ဘဝမွာ နာမည္ပ်က္ခ်င္တဲ႔ သူေတာ႔ရွိမလားဆိုျပီး ရင္ဖြင္႔လုိက္တဲ႔ ဝိုင္းစု

0
132

ပရိသတ္အားေပးမႈ အျပည့္အဝရရွိထားတဲ့ အဆိုေတာ္သရုပ္ေဆာင္ ဝိုင္းစုခိုင္သိန္းကေတာ့ လြန္ခဲ့တဲ့ႏွစ္ေတြ ကတည္းက ပရိသတ္ေတြရဲ့ ခ်စ္ခင္မႈကို ရရွိထားတဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ မင္းသမီးတေယာက္အျဖစ္ ရပ္တည္ေနေသာ္လည္း သူမရဲ့ အသံေအးေအးေလးေတြနဲ႔ ခ်စ္စရာေကာင္းတဲ့ သီခ်င္းေလးေတြေၾကာင့္ အဆိုပိုင္းမွာလည္း ေတာ္ေတာ္ကို ေနရာရခဲ့တဲ့သူ ျဖစ္ပါတယ္။ ယခုေနာက္ပိုင္းမွာေတာ့ အႏုပညာလုပ္တာေတြအနည္းငယ္ ၾကဲေနတာကိုလည္း ေတြ႔ရပါတယ္။ ဒါေၾကာင့္ ဝိုင္းစုကေတာ့ သူမရဲ့ပရိသတ္ေတြအတြက္ သူမရဲ့ အႏုပညာလႈပ္ရွားမႈနဲ႔ သူမခံစားခ်က္ေတြကို ရင္ဖြင့္လာခဲ့ပါတယ္။

ဝိုင္းစုခိုင္သိန္းကေတာ့ 8 Day နဲ႔အင္တာဗ်ဴးတြင္ ေအာင္လကို ဖက္ရွင္နဲ႔ ပတ္သက္ျပီး ဘယ္လို အၾကံေပးျဖစ္လဲဆိုတဲ့ ေမးခြန္းကိုေတာ့ “ဝိုင္းစုက ဖက္ရွင္ကို အရမ္းဝါသနာပါတယ္။ က်န္တဲ့အလွအပနဲ႔ ပတ္သက္ျပီးလည္း ဝါဒနာပါပါတယ္။ သူနဲ႔ စေတြ႔တုန္းကဆို သူကဘာလို႔ အဲ့ေလာက္အလွျပင္ေနတာလဲေပါ့။ သူကေတာ့ တခါတေလ Mall ေတြသြားရင္လည္းအိမ္ေနရင္း အဝတ္အစားေတြနဲ႔ပဲ သြားရင္သြားလိုက္တယ္။ ဒါေၾကာင့္ ဝိုင္းစုကေတာ့ ေျပာျပပါတယ္။ ဆယ္လီတေယာက္က ဒီလိုမ်ိဳးအျပင္ကို သြားလို႔မရဘူးဆိုျပီးေတာ့။ ကိုယ့္ကို ပရိသတ္ေတြ အျမင္မွာ မေကာင္းပါဘူး။ အထင္ေသးရာက်တာေပါ့ေနာ္။ အရင္တုန္းက ဒီကိစၥက ေတာ္ေတာ္ေလး ျငင္းခံုခဲ့ရပါေသးတယ္။ အခုေနာက္ပိုင္းေတာ့ စတိုင္လ္ေတြဆိုရင္လည္းသူ႔ကို ျပတယ္။ ဒီဟာေလးက ကိုယ္နဲ႔ လိုက္တယ္ေပါ့ေနာ္။ အဲ့လိုနားထဲဝင္ေအာင္ ေတာက္ေလ်ာက္ေျပာမွ သူက နားေထာင္တာ”

ေဝဖန္မႈေတြကို ဥေပကၡာျပဳျပီး ဘဝကို ေပ်ာ္ရႊင္ေအာင္ ဘယ္လို ေရြးခ်ယ္ခဲ့တာလဲ ဆိုတဲ့ ေမးခြန္းကိုေတာ့ ဝိုင္းစုခိုင္သိန္းက “အဓိကကေတာ့ ဝိုင္းစုတို႔လိုမ်ိုး ဆယ္လီေတြကို ပရိသတ္ေတြ အားလံုးက ေစာင့္ၾကည့္ေနၾကတာပါ။ ပရိသတ္ေတြကေတာ့ အေကာင္းဆံုး ျဖစ္ေစခ်င္ၾကတာေပါ့။ အားလံုးကလည္း အေကာင္းဆံုးေနခ်င္ၾကတယ္။ ဘဝမွာ နာမည္ပ်က္ရွိခ်င္တဲ့သူဆိုျပီးေတာ့ ရွိပါ့မလား။ ဘဝမွာ လူမုန္းတဲ့သူ မျဖစ္ခ်င္ဘူး။ လူခ်စ္ခင္တဲ့သူပဲ ျဖစ္ခ်င္တယ္။ Life တစ္ခုမွာ ဝိုင္းစုတို႔အေနနဲ႔ တခုခုဆိုရင္ အားလံုးကို ခ်ျပေနလို႔မရဘူး။ မွားတာေသာ္လည္းေကာင္း မွန္တာေသာ္လည္းေကာင္း ေဝဖန္ေထာက္ျပမယ့္သူေတြက အမ်ားၾကီးပါ။

