မသကၤာစရာ တူညီလြန္းေနတဲ့ ရုပ္ရွင္ကားမ်ား

ေမာ္ဒန္ေခတ္ရုပ္ရွင္ေလာကဟာ အၿပိဳင္အဆုိင္မ်ားလွၿပီး တစ္ႏွစ္ကို ဇာတ္ကားေပါင္းမ်ားစြာ ထုတ္လုပ္ေနတာေၾကာင့္ တူညီတဲ့ အေတြးအေခၚနဲ႔ ဇာတ္ကားေတြကို ေတြ႕ရတတ္တာ မဆန္းပါဘူး။ ဒါေပမယ့္ တခ်ဳိ႕ဇာတ္ကားေတြကေတာ့ တစ္ခုနဲ႔တစ္ခု ကူးခ်ထားသလားထင္ရေအာင္ ဆင္တူေနတာကို ေတြ႕ရတတ္ပါတယ္။ ေျပာခ်င္လြန္းလို႔ တုိ႔အတြက္ ဒီတစ္ခါေတာ့ ေနာက္ခံေက်ာရုိးနဲ႔ ပါဝင္တဲ့ ကာရုိက္တာေတြ အေတာ္ေလးတူညီေနတဲ့ ဇာတ္ကားေတြကို ယွဥ္ၿပီးေဖာ္ျပေပးလုိက္ပါရေစ။

၁. Madagascar (2005 ခုႏွစ္) ႏွင့္ The Wild (2006)



၂၀၀၅ ခုႏွစ္က Madagascar ဟာ ေအာင္ျမင္တဲ့ Franchise တစ္ခုျဖစ္လာခဲ့ၿပီး နယူးေယာက္ၿမိဳ႕ တိရစာၦန္ရုံကေန ထြက္ေျပးၿပီး မာဒါဂတ္စကာကၽြန္းစုေလးေပၚေရာက္သြားတဲ့ ျခေသၤ့၊ ျမင္းက်ား၊ သစ္ကုလားအုတ္၊ ေရျမင္းတုိ႔ သူငယ္ခ်င္းေလးေယာက္ကို အေျခခံထားတဲ့ ဟာသကာတြန္းကားျဖစ္ပါတယ္။

ေနာက္တစ္ႏွစ္မွာ ထြက္လာတဲ့ The Wild မွာေတာ့ Ryan လို႔ေခၚတဲ့ ခ်စ္စရာျခေသၤ့ေလးဟာ နယူးေယာက္ တိရစာၦန္ရုံနဲ႔ အာဖရိကကို ေလဆိပ္ကမွားပို႔လိုက္တဲ့အတြက္ သူ႕ဖခင္ ျခေသၤ့က ကိုအာလာ၊ မိေခ်ာင္း၊ ပုတ္သင္ညိဳ၊ သစ္ကုလားအုတ္နဲ႔ ရွဥ့္တုိ႔ကို အေဖာ္ျပဳၿပီး တိရစာၦန္ရုံက ထြက္ေျပးကာ Ryan ကို လုိက္ရွာေဖြတဲ့ အေၾကာင္းျဖစ္ပါတယ္။




၂. The Book of Life (2014) ႏွင့္ Coco (2017)

အခ်စ္ဆုံးသူငယ္ခ်င္းေတြျဖစ္တဲ့ Manolo နဲ႔ Joaquin တုိ႔ဟာ မိန္းကေလးတစ္ေယာက္ကို အတူတူ ခ်စ္ႀကိဳက္မိၾကတယ္။ ဒီအခါမွာ တမလြန္ဘဝကိုေစာင့္တဲ့ နတ္ဘုရားႏွစ္ပါးက သူတုိ႔သူငယ္ခ်င္းႏွစ္ေယာက္ ဘယ္သူက မိန္းကေလးရဲ႕ အခ်စ္ကို ရမလဲဆုိတာ အေလာင္းအစား လုပ္ၾကပါေတာ့တယ္။ ဒီအခါ Manolo ဟာ ဂစ္တာတစ္လက္ကို ကိုင္စြဲကာ တမလြန္ကမာၻတစ္ခုလုံးကို ေက်ာ္ျဖတ္ၿပီး ခ်စ္ရတဲ့သူဆီ ျပန္ႏုိင္ဖို႔ ႀကိဳးစားရမွာပါ။



Coco ကိုေတာ့ ေတာ္ေတာ္မ်ားမ်ားသိၾကမွာပါ။ သီခ်င္းေတြ၊ တမလြန္ဘဝနဲ႔ ဝိဥာဥ္ေတြ၊ မိသားစုဝင္ေတြနဲ႔ ခ်စ္ေမတၱာတုိ႔ကို အေျခခံထားတဲ့ လွပတဲ့ ဇာတ္လမ္းတစ္ခုပါပဲ။

