မိန်းမကိစ္စအရှုပ်အရှင်းတွေကြားက ပရဟိတဥက္ကဌဖြစ်သွားတဲ့ ဝေဠုကျော်

0
116

ပရဟိတမင်းသားကြီးလို့ပရိသတ်က ချစ်စနိုးခေါ်ကြတဲ့ ဝေဠုကျော်ဟာ တကယ်ကိုပဲ လူသူမနီးနေရာတွေအထိသွားပြီး ပြည်သူတွေကိုကူညီနေတဲ့ စိတ်သဘောထားကောင်းမွန်ပြီးကြင်နာတတ်သူတစ်ဦးဖြစ်သလို တစ်ဖက်မှာလည်း သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်လက်အဖြစ် ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသူပါ။

ဒါပေမယ့် ဝေဠုကျော်ဟာ မကြာသေးမီက ဖြစ်ထားတဲ့ အလှမယ်သင်းသင်းနဲ့ပြဿနာကြောင့် အချို့သောပရိသတ်တွေရဲ့အကြည်ညိုပျက်ခြင်းကိုခံခဲ့ရသလို တစ်နိုင်ငံလုံးက လူတွေရဲ့ဝေဖန်ပြောဆိုမှုတွေကိုလည်းခံခဲ့ရပါတယ်။ အခုဆိုရင် အလှမယ်သင်းသင်းက ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားရုံးမှာဦးတိုက်လျှောက်ထားလိုက်ပြီဖြစ်ပြီး တရားရုံးကလည်း လက်ခံစစ်ဆေးဖို့အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီသတင်းက ဝေဠုကျော်ရဲ့ တောက်ပလင်းလက်နေတဲ့ ဂုဏ်သရေကို ညိုးနွမ်းမှိန်ဖျော့စေတဲ့ ပြဿနာတစ်ခုအဖြစ် တည်ရှိလျက်ရှိနေပါတယ်။

ဒါပေမယ့်လည်း စေတနာမှန်သောကံတရားဆိုတဲ့အတိုင်းပဲ နေပူမိုးရွာမရှောင် မိုးသက်မုန်တိုင်းတွေကြားမှာလည်း အားသွန်ခွန်စိုက်နဲ့ ပြည်သူတွေကို ကူညီပေးခဲ့တဲ့ ဝေဠုကျော်ရဲ့ စေတနာကို ပြည်သူတွေက အသိအမှတ်ပြုခဲ့ကြပြီလို့ဆိုရမှာပါပဲ။ ပရဟိတမင်းသားကြီး ဝေဠုကျော်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကိုးရက်နေ့က ပရဟိတ ဂုဏ်ထူးဆောင် ဥက္ကဌဆုကြီး ချီးမြှင့်ခန့်အပ်ခံလိုက်ရပြီလို့သိရပါတယ်။ အဲဒီအကြောင်းကို ဝေဠုကျော်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “” နာဂဒေသသို့ ခရီးစဉ်သွားရင်း မြင်းမူမြို့နယ်လုးံဆိုင်ရာ ပရဟိတ ပေါင်းစုံ ကွန်ရက်ကြီးရဲ့ နှစ်ပတ်လည် ညီလာခံ ကို တက်ရောက်ပြီး ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ခန့်အပ်ခြင်း ကို ဂုဏ်ထူးဆောင် ဒုဥက္ကဌ (၁) အဖြစ် ဦးမောင်မောင်သန့် ၊ ဂုဏ်ထူးဆောင် ဒုဥက္ကဌ(၂)အဖြစ် မခိုင်နှင်းဝေ တို့နှင့်အတူ လက်ခံရယူခဲ့ပါတယ်” လို့ ရေးထားတာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဝေဠုကျော်ကိုချစ်ကြလား။ဝေဠုကျော်ကို မင်းသားတစ်ယောက်အနေနဲ့ရောပြန်လည်မြင်တွေ့ချင်ကြလား။  ဝေဠုကျော်ရဲ့ ဖြစ်နေတဲ့ အရှုပ်အရှင်းပြဿနာတွေလည်း အမြန်ဆုံးပြေလည်သွားပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦး။

Can’t Wait To Say