ဒါေၾကာင့္ ဝိုင္းစုအေနနဲ႔ တခါတေလမွာ ဘဝတစ္ခုလံုးနဲ႔ စဥ္းစားလိုက္ရင္ ဘာကုိေရြးခ်ယ္သင့္လည္း ဘာကလုပ္လိုက္ရင္ အေကာင္းဆံုး ျဖစ္မလည္းဆိုတာကိုစဥ္းစားပါတယ္။ ဘဝလက္တြဲေဖာ္ဆိုရင္လည္း အျမဲတမ္း ဝိုင္းစုကို ေပ်ာ္ရႊင္ေစမယ့္သူ စိတ္နစ္ျပီးခ်စ္ေပးမယ့္သူကို ေရြးခ်ယ္ရမွာပါ။ အဲ့လိုမ်ိဳးမေရြးခ်ယ္မိရင္ အသက္ၾကီးလာေလ အေဖာ္မဲ့လာေလ ျဖစ္လာမယ္။ ဒါေၾကာင့္ ကိုယ့္ရဲ့ မိတ္ေဆြစစ္ မိတ္ေဆြမွန္နဲ႔ ကိုယ့္ကိုတကယ္ခ်စ္တဲ့သူ တကယ္ျဖဴျဖဴစင္စင္နဲ႔ မွန္မွန္လုပ္တဲ့သူေတြကိုပဲ ဝိုင္းစုလိုအပ္ပါတယ္။ လုပ္သင့္တဲ့ကိစၥဆိုရင္ေတာ့ ဝိုင္းစုအေနနဲ႔ ေရွ႔ဆက္တိုးတယ္။ ဘယ္သူတားတား ေနာက္မဆုတ္တတ္ပါဘူး”

ပရိသတ္ေတြကိုေတာ့ “ဘာပဲျဖစ္ျဖစ္ ဝိုင္းစုကို အျမဲအားေပးေနတဲ့ ပရိသတ္ေတြ အားလံုးကို ေက်းဇူးတင္ပါတယ္။ တခ်ိဳ႔ကလည္း ဝိုင္းစုလိုမ်ိဳးၾကံဳဖူးတဲ့သူ ရွိမယ္။ တခ်ိဳ႔က်ေတာ့လည္း မၾကံဳဖူးပဲ နားလည္ေပးတာေတြ ရွိပါတယ္။ တျဖည္းျဖည္းနဲ႔ သိလာၾကမွာပါ။ အခုဆို ဝိုင္းစုတို႔ ေတာ္ေတာ္မ်ားမ်ားကို အဆင္ေျပသြားပါျပီ။ ဝိုင္းစုတို႔ ေပၚပင္လုပ္ေနတာလည္း မဟုတ္ပါဘူး။ အခ်စ္ဆိုတဲ့အရာၾကီးက ဘယ္လိုမွ လုပ္ယူလို႔ မရပါဘူး။ဘာပဲ ျဖစ္ျဖစ္ ေရြးခ်ယ္လိုက္ရတာ အဆင္ေျပပါတယ္။ အားေပးတဲ့ ပရိသတ္ေတြအတြက္လည္း အျမဲတမ္းၾကိဳးစားေနပါတယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။

UNICODE

ပရိသတ်အားပေးမှု အပြည့်အဝရရှိထားတဲ့ အဆိုတော်သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းကတော့ လွန်ခဲ့တဲ့နှစ်တွေ ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မင်းသမီးတယောက်အဖြစ် ရပ်တည်နေသော်လည်း သူမရဲ့ အသံအေးအေးလေးတွေနဲ့ ချစ်စရာကောင်းတဲ့ သီချင်းလေးတွေကြောင့် အဆိုပိုင်းမှာလည်း တော်တော်ကို နေရာရခဲ့တဲ့သူ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ အနုပညာလုပ်တာတွေအနည်းငယ် ကြဲနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ဝိုင်းစုကတော့ သူမရဲ့ပရိသတ်တွေအတွက် သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ သူမခံစားချက်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။

ဝိုင်းစုခိုင်သိန်းကတော့ 8 Day နဲ့အင်တာဗျူးတွင် အောင်လကို ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘယ်လို အကြံပေးဖြစ်လဲဆိုတဲ့ မေးခွန်းကိုတော့ “ဝိုင်းစုက ဖက်ရှင်ကို အရမ်းဝါသနာပါတယ်။ ကျန်တဲ့အလှအပနဲ့ ပတ်သက်ပြီးလည်း ဝါဒနာပါပါတယ်။ သူနဲ့ စတွေ့တုန်းကဆို သူကဘာလို့ အဲ့လောက်အလှပြင်နေတာလဲပေါ့။ သူကတော့ တခါတလေ Mall တွေသွားရင်လည်းအိမ်နေရင်း အဝတ်အစားတွေနဲ့ပဲ သွားရင်သွားလိုက်တယ်။ ဒါကြောင့် ဝိုင်းစုကတော့ ပြောပြပါတယ်။ ဆယ်လီတယောက်က ဒီလိုမျိုးအပြင်ကို သွားလို့မရဘူးဆိုပြီးတော့။ ကိုယ့်ကို ပရိသတ်တွေ အမြင်မှာ မကောင်းပါဘူး။ အထင်သေးရာကျတာပေါ့နော်။ အရင်တုန်းက ဒီကိစ္စက တော်တော်လေး ငြင်းခုံခဲ့ရပါသေးတယ်။ အခုနောက်ပိုင်းတော့ စတိုင်လ်တွေဆိုရင်လည်းသူ့ကို ပြတယ်။ ဒီဟာလေးက ကိုယ်နဲ့ လိုက်တယ်ပေါ့နော်။ အဲ့လိုနားထဲဝင်အောင် တောက်လျောက်ပြောမှ သူက နားထောင်တာ”

ဝေဖန်မှုတွေကို ဥပေက္ခာပြုပြီး ဘဝကို ပျော်ရွှင်အောင် ဘယ်လို ရွေးချယ်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဝိုင်းစုခိုင်သိန်းက “အဓိကကတော့ ဝိုင်းစုတို့လိုမျိုး ဆယ်လီတွေကို ပရိသတ်တွေ အားလုံးက စောင့်ကြည့်နေကြတာပါ။ ပရိသတ်တွေကတော့ အကောင်းဆုံး ဖြစ်စေချင်ကြတာပေါ့။ အားလုံးကလည်း အကောင်းဆုံးနေချင်ကြတယ်။ ဘဝမှာ နာမည်ပျက်ရှိချင်တဲ့သူဆိုပြီးတော့ ရှိပါ့မလား။ ဘဝမှာ လူမုန်းတဲ့သူ မဖြစ်ချင်ဘူး။ လူချစ်ခင်တဲ့သူပဲ ဖြစ်ချင်တယ်။ Life တစ်ခုမှာ ဝိုင်းစုတို့အနေနဲ့ တခုခုဆိုရင် အားလုံးကို ချပြနေလို့မရဘူး။ မှားတာသော်လည်းကောင်း မှန်တာသော်လည်းကောင်း ဝေဖန်ထောက်ပြမယ့်သူတွေက အများကြီးပါ။

ဒါကြောင့် ဝိုင်းစုအနေနဲ့ တခါတလေမှာ ဘဝတစ်ခုလုံးနဲ့ စဉ်းစားလိုက်ရင် ဘာကိုရွေးချယ်သင့်လည်း ဘာကလုပ်လိုက်ရင် အကောင်းဆုံး ဖြစ်မလည်းဆိုတာကိုစဉ်းစားပါတယ်။ ဘဝလက်တွဲဖော်ဆိုရင်လည်း အမြဲတမ်း ဝိုင်းစုကို ပျော်ရွှင်စေမယ့်သူ စိတ်နစ်ပြီးချစ်ပေးမယ့်သူကို ရွေးချယ်ရမှာပါ။ အဲ့လိုမျိုးမရွေးချယ်မိရင် အသက်ကြီးလာလေ အဖော်မဲ့လာလေ ဖြစ်လာမယ်။ ဒါကြောင့် ကိုယ့်ရဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်နဲ့ ကိုယ့်ကိုတကယ်ချစ်တဲ့သူ တကယ်ဖြူဖြူစင်စင်နဲ့ မှန်မှန်လုပ်တဲ့သူတွေကိုပဲ ဝိုင်းစုလိုအပ်ပါတယ်။ လုပ်သင့်တဲ့ကိစ္စဆိုရင်တော့ ဝိုင်းစုအနေနဲ့ ရှေ့ဆက်တိုးတယ်။ ဘယ်သူတားတား နောက်မဆုတ်တတ်ပါဘူး”

ပရိသတ်တွေကိုတော့ “ဘာပဲဖြစ်ဖြစ် ဝိုင်းစုကို အမြဲအားပေးနေတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တချို့ကလည်း ဝိုင်းစုလိုမျိုးကြုံဖူးတဲ့သူ ရှိမယ်။ တချို့ကျတော့လည်း မကြံုဖူးပဲ နားလည်ပေးတာတွေ ရှိပါတယ်။ တဖြည်းဖြည်းနဲ့ သိလာကြမှာပါ။ အခုဆို ဝိုင်းစုတို့ တော်တော်များများကို အဆင်ပြေသွားပါပြီ။ ဝိုင်းစုတို့ ပေါ်ပင်လုပ်နေတာလည်း မဟုတ်ပါဘူး။ အချစ်ဆိုတဲ့အရာကြီးက ဘယ်လိုမှ လုပ်ယူလို့ မရပါဘူး။ဘာပဲ ဖြစ်ဖြစ် ရွေးချယ်လိုက်ရတာ အဆင်ပြေပါတယ်။ အားပေးတဲ့ ပရိသတ်တွေအတွက်လည်း အမြဲတမ်းကြိုးစားနေပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။