မင်းသားကြီး Leonardo Dicaprio တွဲခဲ့ဖူးတဲ့ ရက်ရက်စက်စက်လှတဲ့ ကမ္ဘာကျော်မင်းသမီးတွေ

မင်းသားကြီး Leonardo Dicaprio ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေ အခုအချိန်အထိ လျှမ်းလျှမ်းတောက်အောင်မြင်နေဆဲ ကမ္ဘာကျော်မင်းသားကြီးဖြစ်ပြီး တစ်ကမ္ဘာလုံးက ပျိုမေတွေရဲ့နှလုံးသားကိုအပိုင်သိမ်းထားနိုင်သူလည်းဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက မိန်းကလေးတွေကိုအရူးအမူးစွဲလန်းစေခဲ့တဲ့ လီယိုနာဒိုက သူ့ဘဝတစ်သက်မှာအချစ်ဆိုတာကိုပုံစံမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရသူဆိုရင်လည်းမမှားပါဘူး။ ငယ်ရွယ်စဉ်က နတ်သားတစ်ပါးလိုရက်ရက်စက်စက်ချောမောသန့်ပြန့်ခဲ့တဲ့ Leonardo က အသက်ကြီးတော့လည်းတည်ငြိမ်သွားတဲ့ ကိုကြီးတို့ရဲ့အိနြေ္ဒမျိုးနဲ့ကျက်သရေရှိနေဆဲပါ။ဒီတစ်ခါမှာတော့ ရန်ကုန်သတင်းစုံပရိသတ်ကြီးအတွက် Leonardo ရဲ့အချစ်ကိုပိုင်ဆိုင်ရရှိခဲ့တဲ့ကံကောင်းတဲ့ ကမ္ဘာကျော်မော်ဒယ်မင်းသမီးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Naomi Campbell

မင်းသမီးချော Naomi Campbell နဲ့ Leo နဲ့ဟာ 1995 မှာစတင်တွေ့ဆုံခဲ့တာဖြစ်ပြီးအဲဒီအချိန်တုန်းက နှစ်ယောက်စလုံး ဆယ်ကျော်သက်အရွယ်ငယ်ရွယ်နုပျိုနေခဲ့ချိန်ပါ။ သူတို့နှစ်ယောက်က အချိန်အနည်းငယ်ကြာအောင်ချစ်ခဲ့ကြပြီး နောက်ပိုင်းမှာပြတ်စဲသွားခဲ့ကြပါတယ်။ဒါပေမယ့် နှစ်နှစ်ဆယ်ကြာပြီးနောက် 2015 မှာ ခဏတာပြန်တွဲလိုက်ကြသေးတယ်လို့သိရပါတယ်။ ဗြိတိန်ရဲ့ အလှပဂေး မော်ဒယ်မင်းသမီးချောလည်းဖြစ်သလို Leo ရဲ့အချစ်ဦးလည်းဖြစ်ခဲ့ပုံရတဲ့ Naomi ဟာ Leo ရဲ့ရင်ထဲမှာ နေရာတစ်ခုအပိုင်ယူထားတာကတော့ မငြင်းနိုင်တဲ့အမှန်တရားပါပဲ။



Khristen Zang




Victoria Secret Model တစ်ဦးဖြစ်တဲ့ Khristen Zang ကတော့ Leo ရဲ့အချစ်စစ်လို့နာမည်ကြီးခဲ့ပြီး Leo နဲ့ 1996 ကနေ 1998 အထိနှစ်နှစ်ကြာအောင်တွဲခဲ့သူဖြစ်ပါတယ်။ သူတို့နှစ်ယောက်လမ်းခွဲခဲ့ရတဲ့အကြောင်းရင်းကတော့ Leo ကအဲဒီအချိန်မှာ အောင်မြင်မှုအပေါ်သာယာယစ်မူးနေပြီး ရင့်ကျက်မှုမရှိခဲ့တာကြောင့် ဖြစ်ပြီး Leo ရဲ့သူငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်းအဆင်မပြေတာကြောင့်လို့ Khristen ဘက်က ပြောကြားခဲ့ပါတယ်။

