မိတ်ကပ်ပညာနဲ့ ခြောက်ခြားဖွယ်ရုပ်တွေပြင်ခဲ့ကြပေမယ့် အပြင်မှာ ချောမောတဲ့ သရုပ်ဆောင်များ
0
82
Unicode
It ဆိုတဲ့ လူသတ်ဇာတ်ကောင်ကို ကြည့်ရင် အင်မတန်ကြောက်ဖို့ကောင်းပါတယ်။သွေးအေးရက်စက်တဲ့ ပုံစံ သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ ဒါကို မိတ်ကပ်ပညာနဲ့ ဖန်တီးထားဖြစ်ပါတယ်။တကယ့်သရုပ်ဆောင်ဖြစ်တဲ့ Bill Skarsgard ရဲ့ မူရင်းပုံစံကတော့ တကယ့်ကို မိန်းကလေးတွေအကြွေဇယားပါပဲ။
The Ring ဆိုတာ 2002 ခုနှစ်ကထွက်ခဲ့တဲ့ သရဲကားဖြစ်ပြီးတော့ ဒီကားထဲက သရဲမကိုမှတ်မိကြမှာပါ။။သူမဟာ ကြောက်မက်ဖွယ်ခြောက်လှန့်တာဖြစ်ပြီး အတော့်ကို ပရိသတ်ကို ကြောက်လန့်အောင်လုပ်နိုင်ပါတယ်။မူရင်းသရုပ်ဆောင်က Daveigh Chase ဖြစ်ပြီး မိတ်ကပ်နဲ့ပြင်မထားရင် သူဟာ သရဲမနေရာမှာ သရုပ်ဆောင်ခဲ့မှန်းတောင် သိစရာမရှိပါဘူး။
American Horror Story ထဲက လူထူးဆန်းပုံစံလုပ်ထားသူကတော့ Naomi Grossman ဖြစ်ပါတယ်။သူမဟာ freaky ရဲ့ ပုံစံသရုပ်ဆောင်ထားပြီး ခြောက်ခြားဖွယ်ရုပ်ဖြစ်အောင်ပြင်ဆင်ထားလို့သာ ရုပ်ဆိုးနေခြင်းဖြစ်ပါတယ်။
Splice ဆိုတဲ့ ရုပ်ရှင်ကားမှာ ဂြိုလ်သူမလို သရုပ်ဆောက်ထားသူကတော့ Delphine Chanéac ဖြစ်ပါတယ်။ဒါပေမယ့် သူမကို ဒီလိုပြင်ပြီးချိန်မှာ သူမမှန်း မမှတ်မိကြပါဘူး။ဘယ်လိုပုံစံဖြစ်ဖြစ် သူမကတော့ ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ဂြိုလ်သူမဆိုလည်း ချောတာပါပဲ။
Heath Ledger ကတော့ အချိန်တိုင်းအတွက် အကောင်းဆုံးသရုပ်ဆောင်ဖြစ်ပါတယ်။သူဟာ ဂျိုကာအဖြစ် The Dark Knight မှာ သရုပ်ဆောင်အတော်လေးကို ကောင်းခဲ့ပြီး သူ့နာမည်အရင်းတောင် မေ့လိုက်ရသည်အထိပါပဲ။သူဟာ လူဖြောင့်တစ်ယောက်ဖြစ်ပြီး အခုတော့ ကမ္ဘာကို စွန့်ခွာခဲ့ပြီဖြစ်ပါတယ်။
The Hobbit Trilogy ထဲမှာတော့ Azog ဆိုတဲ့ ကြောက်စရာအသွင်အပြင်နဲ့ သရုပ်ဆောင်ခဲ့သူကတော့ Manu Bennett ဖြစ်ပါတယ်။သူ့ကို ဆီလီကွန်နဲ့ ပြင်ခဲ့ပြီး မိတ်ကပ်ပညာနဲ့ ရုပ်ပြောင်းခဲ့တာဖြစ်ပါတယ်။သူကတော့ အပြင်မှာ လူချောလူဖြောင့်ဖြစ်ပါတယ်။
Hellraiser X: Judgment ဇာတ်ကားဟာ စီးရီးတွေနဲ့ လာတာဖြစ်ပြီး တကယ့်ကို လူသတ်ကားကောင်းတကားဖြစ်ပါတယ်။သံတွေနဲ့ မျက်နှာမှာ စိုက်နေတဲ့လူသတ်သမားဟာ Paul T. Taylor ဖြစ်ပါတယ်။အပြင်မှာတော့ ရက်စက်တဲ့ရုပ်သွင်တစက်မှ မရှိပဲ ဇာတ်ကားထဲမှာတော့ တကယ့်ကို ကြောက်မက်ဖွယ်ရာ လူသတ်သမားဖြစ်ပါတယ်။
Resident Evil: Apocalypse ဆိုတဲ့ရုပ်ရှင်ထဲက သရဲကြီးအဖြစ် သရုပ်ဆောင်သူကတော့ Matthew G. Taylor ဖြစ်ပါတယ်။သူဟာ အပြင်မှာတော့ လူဖြောင့်တစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်လဲ အတော်လေးလှပါတယ်။ဒီကားအတွက် ပေါင် 60 တက်အောင် လုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။
Silent Hill ဆိုတာ နာမည်ကျော် ကြောက်မက်ဖွယ်ဇာတ်ကားဖြစ်ပြီးတော့ ဒီကားထဲက ကလေးမလေးကို မှတ်မိကြမယ်ထင်ပါတယ်။ဒီကောင်မလေးဟာ Jodelle Ferland ဖြစ်ပြီးတော့ သူမဟာ ချစ်စဖွယ်ကောင်မလေးပေမယ့် ဒီကားထဲမှာတော့ ကြောက်မက်ဖွယ်ဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။
Alien အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်ကတော့ Bolaji Badejo ဖြစ်ပါတယ်။ဒီကားထဲမှာတော့ သူဟာ ခေါင်းစွပ်တွေစွပ်ပြီး သရေ သမြားမြားနဲ့ ခြောက်ခြားဖွယ်ရာ ဂြိုလ်သားအဖြစ် 1979 ခုနှစ်က သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here