ဘဝမွာ စမတ္ဖုန္းပဲ ျဖစ္ခ်င္ပါတယ္ဆိုတဲ့ ကေလးငယ္ရဲ႕ ရင္နာဖြယ္ရာ အေတြး

ကြၽန္ေတာ့္ရဲ႕ ဆႏၵကေတာ့ စမတ္ဖုန္ေလးတလုံးသာ ျဖစ္ခ်င္ေတာ့တာပါပဲ။ ကြၽန္ေတာ့္ရဲ႕ မိဘေတြက သူတို႔ရဲ႕ စမတ္ဖုန္းေတြကို အေတာ္ႀကီးခ်စ္ၾကတာကိုး။ သူတို႔ရဲ႕ ဖုန္းေတြကိုပဲ တခ်ိန္လုံး အာ႐ုံစိုက္ေနၾကပါတယ္။ တခါတေလဆို ကြၽန္ေတာ့္ကိုေတာင္ သတိေမ့သြားၾကၿပီး ဂ႐ုမစိုက္ၾကေတာ့ဘူး။ အေဖက အလုပ္ကေန အိမ္ကိုျပန္လာတဲ့အခ်ိန္ဆို သိပ္ကိုပင္ပန္းေနတဲ့ပုံပါပဲ။ ဒါေပမဲ့ ပင္ပန္းေနတဲ့အခါမွာေတာင္ သူ႔မွာ စမတ္ဖုန္းအတြက္ အခ်ိန္ေပးေပမဲ့ ကြၽန္ေတာ့္အတြက္ေတာ့ သူ႔မွာ အခ်ိန္မရွိခဲ့ပါဘူး။ မိဘေတြက အေရးႀကီးအလုပ္ေတြလုပ္ေနရတဲ့အခ်ိန္မွာေတာင္ ဖုန္းသံေလးတခ်က္ျမည္ရင္ ေျပးဖြင့္ၾကည့္တာမ်ိဳးေတာ့ ေတြ႕ရၿပီး ကြၽန္ေတာ္ကေတာ့ ေအာ္ငိုေနရင္ေတာင္မွ အာ႐ုံစိုက္မခံရပါဘူး။ ကြၽန္ေတာ္နဲ႔ေတာ့ အတူတူမကစားေပးမဲ့ သူတို႔ဖုန္းေတြနဲ႔ေတာ့ ဂိမ္းေတြ ေဆာ့ေနၾကတယ္။ သူတို႔ကို ကြၽန္ေတာ္ ေျပာခ်င္တဲ့ စကားေတြကို ေျပာေနရင္ေတာင္ အေရးထားၿပီး နားေထာင္ေပးၾကတယ္ဆိုတာ မရွိပါဘူး။

ဒါဟာ ကြၽန္ေတာ္ျဖစ္ခ်င္တဲ့ ဆႏၵ ဆိုတဲ့ အက္ေဆးကို အတန္းထဲမွာ ေရးသားခဲ့တဲ့ ေက်ာင္းသားကေလးငယ္တဦးရဲ႕ အေတြးကို ဖတ္ရႈခဲ့ရတာျဖစ္ပါတယ္။ အေတာ္ေလး စိတ္ထိခိုက္ရင္နာဖြယ္ရာ ေကာင္းခဲ့ပါတယ္။



ကေလးေတြဟာ သူတို႔​ရဲ႕အ႐ြယ္မွာ အလိုအပ္ဆုံး နဲ႔ အေတာင့္တဆုံးက မိဘေတြရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ ေႏြးေႏြးေထြးေထြး ဂ႐ုစိုက္ေပးမႈေတြသာ ျဖစ္ပါတယ္။ ကေလးေတြဟာ မိဘေတြက ခ်စ္တာကို သိပ္ၿပီးခံယူလိုၾကပါတယ္။မိဘေတြရဲ႕မ်က္ႏွာသည္သာ သူတို႔အတြက္ ကမာၻတခုလို မွတ္ထင္စြဲထားၾကဆဲ ႏုနယ္တဲ့ႏွလူံးသားနဲ႔ အ႐ြယ္ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း မိဘေတြဟာ သူတို႔အတြက္ သိပ္ကိုအေရးႀကီးတာနဲ႔ထပ္တူထပ္မွ် မိဘေတြရဲ႕ သားသမီးအေပါ ျပဳစုဆက္ဆံပုံ ပ်ိဳးေထာင္ေစာင့္ေရွာက္ပုံေတြက သိပ္ၿပီးအေရးပါတာပါ။




