မင္းသားၾကီး Leonardo Dicaprio နဲ႔ျပတ္စဲခဲ့ရတဲ့အေၾကာင္းရင္းကုိရင္ဖြင့္လာတဲ့ ကမၻာေက်ာ္ေတြ

Leonardo Dicaprio ဟာ ၾကီးက်ယ္ခမ္းနားတဲ့ ေအာင္ျမင္မႈေတြကုိပုိင္ဆိုင္ထားတဲ့ ကမၻာေက်ာ္မင္းသားတစ္လက္ျဖစ္သလို ခ်စ္သူေတြၾကားမ်က္နွာမ်ားျပီး ရည္းစားေတြထည္လဲတြဲခဲ့တယ္လို႔လည္းနာမည္ၾကီးတဲ့မင္းသားတစ္လက္ျဖစ္ပါတယ္။ Leonardo နဲ႔ခ်စ္သူျဖစ္ခ်င္ေနၾကတဲ့ တစ္ကမၻာလံုးက ပရိသတ္ေတြ၊အနုပညာရွင္ေတြကလည္း အမ်ားအျပားကုိရွိေနဆဲပါ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ Leonardo နဲ႔ ခ်စ္သူေတြျဖစ္ျပီး ျပတ္စဲခဲ့ရတဲ့အေၾကာင္းရင္းေတြကုိရင္ဖြင့္ခဲ့တဲ့ ကမၻာေက်ာ္ေတြကိုေဖာ္ျပေပးလုိက္ပါတယ္။

Blake Lively



မင္းသမီးေခ်ာ Blake Lively ဟာ ခင္ပြန္းျဖစ္သူ Ryan Reynolds နဲ႔ လက္မထပ္ခင္မွာ Leo နဲ႔ခ်စ္သူေတြျဖစ္ခဲ့ဖူးပါတယ္။ Blake က သူမကို Leo က မင္းသမီးတစ္ပါးလုိထားျပီး အရုပ္မေလးလိုခ်စ္ျမတ္နုိးေပးခဲ့တယ္လုိ႔ဆိုပါတယ္။ျပီးေတာ့သူမမွာ Leo နဲ႔တြဲေနစဥ္က အခုနဲ႔ေတာ္ေတာ္ေလးကြာျခားတဲ့ ဘဝေနထုိင္မႈပံုစံရွိခဲ့ျပီး Leo က သူမကို အျခားတစ္ေယာက္အျဖစ္ေျပာင္းလဲေပးခဲ့တယ္လို႔လည္းေျပာထားပါတယ္။ ဒါေပမယ့္အဲဒါကပဲ ေနာက္ပုိင္းမွာ Leo နဲ႔လမ္းခြဲဖို႔အေၾကာင္းဖန္လာေစခဲ့တာပါတဲ့။ Ryan Reynolds က သူမကုိ ပင္ကုိယ္ပံုစံအမွန္အတိုင္းခ်စ္ေပးတာေၾကာင့္လည္းျဖစ္ေၾကာင္းသိရပါတယ္။

Rihanna




ကမၻာေက်ာ္အဆိုေတာ္ ရီဟားနားဟာလည္း Leo ရဲ႕ အခ်စ္စက္ကြင္းကေနမလြတ္ခဲ့ရွာပါဘူး။ Rihanna ကေတာ့ Leo ကုိအတည္တက်ခ်စ္ခဲ့ျပီး Leo ကသူမနဲ႔အတူ ဘဝတစ္ခုကုိစတင္ဖို႔ေမ်ွာ္လင့္ခဲ့ရွာပါတယ္။ ဒါေပမယ့္ Leo ကေတာ့ အဲဒီလိုစိတ္ကူးမ်ိဳးမရွိခဲ့ပါဘူးတဲ့။ ငယ္ရြယ္ျပီး အမ်ိဳးသမီးထုၾကီးရဲ႕အသည္းစြဲ၊ဘဝမွာလိုခ်င္တာမွန္သမွ်ရေနတဲ့ Leo ဟာ အိမ္ေထာင္ျပဳျပီးဘဝကုိအေျခခ်ဖို႔ထက္ သူ႔ရဲ႕အနုပညာအလုပ္ေတြနဲ႔ မိန္းမေခ်ာေတြကုိသာစိတ္ထဲရွိခဲ့တယ္လို႔ဆိုပါတယ္။အဲဒီလိုနဲ႔ သူတို႔နွစ္ေယာက္လမ္းခြဲခဲ့ရျပီး လမ္းခြဲျပီးခ်ိ္န္မွာေတာင္ ရီဟားနားက တစ္ခ်ိန္ခ်ိန္မွာ Leo က သူမနဲ႔သာဘဝကုိ ျဖတ္သန္းခ်င္ပါတယ္လို႔ေျပာလာလိမ့္မယ္လို႔ေမွ်ာ္လင့္ေနခဲ့ပါေသးသတဲ့။