Bijou Phillips

သူကတော့ Leo ဒိတ်ခဲ့တဲ့သူုတွေထဲမှာ အချောဆုံးအလှဆုံးလေးလို့ပြောရမှာပါ။ သူ့ရဲ့ကျော့ရှင်းလှပမှုနဲ့ ဆွဲဆောင်နိုင်စွမ်းတွေအောက်မှာ Leo က အရူးအမူးဖြစ်ပြီး ကျရှုံးခဲ့ရတယ်လို့ မီဒီယာတွေကဖော်ပြထားကြပါတယ်။ မင်းသမီးချော Bijou ကလည်း Leo ကို ငြင်းဆန်နိုင်စွမ်းမရှိခဲ့တာကြောင့်သူတို့နှစ်ဦးချစ်သူတွေဖြစ်သွားကြတဲ့အခါ အလိုက်ဖက်ဆုံးစုံတွဲလေးဖြစ်ခဲ့ပါတယ်တဲ့။ဒါပေမယ့်လည်းသိတဲ့အတိုင်းပဲ သူတို့ရဲ့အချစ်ရေးဟာ အကြောင်းအရင်းမည်မည်ရရမကြားသိရတဲ့ ပြိုကွဲသွားခဲ့ပါတယ်။



Blake Lively

ထိပ်တန်းမင်းသမီး Blake Lively ကတော့အခုလက်ရှိမှာ Ryan Reynolds နဲ့ သာယာတဲ့မိသားစုဘဝလေးတည်ဆောက်ပြီး ပျော်ရွှင်နေပါပြီ။ Gossip Girl မှာ Serena Van der woodsen ကာရိုက်တာနဲ့ ပရိသတ်တွေအရူးအမူးစွဲလန်းတာခံခဲ့ရတဲ့ Blake Lively က 2011 မှာ Leonardo နဲ့လအနည်းငယ်လောက်ချစ်သူဖြစ်ခဲ့ပြီး ပျော်ရွှင်တဲ့ချစ်သူဘဝကိုဖြတ်သန်းခဲ့ကြပါတယ်တဲ့။ သူတို့နှစ်ယောက်က တစ်ယောက်နားမှာတစ်ယောက်ရှိနေရရင်ပျော်နေပေမယ့်တကယ်တမ်းချစ်သူတွေဆိုတာထက် အပေါင်းအသင်းရောင်းရင်းတွေလိုရင်းနှီးခဲ့ကြတာမို့ သူတို့ပြတ်စဲသွားပြီး Blake Lively က Ryan နဲ့လက်ထပ်သွားတော့လည်း Leo က ပျော်ရွှင်စေဖို့ဆုမွန်ကောင်းတောင်းပေးခဲ့တယ်လို့သိရပါတယ်။

Rihanna

နာမည်ကျော်ရီဟားနားကလည်း 2015 လောက်မှာ Leo နဲ့ချစ်သူတွေဖြစ်နေကြတယ်လို့ ကောလဟလတွေထွက်ခဲ့ကြပါသေးတယ်။ ရီဟားနားကတော့ အဲဒီကောလဟလတွေကိုငြင်းဆိုခဲ့ပြီး သူမအနေနဲ့ ရည်းစားထားဖို့အချိန်မရှိဘူးလို့တောင်ပြောခဲ့ပါသေးတယ်တဲ့။ ဒါပေမယ့် ရီဟားနားနဲ့ရင်းနှီးသူတွေရဲ့ပြောစကားအရ ရီဟားနားကချစ်သူထားဖို့အတွက် သတ်မှတ်ချက်တွေအရမ်းများလွန်းပြီး Leo နဲ့ခဏတာတွဲကြည့်ပြီးမှ အဆင်မပြေလို့ ပြတ်စဲသွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။

အခုပြောပြသွားတာတွေကတော့ Leonardo Dicaprio တွဲခဲ့တဲ့နာမည်ကြီးချစ်သူတွေပဲဖြစ်ပါတယ်။ ဒီစာရင်းထဲမှာမပါပဲ Leo ခဏတာတွဲခဲ့တဲ့နာမည်ကျော်မော်ဒယ်မင်းသမီးတွေလည်းရှိပါသေးတယ်။ ပရိသတ်ကြီးရော ရည်းစားတွေထည်လဲတွဲတဲ့ Leo ကိုချစ်ကြလား။ Leo ရဲ့နောက်ထွက်မယ့်ရုပ်ရှင်ဇာတ်ကားတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Unicode


Naomi Campbell


Khristen Zang


Bijou Phillips


Blake Lively


Rihanna