မိဘေတြအေနနဲ႔ ကေလးေတြကို အခ်ိန္ေပးတတ္ဖိူ႔လိုသလို မိသားစုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ရွိေနဖို႔လည္း အေလးထားေပးရမွာပါ။ ကေလးေတြရဲ႕ စိတ္ပိုင္းဆိုင္ရာဟာ ငယ္႐ြယ္စဥ္မွာ သိပ္ကို ထိခိုက္လြယ္တတ္တာဟာ မိဘေတြဘက္က နားလည္ထားဖို႔ လိုအပ္ေၾကာင္း အသိေပးလိုက္ပါရေစ။

Unicode

ကျွန်တော့်ရဲ့ ဆန္ဒကတော့ စမတ်ဖုန်လေးတလုံးသာ ဖြစ်ချင်တော့တာပါပဲ။ ကျွန်တော့်ရဲ့ မိဘတွေက သူတို့ရဲ့ စမတ်ဖုန်းတွေကို အတော်ကြီးချစ်ကြတာကိုး။ သူတို့ရဲ့ ဖုန်းတွေကိုပဲ တချိန်လုံး အာရုံစိုက်နေကြပါတယ်။ တခါတလေဆို ကျွန်တော့်ကိုတောင် သတိမေ့သွားကြပြီး ဂရုမစိုက်ကြတော့ဘူး။ အဖေက အလုပ်ကနေ အိမ်ကိုပြန်လာတဲ့အချိန်ဆို သိပ်ကိုပင်ပန်းနေတဲ့ပုံပါပဲ။ ဒါပေမဲ့ ပင်ပန်းနေတဲ့အခါမှာတောင် သူ့မှာ စမတ်ဖုန်းအတွက် အချိန်ပေးပေမဲ့ ကျွန်တော့်အတွက်တော့ သူ့မှာ အချိန်မရှိခဲ့ပါဘူး။ မိဘတွေက အရေးကြီးအလုပ်တွေလုပ်နေရတဲ့အချိန်မှာတောင် ဖုန်းသံလေးတချက်မြည်ရင် ပြေးဖွင့်ကြည့်တာမျိုးတော့ တွေ့ရပြီး ကျွန်တော်ကတော့ အော်ငိုနေရင်တောင်မှ အာရုံစိုက်မခံရပါဘူး။ ကျွန်တော်နဲ့တော့ အတူတူမကစားပေးမဲ့ သူတို့ဖုန်းတွေနဲ့တော့ ဂိမ်းတွေ ဆော့နေကြတယ်။ သူတို့ကို ကျွန်တော် ပြောချင်တဲ့ စကားတွေကို ပြောနေရင်တောင် အရေးထားပြီး နားထောင်ပေးကြတယ်ဆိုတာ မရှိပါဘူး။



ဒါဟာ ကျွန်တော်ဖြစ်ချင်တဲ့ ဆန္ဒ ဆိုတဲ့ အက်ဆေးကို အတန်းထဲမှာ ရေးသားခဲ့တဲ့ ကျောင်းသားကလေးငယ်တဦးရဲ့ အတွေးကို ဖတ်ရှုခဲ့ရတာဖြစ်ပါတယ်။ အတော်လေး စိတ်ထိခိုက်ရင်နာဖွယ်ရာ ကောင်းခဲ့ပါတယ်။

ကလေးတွေဟာ သူတို့​ရဲ့အရွယ်မှာ အလိုအပ်ဆုံး နဲ့ အတောင့်တဆုံးက မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ နွေးနွေးထွေးထွေး ဂရုစိုက်ပေးမှုတွေသာ ဖြစ်ပါတယ်။ ကလေးတွေဟာ မိဘတွေက ချစ်တာကို သိပ်ပြီးခံယူလိုကြပါတယ်။

မိဘတွေရဲ့မျက်နှာသည်သာ သူတို့အတွက် ကမ္ဘာတခုလို မှတ်ထင်စွဲထားကြဆဲ နုနယ်တဲ့နှလူံးသားနဲ့ အရွယ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း မိဘတွေဟာ သူတို့အတွက် သိပ်ကိုအရေးကြီးတာနဲ့ထပ်တူထပ်မျှ မိဘတွေရဲ့ သားသမီးအပေါ ပြုစုဆက်ဆံပုံ ပျိုးထောင်စောင့်ရှောက်ပုံတွေက သိပ်ပြီးအရေးပါတာပါ။

မိဘတွေအနေနဲ့ ကလေးတွေကို အချိန်ပေးတတ်ဖိူ့လိုသလို မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေဖို့လည်း အလေးထားပေးရမှာပါ။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာဟာ ငယ်ရွယ်စဥ်မှာ သိပ်ကို ထိခိုက်လွယ်တတ်တာဟာ မိဘတွေဘက်က နားလည်ထားဖို့ လိုအပ်ကြောင်း အသိပေးလိုက်ပါရစေ။

Tags: