြဘာညာအစရွိသျဖင့္ကုိေၾကာက္ၾကပါတယ္။ ဒါေပမယ့္မူမမွန္ပဲ ထူးဆန္းတဲ့ေျခာက္ခ်ားမႈေတြရွိေနတဲ့သူေတြကလည္း ရွိပါေသးတယ္။ သူမ်ားမေၾကာက္တာကုိေၾကာက္ေနတတ္တဲ့ထူးဆန္းတဲ့ အေၾကာက္္တရားရွိတဲ့ကမၻာေက်ာ္ေတြကုိေဖာ္ျပေပးလိုက္ပါတယ္။

Justin Bieber



JB က သူ႔ရဲ႕ အင္တာဗ်ဴးေတြမွာ သူ႔မွာ Claustrophobia ရွိတယ္လို႔ ဝန္ခံခဲ့ဖူးပါတယ္။ Claustrophobia ဆိုတာကေတာ့အားလံုးနီးပါးသိၾကမွာပါ။က်ပ္တည္းတဲ့ေနရာေသးေသးေလးေတြကိုေၾကာက္တဲ့ စိတ္ေရာဂါပါ။အခန္းက်ဥ္းေလးေတြ၊ မလႈပ္သာမလွည့္သာေနရာေတြ၊ အျပင္ကုိမျမင္ရတ့ဲအလံုပိတ္ခန္းေတြ၊ ေနာက္ျပီးေသတၱာလို နံရံကပ္ဗီဒုိလိုေနရာေတြကို ေၾကာက္တဲ့ေရာဂါျဖစ္ပါတယ္။ JB က သူ႔မွာ Claustrophobia ရွိတယ္လို႔ဝန္ခံထားျပီး အျခား အေၾကာက္ေရာဂါတစ္္ခုကေတာ့ သူ႔လက္ေတြေပက်ံညစ္ပတ္မွာေၾကာက္တဲ့ေရာဂါပါတဲ့။

Taylor Swift




Taylor Swift ရဲ႕ အၾကီးက်ယ္္ဆံုး အေၾကာက္တရားကေတာ့ Thalassopnnobia ပါ။ သူက ပင္လယ္၊ေရေတြနဲ႔၊ ပင္လယ္နဲ႔သက္ဆိုင္တဲ့အရာေတြကုိေၾကာက္တာျဖစ္ပါတယ္။ Tay Tayတကယ္တမ္းေၾကာက္တာကေတာ့ Sea Urchins ေတြျဖစ္ျပီး သူမရဲ႕ အင္တာဗ်ဴးေတာ္ေတာ္မ်ားမ်ားမွာ အဲဒီ sea urchins ေတြကေၾကာက္စရာအလြန္ေကာင္းျပီး ပင္လယ္မွာအပန္းေျဖရင္းနဲ႔ အဲဒီပင္လယ္ဆူးေကာင္ေတြနဲ႔ေတြ႕ျပီး အေရးေပၚခန္းကုိခ်က္ခ်င္းတန္းေရာက္သြားနုိင္ေၾကာင္း၊ အဲဒီေကာင္ေတြတိုက္ခိုက္တာခံရရင္ လက္ေတြေျခေတြေတာင္ျဖတ္ပစ္ရနိုင္ေၾကာင္းေျပာျပခဲ့ဖူးပါတယ္။

Scarlett Johansson



Natasha အျဖစ္ MCU ပရိသတ္ေတြရင္ထဲက မမ Scarlett ကေတာ့ ငွက္ေတြကုိေၾကာက္တဲ့ေရာဂါရွိပါတယ္တဲ့။ သူ႕က်မွထူးထူးဆန္္းဆန္း။ Scarlett တကယ္တမ္းေၾကာက္္တာကေတာ့ ေတာင္ပံခတ္တဲဲ့အသံေတြနဲ႔ ေတာင္ပံေတြကိုေၾကာက္တာျဖစ္ေၾကာင္းသိရပါတယ္။ငွက္ေတြကုိေၾကာက္တဲ့ေရာဂါကုိ Ornithophobia လို႔ေခၚတြင္ေၾကာင္းသိရပါတယ္။