၃. Kung Fu Panda (2008) ႏွင့္ Chop Kick Panda (2011)

Po လို႔ေခၚတဲ့ ရွပ္ျပာျပာ ပန္ဒါေလးဟာ နဂါးသူရဲေကာင္းေရြးခ်ယ္ပြဲကို သြားၾကည့္မိရာကေန သူ႕ကို နဂါးသူရဲေကာင္းအျဖစ္ ေရြးခ်ယ္ခံလိုက္ရတယ္။ နဂါးသူရဲေကာင္းကို စိန္ေခၚဖို႔ အက်ဥ္းေထာင္ထဲက ထြက္ေျပးလာတဲ့ က်ားသစ္ မိစာၦသုိင္းသမားကိုလည္း ရင္ဆုိင္ရဖို႔ျဖစ္လာခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္မွာ ထြက္လာခဲ့တဲ့ Chop Kick Panda ထဲမွာ အဓိကဇာတ္ေကာင္က Zibo လို႔ေခၚတဲ့ ပန္ဒါေလးျဖစ္ပါတယ္။ သူကလည္း သုိင္းသူရဲေကာင္းတစ္ေယာက္ျဖစ္ခ်င္သူပါ။ ကိုယ္ခံပညာနဲ႔ ပတ္သက္လို႔ ဘာမွနားမလည္ေပမယ့္ မိစာၦ က်ားတစ္ေကာင္ရဲ႕ ရန္ကေန သူ႕တုိင္းျပည္ကို ကာကြယ္ဖို႔ ျဖစ္လာခဲ့ပါတယ္။

၄. Sky Force (2012) ႏွင့္ Planes: Fire and Rescue (2014)

Sky Force ဟာ ေကာင္းကင္ယံက အေရးေပၚအထူးတိုက္ခုိက္ေရးအဖြဲ႕ပါ။ ဒါေပမယ့္ အဖြဲ႕ဝင္ Ace ဟာ အႏၱရာယ္ႀကီးတဲ့ မစ္ရွင္တစ္ခုအၿပီး ဝမ္းနည္းစရာျဖစ္ရပ္ေၾကာင့္ စြန္႔ခြာခဲ့တယ္။ ဘဝေဟာင္းကို မေမ့ႏုိင္ေသးတဲ့ Ace ဟာ အေရးၾကဳံလာတဲ့အခါ သူ႕အေၾကာက္တရားကို ေက်ာ္လႊားၿပီး လုပ္သင့္တာကို ရဲရဲဝ့ံဝံ့ ရင္ဆုိင္တဲ့ အေၾကာင္းကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

Disney ရဲ႕ Planes အန္နီေမးရွင္းဟာ သူတုိ႔ေအာင္ျမင္ခဲ့တဲ့ Cars တနု္းကလိုမ်ဳိး ၿပိဳင္ကားေတြအစား အဓိကဇာတ္ေကာင္ေနရာမွာ ေလယာဥ္ေတြကို ထားထားတဲ့ အန္နီေမးရွင္းတစ္ခုပါပဲ။ Dusty ရဲ႕အင္ဂ်င္ဟာ ယိုယြင္းေနၿပီး ၿပိဳင္ပြဲေတြ ဝင္မၿပိဳင္ႏုိင္ေတာ့တဲ့ အေနအထားတစ္ခုပါ။ ဒီအခါမွာ ေတာမီးတစ္ခုကို တားဆီးဖို႔ ကယ္ဆယ္ေရးတပ္ဖြဲ႕နဲ႔ ပူးေပါင္းခဲ့ရာကေန ဂုဏ္ယူစရာ မီးသတ္သမားေလး ျဖစ္လာခဲ့ပါတယ္။

၅. Ratatouille (2007) ႏွင့္ Ratatoing (2007)

Remi ဆုိတဲ့ ၾကြက္ကေလးဟာ စားဖိုမွဴးေကာင္းတစ္ေယာက္ျဖစ္ၿပီး သူကိုယ္တုိင္ နာမည္ႀကီးစားဖိုမွဴး တစ္ေယာက္ျဖစ္ခ်င္တဲ့ အိပ္မက္ရွိသူပါ။ တစ္ေန႔မွာ ငယ္ရြယ္တဲ့ မီးဖိုေခ်ာင္အလုပ္သမားေလးနဲ႔ အတူလက္တြဲၿပီး နာမည္ႀကီး ျပင္သစ္စားေသာက္ဆုိင္တစ္ခုထဲမွာ လက္စြမ္းျပခြင့္ရလာခဲ့ပါေတာ့တယ္။

ဒီနာမည္ႀကီးဇာတ္ကားနဲ႔ တစ္ႏွစ္တည္းထြက္ခဲ့တဲ့ Ratatoing မွာေတာ့ ရီယုိဒီဂ်ေနးရုိးၿမိဳ႕မွာ စားေသာက္ဆုိင္ေလးတစ္ခုကို ပိုင္တဲ့ Marcelle Toing ဆုိတဲ့ ၾကြက္ေလးကို အေျခခံထားပါတယ္။ သူက လူေတြရဲ႕ စားေသာက္ဆုိင္ေတြကေန လိုအပ္တဲ့ ပစၥည္းေတြကို ခုိးယူၿပီး ကိုယ္ပိုင္စားေသာက္ဆုိင္ေလးမွာ စိတ္ႀကိဳက္လက္စြမ္းျပန္ျပေနတာပါ။

Unicode

မသင်္ကာစရာ တူညီလွန်းနေတဲ့ ရုပ်ရှင်ကားများ

မော်ဒန်ခေတ်ရုပ်ရှင်လောကဟာ အပြိုင်အဆိုင်များလှပြီး တစ်နှစ်ကို ဇာတ်ကားပေါင်းများစွာ ထုတ်လုပ်နေတာကြောင့် တူညီတဲ့ အတွေးအခေါ်နဲ့ ဇာတ်ကားတွေကို တွေ့ရတတ်တာ မဆန်းပါဘူး။ ဒါပေမယ့် တချို့ဇာတ်ကားတွေကတော့ တစ်ခုနဲ့တစ်ခု ကူးချထားသလားထင်ရအောင် ဆင်တူနေတာကို တွေ့ရတတ်ပါတယ်။ ပြောချင်လွန်းလို့ တို့အတွက် ဒီတစ်ခါတော့ နောက်ခံကျောရိုးနဲ့ ပါဝင်တဲ့ ကာရိုက်တာတွေ အတော်လေးတူညီနေတဲ့ ဇာတ်ကားတွေကို ယှဉ်ပြီးဖော်ပြပေးလိုက်ပါရစေ။

၁. Madagascar (2005 ခုနှစ်) နှင့် The Wild (2006)

၂၀၀၅ ခုနှစ်က Madagascar ဟာ အောင်မြင်တဲ့ Franchise တစ်ခုဖြစ်လာခဲ့ပြီး နယူးယောက်မြို့ တိရစ္ဆာန်ရုံကနေ ထွက်ပြေးပြီး မာဒါဂတ်စကာကျွန်းစုလေးပေါ်ရောက်သွားတဲ့ ခြင်္သေ့၊ မြင်းကျား၊ သစ်ကုလားအုတ်၊ ရေမြင်းတို့ သူငယ်ချင်းလေးယောက်ကို အခြေခံထားတဲ့ ဟာသကာတွန်းကားဖြစ်ပါတယ်။

နောက်တစ်နှစ်မှာ ထွက်လာတဲ့ The Wild မှာတော့ Ryan လို့ခေါ်တဲ့ ချစ်စရာခြင်္သေ့လေးဟာ နယူးယောက် တိရစ္ဆာန်ရုံနဲ့ အာဖရိကကို လေဆိပ်ကမှားပို့လိုက်တဲ့အတွက် သူ့ဖခင် ခြင်္သေ့က ကိုအာလာ၊ မိချောင်း၊ ပုတ်သင်ညို၊ သစ်ကုလားအုတ်နဲ့ ရှဉ့်တို့ကို အဖော်ပြုပြီး တိရစ္ဆာန်ရုံက ထွက်ပြေးကာ Ryan ကို လိုက်ရှာဖွေတဲ့ အကြောင်းဖြစ်ပါတယ်။

၂. The Book of Life (2014) နှင့် Coco (2017)

အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ Manolo နဲ့ Joaquin တို့ဟာ မိန်းကလေးတစ်ယောက်ကို အတူတူ ချစ်ကြိုက်မိကြတယ်။ ဒီအခါမှာ တမလွန်ဘဝကိုစောင့်တဲ့ နတ်ဘုရားနှစ်ပါးက သူတို့သူငယ်ချင်းနှစ်ယောက် ဘယ်သူက မိန်းကလေးရဲ့ အချစ်ကို ရမလဲဆိုတာ အလောင်းအစား လုပ်ကြပါတော့တယ်။ ဒီအခါ Manolo ဟာ ဂစ်တာတစ်လက်ကို ကိုင်စွဲကာ တမလွန်ကမ္ဘာတစ်ခုလုံးကို ကျော်ဖြတ်ပြီး ချစ်ရတဲ့သူဆီ ပြန်နိုင်ဖို့ ကြိုးစားရမှာပါ။

Coco ကိုတော့ တော်တော်များများသိကြမှာပါ။ သီချင်းတွေ၊ တမလွန်ဘဝနဲ့ ဝိဉာဉ်တွေ၊ မိသားစုဝင်တွေနဲ့ ချစ်မေတ္တာတို့ကို အခြေခံထားတဲ့ လှပတဲ့ ဇာတ်လမ်းတစ်ခုပါပဲ။

