ဘုရားတရားနဲ့ပဲနေတော့မယ်လို့ ဆိုလိုက်တဲ့ ဝတ်မှုန်ရွှေရည်


ဘုရားတရားနဲ့ပဲနေတော့မယ်လို့ ဆိုလိုက်တဲ့ ဝတ်မှုန်ရွှေရည်




ဘုရားတရားနဲ့ပဲနေတော့မယ်လို့ ဆိုလိုက်တဲ့ ဝတ်မှုန်ရွှေရည်





Unicode

ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးထိပ်တန်းမင်းသမီးတစ်ဦးလို့ဆိုနိုင်သလို အခုနောက်ပိုင်းမှာ ဂျပန်နဲ့ ကိုရီးယား လို နိုင်ငံတွေမှာပါ ရုပ်ရှင်တွေသွားရောက်ရိုက်ကူးပြီးအောင်မြင်မှုရနေတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ကစ်ရဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီးဟာဆိုရင်လည်း ပြည်ပနိုင်ငံတွေမှာပါသွားရောက်ပြသခြင်းခံရပြီး အောင်မြင်မှုတွေအကြီးအကျယ်ရရှိထားသလို ကစ်ပါဝင်တဲ့အခြားသောဇာတ်ကားတော်တော်များများဟာလည်းနိုင်ငံတကာအသိအမှတ်ပြုခြင်းခံထားရတယ္ဆိုရင္မမွားပါဘူး။

ကစ်လေးက မကြာသေးမီက ပိုင်တံခွန်နဲ့ အရမ်းကိုရိုပြီးချစ်ရတဲ့ အိပ်မက်မြစ်ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးထားပြီး ကစ်ပါဝင်တဲ့ တိမ်တွေပေါ်က ပန်း ဇာတ်ကားကလည်း အောင်မြင်မှုအကြီးအကျယ်ရရှိထားတာပါ။ ကစ်လေးက မကြာသေးမီကပဲ အားလုံးစိုးရိမ်ကြောက်လန့်နေရတဲ့ ကူးစက်ရောဂါကို ကာကွယ်ဖို့ ဟယ်လ်ပင်ကလေးဆေးရုံမှာလက်သန့်ဆေးရည်တွေနဲ့ mask တွေကို လုံလုံလောက်လောက် သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ ကစ်လေးက လက်ရှိဖြစ်နေတဲ့အခြေအနေတွေအတွက် တတ်အားသမျှ ကာကွယ်မှုတွေလုပ်နေရင်းနဲ့ ဘုရားတရားဖက်ဖို့လည်း မမေ့တဲ့သူပါ။ ကစ်က မကြာသေးမီက သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ မြင်ရသူတိုင်းမျက်စိအေးသွားရမယ့် မြန်မာဝတ်စုံလှလှလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားပြီး “ဘုရားတရားနဲ့ပဲနေတော့မယ်”လို့ ရေးထားခဲ့သလို ပရိသတ်တွေကိုလည်း ကျန်းမာရေးဂရုစိုက်ကြဖို့တိုက်တွန်းထားခဲ့ပါသေးတယ်။



အဲဒီပိုစ့်လေးရဲ့ comment မှာ ကစ်က “အားလုံး ဂရုစိုက်ကြပါ သွားသတိ လာသတိ အစစအရာရာ မပေါ့ပဲ ဂရုစိုက်ကြနော်အရေးကြီးတဲ့ ကိစ္စ ကလွဲလို့ အပြင်တွေ မထွက်ကြပါနဲ့ အိမ်မှာ ပဲ စာဖတ် အလုပ်လုပ် ရုပ်ရှင်ကြည့် မိသားစု ကိုပိုဂရုစိုက်ပေးနော် ချစ်တဲ့သူတွေကို စိတ်ပူပါ” လို့ သတိပေးထားပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ကစ်လေးရဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရောကစ်လေးကိုချစ်ကြလား။ ကစ်ကိုချစ်ရင် ကစ်လေးသတိပေးထားသလိုပဲ ကျန်းမာရေးကိုဂရုစိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်။

Leave a Reply