Gisele Bundchen



ရက္ရက္စက္စက္လွတဲ့ အလွဘုရင္မ ေမာ္ဒယ္ Gisele ကေတာ့ Leo နဲ႔ ငယ္ရြယ္စဥ္က ခ်စ္ခဲ့ဖူးျပီး လမ္းခြဲျပီးသြားတာေတာင္ ခ်စ္သူအတြက္ ေလးစားမႈေတြက်န္ရွိေနေသးသူပါ။ Gisele က Leo ရဲ႕အေမနဲ႔လည္းမိတ္ေဆြေတြအျဖစ္အဆက္အဆံရွိေနဆဲျဖစ္သလို သူတို႔ခ်စ္သူေတြျဖစ္ေနစဥ္က အတူတူေမြးထားခဲ့တဲ့ ေခြးေလးကုိ Leo က ဆက္ေမြးထားဆဲျဖစ္ပါတယ္။ Gisele က Media ေတြနဲ႔အင္တာဗ်ဴးမွာ Leo နဲ႔လမ္းခြဲလုိက္ရတာဟာ ဒီတိုင္း ဖူးစာမမွန္လို႔ျဖစ္ျပီး အခုထိ Leo ကုိ ေလးစားေနဆဲ၊ Leo အတြက္ဂုဏ္ယူေနဆဲပါလို႔ေျပာၾကားထားခဲ့ပါတယ္။

Nina Agdal

ငယ္ရြယ္ျပီးလွေသြးၾကြယ္သလို တစ္ကမၻာလံုးကခ်စ္ရတဲ့၊ နတ္သမီးတစ္ပါးလုိလွရက္လြန္းတဲ့ Nina ဟာ Leonardo ရဲ႕နွလံုးသားကုိအခ်ိန္အတုိင္းအတာတစ္ခုအထိ အပုိင္သိ္မ္းထားနုိင္တဲ့ ေမာ္ဒယ္တစ္ဦးျဖစ္ခဲ့ပါတယ္။ Leo က Nina ကုိ အရူးအမူးခ်စ္ခဲ့ျပီးအဲဒီအခ်စ္ဟာ 2016 ကေန 2017 အထိ နွစ္နွစ္တာခံခဲ့ျပီး အခ်ိန္ၾကာလာတာနဲ႔အမွ် Nina ဘက္က Leo နဲ႔ ဘဝကုိစတင္ခ်င္လာေပမယ့္ Leo ကေတာ့ ပန္းခင္းၾကီးကုိစြန္႔လႊတ္ျပီး ပန္းတစ္ပြင့္နဲ႔ေက်နပ္လိုက္ဖို႔စိတ္ကူးသူမဟုတ္ခဲ့ပဲ Nina နဲ႔ လမ္းခြဲျပီး အျခားေကာင္မေလးေတြကုိဆက္လက္ဒိတ္ခဲ့ပါတယ္တဲ့။

Bridget Hall

နာမည္ၾကီးေမာ္ဒယ္ Bridget Hall ကေတာ့ Leo နဲ႔လမ္းခြဲခဲ့ရျခင္းဟာ အိပ္ရာထဲက ကိစၥမွာအဆင္မေျပလို႔ပါလို႔ ပြင့္ပြင့္လင္းလင္းၾကီးေျပာခ်ခဲ့ပါတယ္။ Leo က အိပ္ရာထဲမွာအသံေတြဆူညံလြန္းတာေၾကာင့္လို႔သူမက ေျပာခဲ့ျပီး အဲဒီေျပာဆိုခ်က္ဟာ တစ္ကမၻာလံုးပ်ံ႕နွံ႕သြားခဲ့ျပီး လူတိုင္းရဲ႕ပါးစပ္ဖ်ားမွာေျပာစရာသတင္းစကားတစ္ခုအျဖစ္ေရပန္းစားသြားခဲ့ပါတယ္တဲ့။ Leo ဘက္က အဲဒီေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ျပီး ျငင္းဆိုတာမ်ိဳးမရွိခဲ့သလုိ ဘာမွတ္ခ်က္မွလည္းမေပးခဲ့ပါဘူး။