၃. Kung Fu Panda (2008) နှင့် Chop Kick Panda (2011)

Po လို့ခေါ်တဲ့ ရှပ်ပြာပြာ ပန်ဒါလေးဟာ နဂါးသူရဲကောင်းရွေးချယ်ပွဲကို သွားကြည့်မိရာကနေ သူ့ကို နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခံလိုက်ရတယ်။ နဂါးသူရဲကောင်းကို စိန်ခေါ်ဖို့ အကျဉ်းထောင်ထဲက ထွက်ပြေးလာတဲ့ ကျားသစ် မိစ္ဆာသိုင်းသမားကိုလည်း ရင်ဆိုင်ရဖို့ဖြစ်လာခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ ထွက်လာခဲ့တဲ့ Chop Kick Panda ထဲမှာ အဓိကဇာတ်ကောင်က Zibo လို့ခေါ်တဲ့ ပန်ဒါလေးဖြစ်ပါတယ်။ သူကလည်း သိုင်းသူရဲကောင်းတစ်ယောက်ဖြစ်ချင်သူပါ။ ကိုယ်ခံပညာနဲ့ ပတ်သက်လို့ ဘာမှနားမလည်ပေမယ့် မိစ္ဆာ ကျားတစ်ကောင်ရဲ့ ရန်ကနေ သူ့တိုင်းပြည်ကို ကာကွယ်ဖို့ ဖြစ်လာခဲ့ပါတယ်။

၄. Sky Force (2012) နှင့် Planes: Fire and Rescue (2014)

Sky Force ဟာ ကောင်းကင်ယံက အရေးပေါ်အထူးတိုက်ခိုက်ရေးအဖွဲ့ပါ။ ဒါပေမယ့် အဖွဲ့ဝင် Ace ဟာ အန္တရာယ်ကြီးတဲ့ မစ်ရှင်တစ်ခုအပြီး ဝမ်းနည်းစရာဖြစ်ရပ်ကြောင့် စွန့်ခွာခဲ့တယ်။ ဘဝဟောင်းကို မမေ့နိုင်သေးတဲ့ Ace ဟာ အရေးကြုံလာတဲ့အခါ သူ့အကြောက်တရားကို ကျော်လွှားပြီး လုပ်သင့်တာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တဲ့ အကြောင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Disney ရဲ့ Planes အန်နီမေးရှင်းဟာ သူတို့အောင်မြင်ခဲ့တဲ့ Cars တနု်းကလိုမျိုး ပြိုင်ကားတွေအစား အဓိကဇာတ်ကောင်နေရာမှာ လေယာဉ်တွေကို ထားထားတဲ့ အန်နီမေးရှင်းတစ်ခုပါပဲ။ Dusty ရဲ့အင်ဂျင်ဟာ ယိုယွင်းနေပြီး ပြိုင်ပွဲတွေ ဝင်မပြိုင်နိုင်တော့တဲ့ အနေအထားတစ်ခုပါ။ ဒီအခါမှာ တောမီးတစ်ခုကို တားဆီးဖို့ ကယ်ဆယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းခဲ့ရာကနေ ဂုဏ်ယူစရာ မီးသတ်သမားလေး ဖြစ်လာခဲ့ပါတယ်။

၅. Ratatouille (2007) နှင့် Ratatoing (2007)

Remi ဆိုတဲ့ ကြွက်ကလေးဟာ စားဖိုမှူးကောင်းတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင် နာမည်ကြီးစားဖိုမှူး တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ရှိသူပါ။ တစ်နေ့မှာ ငယ်ရွယ်တဲ့ မီးဖိုချောင်အလုပ်သမားလေးနဲ့ အတူလက်တွဲပြီး နာမည်ကြီး ပြင်သစ်စားသောက်ဆိုင်တစ်ခုထဲမှာ လက်စွမ်းပြခွင့်ရလာခဲ့ပါတော့တယ်။

ဒီနာမည်ကြီးဇာတ်ကားနဲ့ တစ်နှစ်တည်းထွက်ခဲ့တဲ့ Ratatoing မှာတော့ ရီယိုဒီဂျနေးရိုးမြို့မှာ စားသောက်ဆိုင်လေးတစ်ခုကို ပိုင်တဲ့ Marcelle Toing ဆိုတဲ့ ကြွက်လေးကို အခြေခံထားပါတယ်။ သူက လူတွေရဲ့ စားသောက်ဆိုင်တွေကနေ လိုအပ်တဲ့ ပစ္စည်းတွေကို ခိုးယူပြီး ကိုယ်ပိုင်စားသောက်ဆိုင်လေးမှာ စိတ်ကြိုက်လက်စွမ်းပြန်ပြနေတာပါ။

Tags: