မိသားစုဝင်ချင်း ချွတ်စွပ်တူနေတဲ့ ထူးထူးခြားခြားဖြစ်ရပ်များ
0
80
unicode
လူသားတွေအနေနဲ့ကတော့ မျိုးရိုးစဉ်ဆက်အလိုက် တယောက်ကို တယောကတူညီကျတယ်လို့ ပြောဖူးကြတာတွေတော့ ရှိပါတယ်။ ဒါကတော့ မျိုးရိုးဗီဇကို လိုက်တာကြောင့် ဖြစ်တယ်လို့လည်း သိထားပါတယ်။ ဒါပေမဲ့လည်း လူတိုင်းတော့ တူမနေနိုင်ပါဘူး။ တချို့တလေလောက်ပဲ အမျိုးထဲမှာရှိတဲ့သူတွေနဲ့ပဲ မျက်နှာပေါက်က တူတာပါ။ ဒါပေမဲ့လည်း ကမ္ဘာတစ်ဝှမ်းမှာတော့ အမွှာနီးပါးတူတဲ့ အမျိုးတွေရှိပါတယ်။ နှစ်ကာလတွေအများကြီး ကွာခြားနေပေမယ့်လည်း အမွှာနီးပါးတူတာကတော့ တော်တော်ထူးဆန်းပါတယ်။ ဒါကြောင့် ပြောချင်လွန်းလို့ပေ့ချ်က ဖော်ပြပေးချင်တာကတော့ မယုံနိုင်လောက်အောင် မိသားစုထဲမှာ ချွတ်စွတ်တူနေသောသူတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁.ဝဲဘက်ကတော့ သားပုံ ဖြစ်ပြီး ယာဘက်ကတော့ အဖေပုံဖြစ်ပါတယ်။ သားကတော့ အသက် ၂၀ ပြည့် ၂၀၁၄ ခုနှစ်မှာ ရိုက်ထားတာ ဖြစ်ပြီး အဖေကလည်း အသက် ၂၀ ၁၉၇၇ မှာ ရိုက်ထားတာ ဖြစ်ပါတယ်။
၂.ဝဲဘက်ကတော့ အမေပုံဖြစ်ပြီး ယာဘက်ကတော့ သမီးပုံ ဖြစ်ပါတယ်။ အမေကတော့ ၁၉၈၀ မှာရိုက်ထားတဲ့ ပုံဖြစ်ပြီး သမီးကတေ့ာ ၂၀၁၄ ခုနှစ်မှာ ရိုက်ထားတာ ဖြစ်ပါတယ်။ သူတို့ဟာ အသက်အရွယ်တူတဲ့ အချိန်မှာတော့ တော်တော်ကို တူပါတယ်။
၃.ဝဲဘက်က အဖေဖြစ်ပြီး ယာဘက်ကတော့ သားပုံဖြစ်ပါတယ်။ အဖေကတော့ ၁၉၇၈ မှာရိုက်ထားတာ ဖြစ်ပြီး သားကတော့ ၂၀၁၃ ခုနှစ်မှာ ရိုက်ထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီလိုမျိုး Waistcoat ဝတ်ထားရင်တေ့ာ တော်တော်ကို တူပါတယ်။
၄.ပုံရဲ့ ဝဲဘက်ကတော့ ပုံရဲ့ညာဘက်က အမျိုးသမီး ငယ်စဉ်ကဖြစ်ပါတယ်။ ပုံရဲ့ညာဘက်ကတော့ ဝဲဘက်က ကလေးလေးဟာ အသက်ကြီးသွားပြီး သူ့ရဲ့ သားလေးကို ချီထားတာ ဖြစ်ပါတယ်။ သူတို့သားအမိ နှစ်ယောက်ကတော့ ငယ်စဉ်အခါက တစ်ပုံစံထဲ ဖြစ်ပါတယ်။
၅.ပုံရဲ့ ဝဲဘက်ကတော့ အမေဖြစ်ပြီး ယာဘက်ကတော့ သမီးဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ အမေနဲ့ သမီးဆိုတဲ့အတိုင်းပဲ ချွတ်စွတ်ကို တူပါတယ်။
၆.ပုံရဲ့ဝဲဘက်ကတော့ အဖွားရဲ့ အဖွားပုံဖြစ်ပြီး ယာဘက်ကတော့ မြေးပုံ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကလည်း နှစ်တွေ ကွာခြားနေပေမယ့်လည်း ရုပ်က ချွတ်စွတ်ကို တူနေတာ ဖြစ်ပါတယ်။ ဝဲဘက်က ဓါတ်ပုံကတော့ ၁၉၁၈ ကပုံဖြစ်ပြီး သမီးပုံကတော့ ၂၀၁၅ တုန်းကပုံ ဖြစ်ပါတယ်။
၇.ပုံရဲ့ အပေါ်ဘက်ကတော့ အဖေတယောက်နဲ့ သူ့ သူငယ်ချင်းပုံ ဖြစ်ပါတယ်။ ပုံရဲ့ အောက်ဘက်ကတော့ သူတို့နှစ်ယောက်လုံးရဲ့ သားတွေ ဖြစ်ပါတယ်။ သားနှစ်ယောက်လုံးကတော့ အဖေတွေနဲ့ ချွတ်စွတ်ပါပဲ။
၈.ဝဲဘက်ကတော့ အမေပုံဖြစ်ပြီး ယာဘက်ကတော့ သမီးပုံ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးကတော့ အသက် ၂၅ နှစ်မှာ ရိုက်ထားတာ ဖြစ်ပြီးနှစ်ယောက်လုံးကတော့ ချွတ်စွတ်ကို တူနေတာ ဖြစ်ပါတယ်။