မိဘကိုလုပ်ကျွေးနိုင်လို့ အရမ်းပျော်နေတယ်ဆိုတဲ့ နေခြည်ဦး

0
79

ပြီးခဲ့တဲ့ ၂၀၁၈ အတွင်းမှာ နာမည်တဟုန်ထိုး ကြီးသွားပြီး ပရိသတ်တွေ မီဒီယာတွေ အများအပြားရဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့ Beauty Blogger နေခြည်ဦးကတော့ သူ့အနေနဲ့ မိဘကိုလုပ်ကျွေးနိုင်တာကို အရမ်းပျော်ရတယ်လို့ ပြောကြားသွား ခဲ့ပါတယ်။ နေခြည်ဦးကတော့ Beauty Blogger ကနေတဆင့် မင်းသမီးတယောက်အဖြစ်တောင် အောင်မြင်လာခဲ့ပြီဖြစ်ကာ ၂၀၁၈ မှာလည်း သူ့အတွက်အကောင်းဆုံးတွေ ဖြစ်ခဲ့တယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

နေခြည်ဦးကတော့ အင်တာဗျူးတွင် မိဘကို လုပ်ကျွေးရတဲ့အပေါ်မှာတော့ “ကံကောင်းတယ်တော့ မဟုတ်ပါဘူး။ အချိုးပေါ့နော်။ ဆယ်တန်းစာမေးပွဲဖြေသလိုမျိုး အချိုးပေါ့။ ဆယ်တန်းအောင်စာရင်းထွက်တုန်းက ဆရာဝန်မဖြစ်တုန်းက ဘဝပျက်သွားသေးတယ်။ ဒီလိုမျိုးကြီးဖြစ်လာဖို့ မီဒီယာတွေအများကြီး စိတ်ဝင်စားလာဖို့ ပရိသတ်တွေအများကြီး စိတ်ဝင်စားလာဖို့ တခါမှ မတွေးဖူးပါဘူး။ ကိုယ့်ဘာကိုယ် မိဘလုပ်စာစားပြီး အရမ်းပျော်နေတဲ့ ကောင်မလေးတယောက်က အခုဆို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့စိတ်၊ အဖေ့ကိုတော့ ထောက်ပံ့စရာမလိုဘူးပေါ့။ အမေကတော့ အမြဲတမ်းပိုက်ဆံလိုတော့ အမေ့ကိုထောက်ပံ့ရတာနဲ့တင် ပျော်တယ်။ အမေ့ကိုဆို လိုချင်တာတွေ ဝယ်ပေးတယ်။ ကိုယ့်မိဘမှာ ကိုယ့်အမေကို လုပ်ကျွေးရတာနဲ့တင် ပျော်ပါတယ်။ ကိုယ့်အဖေကတော့ အဲ့ပီတိကို ပျော်နေတာ။ သူကလည်း မလိုဘူးလေ။

သားသမီးတွေက မိဘကို ပြန်ကြည့်တယ်ဆိုတော့ အဖေက အရမ်းပျော်ပါတယ်။ အဲ့လိုမျိုးအချိန်ဆိုရင်တော့ အလုပ်ဘယ်လောက်ပဲ ပင်ပန်းအရမ်းပျော်ပါတယ်။ ပြီးတော့ မောင်လေးတွေ ညီမလေးတွေကို မုန့်ဖိုးပေးရရင်လည်း အရမ်းပျော်ပါတယ်။ ငါအမအကြီးပဲဆိုပြီးတော့။ ဒီလိုမျိုး ဖြစ်လာလို့ ၂၀၁၈ တခုလုံးကို နေခြည့်ကို အားပေးတဲ့ ပရိသတ်တွေကြောင့် ကမ်းလှမ်းခဲ့တဲ့ ထုတ်လုပ်ရေးတွေကြောင့် ဒီလိုမီဒီယာတွေကြောင့်ပဲ နေခြည်ဝေဖန်မှုတွေ အောင်မြင်မှုတွေကြားက ဒီလိုနေရာလေးရလာတယ်လို့ နေခြည်ထင်ပါတယ်။ ၂၀၁၈ ဟာ ၂၀၁၉ အတွက် အခြေခံလေးလို့ ထင်ပါတယ်”

“သီလရှင် ဝတ်ဖို့ ပီတိကတော့ အခုကတည်းက ဖြစ်နေတာပေါ့။ သူငယ်ချင်းတွေကလည်း ဝတ်မှာဆိုတော့။ သူများဝတ်လို့ လိုက်ဝတ်မှာတော့ မဟုတ်ပါဘူး။ အလှူအကြီးကြီးလုပ်ချင်ပါတယ်။ အနည်းဆုံးတော့ ၁ ပတ် ၁၀ ရက်လောက် နေခြည်ဝတ်မှာပါ။ နေခြည်အနေနဲ့ ကတုံးတုံးရတာလည်း ကိစ္စမရှိပါဘူး။ ကတုံးတုံးလိုက်လည်း ဆံပင်တုတွေက အများကြီးရှိပြီးသား။ အဲ့အတွက် စိတ်မပူပါဘူး။ ကိုယ့်ကုသိုလ်ကောင်းမှု တခုလုပ်နိုင်ပြီပေါ့။ အဲ့အတွက်နေခြည်အရမ်းပျော်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။