ဘန်ကောက်အထိသွားပြီး ဆေးကုသမှုခံယူခဲ့ရတဲ့ ဖြိုးမြတ်အောင်

0
47

Myanmar Idol ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကိုတော့ လက်ရှိချိန်ထိ ပရိသတ်တွေ အမှတ်ရ အားပေးနေဦးမယ်လို့ ထင်ပါတယ်။ ဖြိုးမြတ်အောင်ကတော့ ရိုးသားကြိုးစားပြီး တကယ့်ပါရမီရှိတာကြောင့် ပရိသတ်တွေ ရင်ထဲကို ရောက်ရှိခဲ့တဲ့ အနုပညာရှင်ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကိုယ်ပိုင်သီချင်းတွေနဲ့ ပရိသတ်ကို ဖျော်ဖြေနေတာပဲ ဖြစ်ပါတယ်။ ပြီးတော့ ဖြိုးမြတ်အောင်ကတော့ သူ ဘန်ကောက်ထိသွားပြီး ဆေးကုသမှု ခံရယူရတဲ့ အကြောင်း ပြောကြားသွား ခဲ့ပါသေးတယ်။

ဖြိုးမြတ်အောင်ကတော့ အင်တာဗျူးတွင် ကိုယ်ပိုင်သီချင်းတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး “စိတ်လှုပ်ရှားတာပေါ့။ ပရိသတ်တွေကလည်း ဒီသီချင်းကို မသိသေးဘူးလေ။ အဲ့တချက်ပါပဲ။ ကျန်တာတော့ ကျွန်တော်မသိသေးပါဘူး။ သီချင်းတိုင်းကို ကျွန်တော်ကတော့ စီးမျောပြီး ဆိုလိုက်တာပဲလေ”

ဘန်ကောင်မှာ ဆေးသွားကုဖြစ်တာက “ကျွန်တော် ဘန်ကောက်မှာ သွားပြီး ဆေးကုတာကတော့ အစကတော့ မစီစဉ်ထားပါဘူး။ ကျွန်တော်ဒီမှာ ပြနေရင်းနဲ့ အသက်ရှုရတာက တော်တော်ကို အဆင်ပြေမလားဘူး။ ကျွန်တော်သောက်နေကြဆေးကလည်း သောက်ရင်းသောက်ရင်း မတိုးတော့ဘူး။ အဲ့ဒါနဲ့ ရောဂါက ပိုဆိုးလာတယ်။ အသံတွေကလည်း အဆင်မပြေ နှာရည်တွေကလည်း တောက်လျှောက်ကျ အဲ့လိုဖြစ်လာတော့ အဆင်မပြေတော့တာနဲ့ ပြေးတာပါပဲ”

ပရိသတ်တွေက စိုးရိမ်ပူပန်ပေးကြတဲ့အပေါ်မှာတော့ “ကျွန်တော် သူတို့တွေကို ပိုပိုပြီးတော့လည်း ချစ်တယ်။ ကိုယ့်ကိုလည်း သူတို့အရမ်းချစ်ကြတဲ့အတွက် အဓိက ကတော့ ကိုယ်ကလည်း မေတ္တာပေးတယ်။ သူတို့ကလည်း မေတ္တာပေးတော့ မေတ္တာရောင်ပြန်ဟပ်တာပေါ့နော်”

“ကျွန်တော်က ဘန်ကောက်မှာလည်း ဘာမှမသိဘူး သူတို့ပြောတာတွေကလည်း ဘာမှနားမလည်ဘူး။ ဒါပေမယ့်လည်း ကျွန်တော့် We Love Group ထဲက အမတွေ တချို့ ဘန်ကောက်မှာရှိတာ သူတို့ကူညီပေးတာကြောင့် ကျွန်တော်အဆင်ပြေသွားပါတယ်။ ဒါကြောင့် ဘန်ကောက်က မိသားစုတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့မရှိရင် ကျွန်တော်တို့ကတော့ တိုင်ပတ်ပြီ။ ထူးခြားတဲ့အရာလေးတွေကတော့ သူတို့ယဉ်ကျေးမှုလေးတွေက အရမ်းမိုက်ပါတယ်”

“လည်တော့မလည်ဖြစ်ပါဘူး။ ကျွန်တော်ကတော့ အေးဆေးနေရတာ ကြိုက်တာကိုး။ ၃ ရက်လောက်တော့ ကြာသွားပါတယ်။ ကိုယ်က ဆေးစစ်တဲ့အခါ နှာခေါင်းတင်မဟုတ်ဘူး ကျန်တာတွေရော စစ်မယ်ဆိုပြီး ကျွန်တော်တခု စိုးရိမ်တာကတော့ ကျွန်တော်အရင်က ဆေးလိပ်အရမ်းသောက်တယ်လေ။ အခုလည်း နည်းနည်းတော့သောက်တယ်ပေါ့။ အဲ့ဒါနဲ့ အဆုတ်ဖြစ်မယ်ထင်ပြီး စိတ်ပူသွားတယ်။ စစ်ဆေးလိုက်တဲ့အချိန်မှာတော့ ဘာရောဂါမှ မရှိတော့ တော်တော်ပျော်သွားတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။