ဘရစ်ပစ်ရဲ့ချစ်သူအသစ်လို့ ဝေဖန်နေကြတဲ့ ချားလိစ်သီရွန်

0
61

နာမည်ကျော်မင်းသားချော ဘရက်ပစ်ဟာ ဟောလိဝုဒ်နာမည်ကျော် မင်းသမီးတစ်ဦးဖြစ်တဲ့ ချားလိစ်သီရွန်နဲ့ ဒိတ်နေပြီဖြစ်ကြောင်း သတင်းတွေထွက်လာခဲ့ပါတယ်။ သူတို့ဟာ မင်းသမီးနဲ့ ယခင်က စေ့စပ်ခဲ့ဖူးသူ ရှောင်ပင်းန် မှတဆင့် ဆုံတွေ့ခဲ့ပြီး ချစ်ဇာတ်လမ်း စခဲ့တာလို့ ဆိုပါတယ်။

ဘရက်ပစ်နဲ့ ချားလိစ်သီရွန်တို့ကို ပြီးခဲ့တဲ့ ခရစ္စမတ်ကာလမှာတည်းက ချစ်ဇာတ်လမ်းစတင်ခဲ့ကြောင်း အစီရင်ခံချက်တွေလည်း ရှိနေပါတယ်။

Troy, Fight Club, World War Z စတား ဘရက်ပစ်ဟာ အခုအခါမှာ အသက် ၅၅ နှစ်ရှိနေပြီဖြစ်ပြီး ချားလိစ်သီရွန်ကတော့ အသက် ၄၃ နှစ်သာ ရှိပါသေးတယ်။ ယခင်ကလည်း သူတို့နှစ်ယောက်လုံးရဲ့ အချစ်ရေးတွေဟာ စိတ်ဝင်စားမှုခံခဲ့ရသလို နာမည်ကျော်တွေနဲ့ ဇာတ်လမ်းတွေလည်း ရှိခဲ့ပါတယ်။ အခုအခါမှာတော့ ဟောလိဝုဒ်ရဲ့ နောက်ထပ် ဂန္တဝင်အတွဲဖြစ်လာဖို့ အလားအလာရှိနေပါပြီ။

အော်စကာဆုရှင် မင်းသမီးဟာ ရှောင်ပင်းန်နဲ့ စေ့စပ်ထားတာကို ၂၀၁၅ မှာ ဖျက်သိမ်းခဲ့ပြီး ဘရက်ပစ် ကလည်း နာမည်ကျော်မင်းသမီး အိန်ဂျလီနာဂျိုလီနဲ့ ၂၀၁၆ မှာ ခွဲနေခဲ့ကာ ကွာရှင်းခွင့်တောင်းခံထားဆဲပါ။

ဗြိတိန်သတင်းစာတစ်စောင်ဖြစ်တဲ့ The Sun ကတော့ သူတို့အတွဲဟာ ဒိတ်နေတာ တစ်လလောက်ရှိပြီလို့ အစီရင်ခံခဲ့ပြီး ယခင်က ရှောင်မှတဆင့် ခင်မင်သိကျွမ်းခဲ့ကာ သူငယ်ချင်းတွေ အရင်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ သူငယ်ချင်းထက် ပိုတဲ့အဆင့်ကို သွားဖို့ ပြင်ဆင်နေပါပြီ။

ပြီးခဲ့တဲ့ အားလပ်ရက်တုန်းကလည်း ချားလိစ်နဲ့ ဘရက်ပစ်တို့ကို အတူတကွ ပျော်ရွှင်စွာ မြင်တွေ့ခဲ့ကြပါသေးတယ်။