David Beckham

အခုုအခ်ိန္အထိ နႈတ္ခမ္းနီမေလးေတြရဲ႕အခ်စ္ကုိရေနဆဲ David Beckham ကေတာ့ ဖားျပဳတ္ေတြကုိေၾကာက္တဲ့ေရာဂါရွိပါတယ္တဲ့။ ဖားျပဳတ္ေတြကုိ သာမန္ထက္လြန္လြန္ကဲကဲေၾကာက္တာေၾကာင့္ သူမ်ားေတြေလွာင္တာခံရေပမယ့္လည္း ေၾကာက္တဲ့စိတ္က ေပ်ာက္မသြားဘူးလုိ႔ဆိုပါတယ္။ Beckham က BBC နဲ႔အင္တာဗ်ဴးမွာ စိတ္မူမွန္မဟုတ္တဲ့ေရာဂါေတြခံစားရဖူးေၾကာင္းနဲ႔ သူ႔မွာဖားေတြကုိေၾကာက္တဲ့ေရာဂါရွိတယ္လို႔ ဝန္ခံသြားခဲ့ပါတယ္။ ဖားျပဳတ္ေတြကုိေၾကာက္တဲ့ေရာဂါကုိေတာ့ Ranidaphobia လို႔ေခၚပါတယ္။

Adele

Adele ကေတာ့ ပင္လယ္စင္ေရာ္ေတြကုိေၾကာက္တဲ့ေရာဂါရွိပါတယ္။ သူမ အလြန္ငယ္ရြယ္ေသးတဲ့အခ်ိန္တုန္းက စင္ေရာ္ရဲ႕တုိက္ခိုက္မႈကုိခံခဲ့ရတာေၾကာင့္ၾကိီးလာတဲ့အထိ စင္ေရာ္ေတြကုိေၾကာက္ေနတုန္းလို႔ဆိုပါတယ္္။ အဲဒီတုန္းက ဒဏ္ရာကအရမ္းနက္တာေၾကာင့္အခုထိ အမာရြတ္က်န္္တုန္းပါတဲဲ့။ ပင္လယ္စင္ေရာ္ကုိေၾကာက္တဲ့ေရာဂါကေတာ့ ငွက္ေတြကုိေၾကာက္တဲ့ေရာဂါအျဖစ္ အၾကံဳးဝင္ျပီး Ornithophobia လို႔ ေခၚတြင္ပါတယ္။

Unicode

လူမှန်ရင်အကြောက််တရားကတော့ ရှိကြတာပါပဲ။အများစုက မမြင်ရတဲ့ ပရလောကသားတွေကိုကြောက်ပြီး အချို့ကတော့ ထူးထူးဆန်းဆန်းအကောင်တွေဘာညာအစရှိသဖြင့်ကိုကြောက်ကြပါတယ်။ ဒါပေမယ့်မူမမှန်ပဲ ထူးဆန်းတဲ့ခြောက်ချားမှုတွေရှိနေတဲ့သူတွေကလည်း ရှိပါသေးတယ်။ သူများမကြောက်တာကိုကြောက်နေတတ်တဲ့ထူးဆန်းတဲ့ အကြောက််တရားရှိတဲ့ကမ္ဘာကျော်တွေကိုဖော်ပြပေးလိုက်ပါတယ်။

Justin Bieber

JB က သူ့ရဲ့ အင်တာဗျူးတွေမှာ သူ့မှာ Claustrophobia ရှိတယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။ Claustrophobia ဆိုတာကတော့အားလုံးနီးပါးသိကြမှာပါ။ကျပ်တည်းတဲ့နေရာသေးသေးလေးတွေကိုကြောက်တဲ့ စိတ်ရောဂါပါ။အခန်းကျဉ်းလေးတွေ၊ မလှုပ်သာမလှည့်သာနေရာတွေ၊ အပြင်ကိုမမြင်ရတဲ့အလုံပိတ်ခန်းတွေ၊ နောက်ပြီးသေတ္တာလို နံရံကပ်ဗီဒိုလိုနေရာတွေကို ကြောက်တဲ့ရောဂါဖြစ်ပါတယ်။ JB က သူ့မှာ Claustrophobia ရှိတယ်လို့ဝန်ခံထားပြီး အခြား အကြောက်ရောဂါတစ််ခုကတော့ သူ့လက်တွေပေကျံညစ်ပတ်မှာကြောက်တဲ့ရောဂါပါတဲ့။