Kristen Zang

Kristen ကေတာ့ Leonardo ရဲ႕အခ်စ္ဦးျဖစ္သလုိ သူ႔ကုိအသည္းခြဲခဲ့သူတစ္ဦးဆိုရင္လည္းမမွားပါဘူး။ Hollywood ရဲ႕ Playboy ၾကီးဟာလည္း သူတကယ္ခ်စ္တဲ့အမ်ိဳးသမီးေလးတစ္ေယာက္ရဲ႕ထားသြားတာခံရျပီး အၾကီးအက်ယ္အသည္းကြဲခဲ့ဖူးပါတယ္။ Leo ဟာ Kristen ကုိ အသည္းစြဲခ်စ္ခဲ့ျပီး Leo က ကေလးဆန္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ Kristen က လမ္းခြဲသြားခဲ့ခ်ိန္မွာ အၾကီးအက်ယ္အသည္းေတြကြဲခဲ့ျပီး ေနာက္ထပ္ခ်စ္သူမထားပဲ နွစ္နွစ္ေလာက္ကို Kristen ကုိျပန္ရဖို႔ၾကိဳးစားေနခဲ့ရွာပါတယ္တ့ဲ။ သနားစရာ Leo ပါပဲ။

Unicode

Leonardo Dicaprio ဟာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကိုပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော်မင်းသားတစ်လက်ဖြစ်သလို ချစ်သူတွေကြားမျက်နှာများပြီး ရည်းစားတွေထည်လဲတွဲခဲ့တယ်လို့လည်းနာမည်ကြီးတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။ Leonardo နဲ့ချစ်သူဖြစ်ချင်နေကြတဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေ၊အနုပညာရှင်တွေကလည်း အများအပြားကိုရှိနေဆဲပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် Leonardo နဲ့ ချစ်သူတွေဖြစ်ပြီး ပြတ်စဲခဲ့ရတဲ့အကြောင်းရင်းတွေကိုရင်ဖွင့်ခဲ့တဲ့ ကမ္ဘာကျော်တွေကိုဖော်ပြပေးလိုက်ပါတယ်။

Blake Lively

မင်းသမီးချော Blake Lively ဟာ ခင်ပွန်းဖြစ်သူ Ryan Reynolds နဲ့ လက်မထပ်ခင်မှာ Leo နဲ့ချစ်သူတွေဖြစ်ခဲ့ဖူးပါတယ်။ Blake က သူမကို Leo က မင်းသမီးတစ်ပါးလိုထားပြီး အရုပ်မလေးလိုချစ်မြတ်နိုးပေးခဲ့တယ်လို့ဆိုပါတယ်။ပြီးတော့သူမမှာ Leo နဲ့တွဲနေစဉ်က အခုနဲ့တော်တော်လေးကွာခြားတဲ့ ဘဝနေထိုင်မှုပုံစံရှိခဲ့ပြီး Leo က သူမကို အခြားတစ်ယောက်အဖြစ်ပြောင်းလဲပေးခဲ့တယ်လို့လည်းပြောထားပါတယ်။ ဒါပေမယ့်အဲဒါကပဲ နောက်ပိုင်းမှာ Leo နဲ့လမ်းခွဲဖို့အကြောင်းဖန်လာစေခဲ့တာပါတဲ့။ Ryan Reynolds က သူမကို ပင်ကိုယ်ပုံစံအမှန်အတိုင်းချစ်ပေးတာကြောင့်လည်းဖြစ်ကြောင်းသိရပါတယ်။

Rihanna

ကမ္ဘာကျော်အဆိုတော် ရီဟားနားဟာလည်း Leo ရဲ့ အချစ်စက်ကွင်းကနေမလွတ်ခဲ့ရှာပါဘူး။ Rihanna ကတော့ Leo ကိုအတည်တကျချစ်ခဲ့ပြီး Leo ကသူမနဲ့အတူ ဘဝတစ်ခုကိုစတင်ဖို့မျှော်လင့်ခဲ့ရှာပါတယ်။ ဒါပေမယ့် Leo ကတော့ အဲဒီလိုစိတ်ကူးမျိုးမရှိခဲ့ပါဘူးတဲ့။ ငယ်ရွယ်ပြီး အမျိုးသမီးထုကြီးရဲ့အသည်းစွဲ၊ဘဝမှာလိုချင်တာမှန်သမျှရနေတဲ့ Leo ဟာ အိမ်ထောင်ပြုပြီးဘဝကိုအခြေချဖို့ထက် သူ့ရဲ့အနုပညာအလုပ်တွေနဲ့ မိန်းမချောတွေကိုသာစိတ်ထဲရှိခဲ့တယ်လို့ဆိုပါတယ်။အဲဒီလိုနဲ့ သူတို့နှစ်ယောက်လမ်းခွဲခဲ့ရပြီး လမ်းခွဲပြီးချိ်န်မှာတောင် ရီဟားနားက တစ်ချိန်ချိန်မှာ Leo က သူမနဲ့သာဘဝကို ဖြတ်သန်းချင်ပါတယ်လို့ပြောလာလိမ့်မယ်လို့မျှော်လင့်နေခဲ့ပါသေးသတဲ့။

Gisele Bundchen

ရက်ရက်စက်စက်လှတဲ့ အလှဘုရင်မ မော်ဒယ် Gisele ကတော့ Leo နဲ့ ငယ်ရွယ်စဉ်က ချစ်ခဲ့ဖူးပြီး လမ်းခွဲပြီးသွားတာတောင် ချစ်သူအတွက် လေးစားမှုတွေကျန်ရှိနေသေးသူပါ။ Gisele က Leo ရဲ့အမေနဲ့လည်းမိတ်ဆွေတွေအဖြစ်အဆက်အဆံရှိနေဆဲဖြစ်သလို သူတို့ချစ်သူတွေဖြစ်နေစဉ်က အတူတူမွေးထားခဲ့တဲ့ ခွေးလေးကို Leo က ဆက်မွေးထားဆဲဖြစ်ပါတယ်။ Gisele က Media တွေနဲ့အင်တာဗျူးမှာ Leo နဲ့လမ်းခွဲလိုက်ရတာဟာ ဒီတိုင်း ဖူးစာမမှန်လို့ဖြစ်ပြီး အခုထိ Leo ကို လေးစားနေဆဲ၊ Leo အတွက်ဂုဏ်ယူနေဆဲပါလို့ပြောကြားထားခဲ့ပါတယ်။

Nina Agdal

ငယ်ရွယ်ပြီးလှသွေးကြွယ်သလို တစ်ကမ္ဘာလုံးကချစ်ရတဲ့၊ နတ်သမီးတစ်ပါးလိုလှရက်လွန်းတဲ့ Nina ဟာ Leonardo ရဲ့နှလုံးသားကိုအချိန်အတိုင်းအတာတစ်ခုအထိ အပိုင်သိ်မ်းထားနိုင်တဲ့ မော်ဒယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ Leo က Nina ကို အရူးအမူးချစ်ခဲ့ပြီးအဲဒီအချစ်ဟာ 2016 ကနေ 2017 အထိ နှစ်နှစ်တာခံခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ Nina ဘက်က Leo နဲ့ ဘဝကိုစတင်ချင်လာပေမယ့် Leo ကတော့ ပန်းခင်းကြီးကိုစွန့်လွှတ်ပြီး ပန်းတစ်ပွင့်နဲ့ကျေနပ်လိုက်ဖို့စိတ်ကူးသူမဟုတ်ခဲ့ပဲ Nina နဲ့ လမ်းခွဲပြီး အခြားကောင်မလေးတွေကိုဆက်လက်ဒိတ်ခဲ့ပါတယ်တဲ့။

Bridget Hall

နာမည်ကြီးမော်ဒယ် Bridget Hall ကတော့ Leo နဲ့လမ်းခွဲခဲ့ရခြင်းဟာ အိပ်ရာထဲက ကိစ္စမှာအဆင်မပြေလို့ပါလို့ ပွင့်ပွင့်လင်းလင်းကြီးပြောချခဲ့ပါတယ်။ Leo က အိပ်ရာထဲမှာအသံတွေဆူညံလွန်းတာကြောင့်လို့သူမက ပြောခဲ့ပြီး အဲဒီပြောဆိုချက်ဟာ တစ်ကမ္ဘာလုံးပျံ့နှံ့သွားခဲ့ပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာပြောစရာသတင်းစကားတစ်ခုအဖြစ်ရေပန်းစားသွားခဲ့ပါတယ်တဲ့။ Leo ဘက်က အဲဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ငြင်းဆိုတာမျိုးမရှိခဲ့သလို ဘာမှတ်ချက်မှလည်းမပေးခဲ့ပါဘူး။

Kristen Zang

Kristen ကတော့ Leonardo ရဲ့အချစ်ဦးဖြစ်သလို သူ့ကိုအသည်းခွဲခဲ့သူတစ်ဦးဆိုရင်လည်းမမှားပါဘူး။ Hollywood ရဲ့ Playboy ကြီးဟာလည်း သူတကယ်ချစ်တဲ့အမျိုးသမီးလေးတစ်ယောက်ရဲ့ထားသွားတာခံရပြီး အကြီးအကျယ်အသည်းကွဲခဲ့ဖူးပါတယ်။ Leo ဟာ Kristen ကို အသည်းစွဲချစ်ခဲ့ပြီး Leo က ကလေးဆန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Kristen က လမ်းခွဲသွားခဲ့ချိန်မှာ အကြီးအကျယ်အသည်းတွေကွဲခဲ့ပြီး နောက်ထပ်ချစ်သူမထားပဲ နှစ်နှစ်လောက်ကို Kristen ကိုပြန်ရဖို့ကြိုးစားနေခဲ့ရှာပါတယ်တဲ့။ သနားစရာ Leo ပါပဲ။