ဘက္ခမ္းနဲ႔တူတူလာတယ္လို႔ ေဝဖန္ခံေနရတဲ့ ဘက္ခမ္းရဲ႕ သားျဖစ္သူ Romeo Beckham

တစ္ခ်ိန္က ေဘာလုံးကြင္းျမက္ခင္းစိမ္းေတြေပၚမွာ အေကာင္းဆုံး‌ေျခစြမါးျပသနိုင္႐ုံသာမကဘဲ ႐ုပ္ရည္ေခ်ာေမာမႈေၾကာင့္ပါ နာမည္ေက်ာ္ၾကားခဲ့တဲ့ ႏႈတ္ခမ္းနီမေလးေတြအသည္းစြဲျဖစ္ခဲ့ရတဲ့ David Beckham တစ္ေယာက္ကေတာ့ ဒီအခ်ိန္မွာ ‌မိသားစုဘဝေလးနဲ႕ ေအးေဆးစြာ ျဖတ္သန္းေနပါၿပီ ။ ျဖတ္တင္ေဘာေတြရဲ႕တိက်နိဳင္မႈေတြ ေသခ်ာလွတဲ့ ဖရီးကစ္ ကန္ခ်က္ေတြေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ရဲ႕ ေက်ာနံပါတ္7ကိုဝတ္ဆင္ဖိာ့ ထိုက္တန္ခဲ့သူတစ္ေယာက္လည္းျဖစ္ခဲ့သလို တကယ္လည္း ဝတ္ဆင္ကစားခဲ့ပါတယ္။

Romeo Beckham တစ္ေယာက္ကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက သူ႕ညီအစ္ကို တစ္ေယာက္ျဖစ္တဲ့ Brooklyn နဲ႕ ေၾကာ္ျငာ ကိစၥတစ္ခုအတြင္ ဓာတ္ပုံရိုက္ခဲ့ၾကပါတယ္ ။ အဲ့ဒီဓာတ္ပုံေတြကေတာ့ ဒီဘက္ေခတ္မွာလို အေရာင္စုံတဲ့ပုံေတြမဟုတ္ပဲ အျဖဴအမည္းနဲ႕သာ edit လုပ္ခဲ့တာပါ။ အဲ့ဒီအျဖဴအမည္းဓာတ္ပုံထဲက တစ္ပုံကိုေတာ့ သူက Instagram မွာ တင္ခဲ့ပါတယ္။ ဓာတ္ပုံတင္လိုက္တဲ့ အခ်ိန္ကစၿပီး Romeo ဟာ သူ႕အေဖ ေဘာလုံးသမား David Beckham ‌နဲ႕ အေတာ္ဆင္တူေနတာ ကိုေတြ႕ရပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီး Romeo ဟာ သူ႕ဖခင္နဲ႕ တစ္ပုံစံတည္းတူတဲ့ သားတစ္ေယာက္ဆိုၿပီး လူအမ်ား ေျပာဆိုမွတ္ခ်က္ေပးခဲ့ၾကပါတယ္ ။



Romeo ကေတာ့ ဖခင္ျဖစ္သူ Beckham နဲ႕တြဲဖက္ၿပီးေတာ့လည္း ပရဟိတ ေဘာလုံးပြဲေတြမွာ အတူယွဥ္တြဲၿပီး ေဘာလုံးကြၽမ္းက်င္မႈကိုျပသခြင့္ ရရွိထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္ ။ Victoria လို ဖက္ရွင္ဘုရင္မတစ္ေယာက္နဲ႕ အရည္အခ်င္းအျပည့္ရွိတဲ့ Beckham ရဲ႕ သားတစ္ေယာက္ျဖစ္တဲ့ Romeo ဟာ သူ႕ဖခင္နဲ႕ လုံးဝနီးပါး ႐ုပ္ဆင္ေနတယ္ဆိုတာ အံဩစရာကိစၥေတာ့မဟုတ္ပါဘူး ။ မိတ္ေတြတို႔ရဲ႕အျမင္ေလးေတြကိုလည္း ျပန္လည္ေဝမွ်ေပးသြားၾကပါဦးေနာ္ ။




Unicode

တစ်ချိန်က ဘောလုံးကွင်းမြက်ခင်းစိမ်းတွေပေါ်မှာ အကောင်းဆုံး‌ခြေစွမါးပြသနိုင်ရုံသာမကဘဲ ရုပ်ရည်ချောမောမှုကြောင့်ပါ နာမည်ကျော်ကြားခဲ့တဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲဖြစ်ခဲ့ရတဲ့ David Beckham တစ်ယောက်ကတော့ ဒီအချိန်မှာ ‌မိသားစုဘဝလေးနဲ့ အေးဆေးစွာ ဖြတ်သန်းနေပါပြီ ။ ဖြတ်တင်ဘောတွေရဲ့တိကျနိုင်မှုတွေ သေချာလှတဲ့ ဖရီးကစ် ကန်ချက်တွေကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ ကျောနံပါတ်7ကိုဝတ်ဆင်ဖိာ့ ထိုက်တန်ခဲ့သူတစ်ယောက်လည်းဖြစ်ခဲ့သလို တကယ်လည်း ဝတ်ဆင်ကစားခဲ့ပါတယ်။

Romeo Beckham တစ်ယောက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက သူ့ညီအစ်ကို တစ်ယောက်ဖြစ်တဲ့ Brooklyn နဲ့ ကြော်ငြာ ကိစ္စတစ်ခုအတွင် ဓာတ်ပုံရိုက်ခဲ့ကြပါတယ် ။ အဲ့ဒီဓာတ်ပုံတွေကတော့ ဒီဘက်ခေတ်မှာလို အရောင်စုံတဲ့ပုံတွေမဟုတ်ပဲ အဖြူအမည်းနဲ့သာ edit လုပ်ခဲ့တာပါ။ အဲ့ဒီအဖြူအမည်းဓာတ်ပုံထဲက တစ်ပုံကိုတော့ သူက Instagram မှာ တင်ခဲ့ပါတယ်။ ဓာတ်ပုံတင်လိုက်တဲ့ အချိန်ကစပြီး Romeo ဟာ သူ့အဖေ ဘောလုံးသမား David Beckham ‌နဲ့ အတော်ဆင်တူနေတာ ကိုတွေ့ရပါတယ်။ အဲ့ဒီအချိန်ကစပြီး Romeo ဟာ သူ့ဖခင်နဲ့ တစ်ပုံစံတည်းတူတဲ့ သားတစ်ယောက်ဆိုပြီး လူအများ ပြောဆိုမှတ်ချက်ပေးခဲ့ကြပါတယ် ။



Romeo ကတော့ ဖခင်ဖြစ်သူ Beckham နဲ့တွဲဖက်ပြီးတော့လည်း ပရဟိတ ဘောလုံးပွဲတွေမှာ အတူယှဉ်တွဲပြီး ဘောလုံးကျွမ်းကျင်မှုကိုပြသခွင့် ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ် ။ Victoria လို ဖက်ရှင်ဘုရင်မတစ်ယောက်နဲ့ အရည်အချင်းအပြည့်ရှိတဲ့ Beckham ရဲ့ သားတစ်ယောက်ဖြစ်တဲ့ Romeo ဟာ သူ့ဖခင်နဲ့ လုံးဝနီးပါး ရုပ်ဆင်နေတယ်ဆိုတာ အံဩစရာကိစ္စတော့မဟုတ်ပါဘူး ။ မိတ်တွေတို့ရဲ့အမြင်လေးတွေကိုလည်း ပြန်လည်ဝေမျှပေးသွားကြပါဦးနော် ။

Tags: