မင်းသားတင်ရိုက်တိုင်း ရိုက်ချင်မှရိုက်မယ်ဆိုတဲ့ သားစစ်

0
108

Facebook မှာ ဗီဒီယိုတွေတင် Live လေးတွေ လွှင့်ပြီး နာမည်ကြီးလာတဲ့ အဆိုတော် မိုက်ကယ်သားစစ်ကတော့ သူ့ကို ရုပ်ရှင်ဇာတ်ကားတွေက ကမ်းလှမ်းပြီး မင်းသားတင်ရိုက်ရင်တောင် ရိုက်ချင်မှ ရိုက်ဖြစ်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။ သားစစ်ကတော့ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူဖြစ်ပြီး သူပြောတဲ့ ဗန်းစကားတွေကလည်း လူအများကြားမှာ နာမည်ကြီး ရေပန်းစားလျက်ရှိပါတယ်။ ဒါကြောင့်လည်း သူ့ကို သားစစ်ဆိုပြီး လူသိများလာတာ ဖြစ်ပြီး သားစစ်ကတော့ အင်တာဗျူးတခုတွင် ယခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။

သားစစ်ကတော့ The Radar နဲ့ အင်တာဗျူးတွင် ရုပ်ရှင်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး “အကိုကလည်း ကိုယ့်အလုပ်နဲ့ ကိုယ် သူတို့ရိုက်ချင်တိုင်းအကိုက မင်းသားစောက်ရူးလည်းမဟုတ်ဘူး။ သရုပ်ဆောင်ရူးရူးနေတဲ့ ကောင်လည်း မဟုတ်ဘူး။ သူတို့ရိုက်မယ်ဆိုရင် ကိုယ်ကလည်း အားဦးမှလေ။ အဓိကက ကိုယ့်ဘာကိုယ် အဆိုတော် လုပ်နေတာလေ။ သူတို့မင်းသားတင်ရိုက်မယ်ဆိုရင်လည်း ကိုယ်က အားဦးမှလေ။ ရုပ်ရှင်တစ်ကားရိုက်ဖို့ ဆိုတာ လွယ်သလား ခက်သလား ရာမရာ နှစ်နဲ့ ချီပြီးတော့ ရိုက်ရမှာလေ။ တလလောက်အတွင်း ရိုက်လို့မရဘူးလေ”

“တလလောက်နဲ့ ရိုက်လို့ရတဲ့ ကားတွေ မရှိဘူးလားဆိုတော့ ရှိတယ်။ ဗီဒီယိုကားတွေ ရှိတယ်။ ကမ်းလှမ်းတာကတော့ ပါးစပ်နဲ့ပဲ ကမ်းလှမ်းတာပေါ့ဗျာ။ ပါးစပ်နဲ့ပဲ လာကမ်းလှမ်းလို့ ဘယ်ရမလဲ။ ဟုတ်လား။ အားယားနေတဲ့ကောင်မှ မဟုတ်တာ။ စောက်လုပ်စောက်ကိုင်နဲ့လေ။ ကိုယ့်ရဲ့ အနုပညာလုပ်ငန်းတွေရှိသေးတယ်။ မင်းသားရူးလည်းမဟုတ်ဘူး။ သရုပ်ဆောင်ရူးလည်း မဟုတ်ဘူး။ ဆယ်လီရူးလည်း မဟုတ်ဘူးလေ။ စောက်လုပ်စောက်ကိုင် ရှိသေးတယ်။ ရုပ်ရှင်တကား ရိုက်ဖို့ဆိုတာကတော့ ၅ လ ၆ လ ၁ နှစ်လောက် ကြာရင်လည်း ကြာသွားနိုင်တယ်လေ”

“တခြားလူတွေ မသိဘူး။ ကိုယ့်ကို မင်းသားတင်တိုင်း ရိုက်မယ့်ထဲမှာတော့ ကိုယ်မပါဘူး။ ဇာတ်ညွှန်းကိုကြည့်မယ်။ ဘယ်သူတွေပါမလဲ။ ဒီဇိုင်းကာလာ အနေအထားကို ကြည့်မယ်။ ပိုက်ဆံရတိုင်း ကိုယ်က မင်းသားဖြစ်တိုင်းသွားရိုက်လိုက်ရင် စောက်ပေါဖြစ်သွားမှာပေါ့။ ပိုက်ဆံရတိုင်းလည်း မရိုက်ဘူး။ မင်းသားတင်ရိုက်တိုင်းလည်း ရိုက်မယ့်ထဲမှာ ကိုယ်မပါဘူး။ ရိုက်ချင်ရိုက်မယ် မရိုက်ချင်မရိုက်ဘူး။ ဇာတ်ညွှန်းကို ကြည့်ဦးမယ်။ ဘယ်သူတွေပါလဲ ဒါရိုက်တာက ဘယ်သူလဲ ကင်မရာမန်းက ဘယ်သူလဲ။ ဇာတ်ပို့ဇာတ်ရန် ဘယ်သူလဲ။ အဲ့ဒါတွေကြည့်ပြီးတော့မှ စဉ်းစားမှာပေါ့။ ပြီးတော့မှ ကိုယ်က အားလာမအားလား ပြက္ခဒိန်ကို တဖန်ပြန်ကြည့်ရဦးမှာ။ အယ်လယ့်” ဟု ဖြေကြားသွား ခဲ့ပါတယ်။