Taylor Swift

Taylor Swift ရဲ့ အကြီးကျယ််ဆုံး အကြောက်တရားကတော့ Thalassopnnobia ပါ။ သူက ပင်လယ်၊ရေတွေနဲ့၊ ပင်လယ်နဲ့သက်ဆိုင်တဲ့အရာတွေကိုကြောက်တာဖြစ်ပါတယ်။ Tay Tayတကယ်တမ်းကြောက်တာကတော့ Sea Urchins တွေဖြစ်ပြီး သူမရဲ့ အင်တာဗျူးတော်တော်များများမှာ အဲဒီ sea urchins တွေကကြောက်စရာအလွန်ကောင်းပြီး ပင်လယ်မှာအပန်းဖြေရင်းနဲ့ အဲဒီပင်လယ်ဆူးကောင်တွေနဲ့တွေ့ပြီး အရေးပေါ်ခန်းကိုချက်ချင်းတန်းရောက်သွားနိုင်ကြောင်း၊ အဲဒီကောင်တွေတိုက်ခိုက်တာခံရရင် လက်တွေခြေတွေတောင်ဖြတ်ပစ်ရနိုင်ကြောင်းပြောပြခဲ့ဖူးပါတယ်။

Scarlett Johansson

Natasha အဖြစ် MCU ပရိသတ်တွေရင်ထဲက မမ Scarlett ကတော့ ငှက်တွေကိုကြောက်တဲ့ရောဂါရှိပါတယ်တဲ့။ သူ့ကျမှထူးထူးဆန််းဆန်း။ Scarlett တကယ်တမ်းကြောက််တာကတော့ တောင်ပံခတ်တဲဲ့အသံတွေနဲ့ တောင်ပံတွေကိုကြောက်တာဖြစ်ကြောင်းသိရပါတယ်။ငှက်တွေကိုကြောက်တဲ့ရောဂါကို Ornithophobia လို့ခေါ်တွင်ကြောင်းသိရပါတယ်။

David Beckham

အခုုအချိန်အထိ နှုတ်ခမ်းနီမလေးတွေရဲ့အချစ်ကိုရနေဆဲ David Beckham ကတော့ ဖားပြုတ်တွေကိုကြောက်တဲ့ရောဂါရှိပါတယ်တဲ့။ ဖားပြုတ်တွေကို သာမန်ထက်လွန်လွန်ကဲကဲကြောက်တာကြောင့် သူများတွေလှောင်တာခံရပေမယ့်လည်း ကြောက်တဲ့စိတ်က ပျောက်မသွားဘူးလို့ဆိုပါတယ်။ Beckham က BBC နဲ့အင်တာဗျူးမှာ စိတ်မူမှန်မဟုတ်တဲ့ရောဂါတွေခံစားရဖူးကြောင်းနဲ့ သူ့မှာဖားတွေကိုကြောက်တဲ့ရောဂါရှိတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ ဖားပြုတ်တွေကိုကြောက်တဲ့ရောဂါကိုတော့ Ranidaphobia လို့ခေါ်ပါတယ်။

Adele

Adele ကတော့ ပင်လယ်စင်ရော်တွေကိုကြောက်တဲ့ရောဂါရှိပါတယ်။ သူမ အလွန်ငယ်ရွယ်သေးတဲ့အချိန်တုန်းက စင်ရော်ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတာကြောင့်ကြိီးလာတဲ့အထိ စင်ရော်တွေကိုကြောက်နေတုန်းလို့ဆိုပါတယ််။ အဲဒီတုန်းက ဒဏ်ရာကအရမ်းနက်တာကြောင့်အခုထိ အမာရွတ်ကျန််တုန်းပါတဲဲ့။ ပင်လယ်စင်ရော်ကိုကြောက်တဲ့ရောဂါကတော့ ငှက်တွေကိုကြောက်တဲ့ရောဂါအဖြစ် အကြုံးဝင်ပြီး Ornithophobia လို့ ခေါ်တွင်ပါတယ်။

Tags: