မိုက္ခရိုစကုတ္ေပၚမွာ ျမင္ရတဲ့ လူ႔ခႏၶာကိုယ္အစိတ္အပိုင္းမ်ား

0
195

မိုက္ခရိုစကုတ္ကို ဘယ္သူထြင္ခဲ့တာပါလဲ။ ဒါေပမဲ့လည္းထြင္ႏိုင္ခဲ့သူကိုေတာ့ ခ်ီးက်ဴးရမွာ ျဖစ္ပါတယ္။ လူေတြအမ်ိဳးမ်ိဳးျငင္းခံုေနတဲ့ အရာေတာ္ေတာ္မ်ားမ်ားကို မိုက္ခရိုစကုတ္က ေျဖရွင္းႏိုင္ခဲ့ပါတယ္။ မိုက္ခရိုစကုတ္ေပၚမွာလည္း ကြ်န္ေတာ္တို႔ အနီးအနားမွာပဲ ရွိတ့ဲ အရာေတြဟာ အရမ္းကို ထူးဆန္းေနတာကို ေတြ႔ပါတယ္။ ကြ်န္ေတာ္တို႔ေတြဟာ အေပၚယံသာျမင္ေတြ႔ရေပမယ့္လည္း မိုက္ခရိုစကုတ္ကေတာ့ ကြ်န္ေတာ္တို႔ျမင္ႏိုင္တာထက္ အဆေပါင္း ရာေပါင္း ေထာင္ေပါင္း မ်ားစြာကိုျမင္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီတေခါက္မွာေတာ့ ေျပာခ်င္လြန္းလို႔ေပ့ခ်္က ေဖာ္ျပေပးခ်င္တာကေတာ့ မိုက္ခရိုစကုတ္ေပၚက ျမင္ေတြ႕ရတဲ့ လူသားေတြရဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁.လွ်ာ

ဒါကေတာ့ စိုက္ခင္းမွာ အပင္ေတြ စိုက္ထားတဲ့ပံုေတာ့ မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔ ေန႔စဥ္ အသံုးျပဳေနတဲ့ လွ်ာျဖစ္ပါတယ္။ ဘယ္ေလာက္ေတာင္ စိတ္ဝင္စားစရာေကာင္းလိုက္လည္းဆိုေတာ့ မိုက္ခရိုစကုတ္ေပၚမွာ လွ်ာကို ဒီလိုပဲ ေတြ႔ရပါတယ္။

၂.အရိုး

ကြ်န္ေတာ္တို႔ ခႏၶာကိုယ္ၾကီး မယိုင္လွဲေအာင္ လႈပ္ရွားႏိုင္ေအာင္ အရိုးေတြက ျပဳလုပ္ေပးထားတာ ျဖစ္ပါတယ္။ အရိုးကိုေတာ့ အေပၚယံအျမင္မွာေတာ့ အပိတ္ၾကီးလို႔ ထင္ရေပမယ့္လည္း မိုက္ခရိုစကုတ္ေပၚမွာေတာ့ ဒီလိုမ်ိဳး အေပါက္ေတြ အမ်ားၾကီးနဲ႔ ေတြ႔ရပါတယ္။

၃.အူသိမ္

ခႏၶာကိုယ္ထဲမွာ အူေတြရဲ့ အခန္းက႑ကလည္း လြန္စြာမွ ေရးပါလွပါတယ္။ အူမွာေတာင္မွ အမ်ိဳးမ်ိဳးရွိပါတယ္။ ဒီထဲမွာမွ အဆိုပါပံုကေတာ့ အူသိမ္ကို မိုက္ခရိုစကုတ္မွာ ျမင္ေတြ႔ရတာ ျဖစ္ပါတယ္။

၄.ႏွလံုးထဲက ေသြးေၾကာ

လူသားေတြရဲ့ အသက္ဆိုရင္လည္း မမွားတဲ့ ႏွလံုးကိုေတာ့ မိုက္ခရိုစကုတ္ေပၚမွာေတာ့ ဒီိလုိေတြ႕ရပါတယ္။ ႏွလံုးကေတာ့ အလြန္တရာမွ ရႈပ္ေထြးတဲ့ ေသြးေၾကာေတြနဲ႔ ဖြဲ႔စည္းထားျပီး တခုခ်င္းစီကိုက အရမ္းကို အေရးၾကီးတဲ့ အလုပ္ေတြလုပ္ေဆာင္ပါတယ္။

၅.အေရျပား

ဒီပံုကေတာ့ လေပၚကပံုတစ္ပံု မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔ လူသားေတြရဲ့ အေပၚယံ အေရျပားပါပဲ။ ဒါကို မိုက္ခရိုစကုတ္နဲ႔ အဆေပါင္းမ်ားစြာ ခ်ဲ႔ျပီးၾကည့္ထားတာ ျဖစ္ပါတယ္။ ဘယ္ေလာက္ေတာင္ စိတ္ဝင္စားဖို႔ေကာင္းလိုက္လဲ။

၆.မ်က္ၾကည္လႊာ

လူသားေတြအတြက္ ေလာကၾကီးနဲ႔ေကာင္းေကာင္း ထိေတြ႔လို႔ရေအာင္ အျမင္အာရံုေပးစြမ္းႏိုင္တဲ့ မ်က္ၾကည္လႊာဟာ မိုက္ခရိုစကုတ္ေပၚမွာေတာ့ အေရာင္ကာလာ စံုလင္လွပါတယ္။ အေရာင္ေတြ ျဖာထြက္ေနတာကို ေတြ႔ရမွာပါ။

၇.က်န္းမာတ့ဲ အဆုတ္ နဲ႔ ကင္ဆာျဖစ္ေနတဲ့ အဆုတ္

မိုက္ခရိုစကုတ္ေပၚမွာေတာ့ နည္းနည္းေလး ေျပာင္းလဲသြားတာနဲ႔ အရာအားလံုးက ျခားနားသြားမွာပါ။ က်န္းမာတဲ့ အဆုတ္ကေတာ့ ၾကည့္လိုက္တာနဲ႔ သိႏိုင္ပါတယ္။ အနီေရာင္သန္းေနပါတယ္။ ကင္ဆာျဖစ္ေနတဲ့ အဆုတ္ကေတာ ေရာဂါပိုးတြယ္ကပ္ေနတဲ့အတိုင္းကို ရွင္းရွင္းလင္းလင္းေတြ႕ရမွာပါ။

၈.ေသြး

ကြ်န္ေတာ္တို႔ စားေနၾက ခ်ိဳခ်ဥ္ေလးေတြနဲ႔ တူေနေပမယ့္လည္း ဒါကေတာ့ ခႏၶာကိုယ္ထဲက ေသြးေတြပါ။ ေသြးေတြကို မိုက္ခရိုစကုတ္နဲ႔ အဆေပါင္းမ်ားစြာခ်ဲ႔ျပီး ၾကည့္မယ္ဆိုရင္ေတာ့ျဖင့္ ဒီလိုပံုေလးေတြကို ေတြ႔ရမွာပါ။

၉.ဆံပင္

ကြ်န္ေတာ္တို႔ ေခါင္းေပၚမွာေတာ့ ရွိတဲ့ ဆံပင္ေတြ ျဖစ္ပါတယ္။ မို္က္ခရိုစကုတ္နဲ႔ ၾကည့္လုိက္တဲ့အခါမွာေတာ့ သစ္ပင္ သစ္ကိုင္းေတြနဲ႔ေတာင္တူသြားပါတယ္။

၁၀.သြား

သြားဟာ ကြ်န္ေတာ္တို႔ အားလံုးအျမင္မွာေတာ့ အျဖဴေရာင္လို႔ ထင္ၾကမွာပါ။ ဒါေပမဲ့လည္း မိုက္ခရိုစကုတ္နဲ႔ ၾကည့္လိုက္ရင္ေတာ့ ပံုမွာ ျမင္ရတဲ့အတိုင္းပါပဲ။ အစိမ္းေရာင္ဘက္ကို ေျပာင္းသြားျပီး ေက်ာက္တံုးေက်ာက္ေဆာင္ေတြ အလားျဖစ္ေနတာကို ေတြ႔ရပါတယ္။

unicode

မိုက်ခရိုစကုတ်ကို ဘယ်သူထွင်ခဲ့တာပါလဲ။ ဒါပေမဲ့လည်းထွင်နိုင်ခဲ့သူကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ လူတွေအမျိုးမျိုးငြင်းခုံနေတဲ့ အရာတော်တော်များများကို မိုက်ခရိုစကုတ်က ဖြေရှင်းနိုင်ခဲ့ပါတယ်။ မိုက်ခရိုစကုတ်ပေါ်မှာလည်း ကျွန်တော်တို့ အနီးအနားမှာပဲ ရှိတဲ့ အရာတွေဟာ အရမ်းကို ထူးဆန်းနေတာကို တွေ့ပါတယ်။ ကျွန်တော်တို့တွေဟာ အပေါ်ယံသာမြင်တွေ့ရပေမယ့်လည်း မိုက်ခရိုစကုတ်ကတော့ ကျွန်တော်တို့မြင်နိုင်တာထက် အဆပေါင်း ရာပေါင်း ထောင်ပေါင်း များစွာကိုမြင်နိုင်ပါတယ်။ ဒါကြောင့် ဒီတခေါက်မှာတော့ ပြောချင်လွန်းလို့ပေ့ချ်က ဖော်ပြပေးချင်တာကတော့ မိုက်ခရိုစကုတ်ပေါ်က မြင်တွေ့ရတဲ့ လူသားတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.လျှာ

ဒါကတော့ စိုက်ခင်းမှာ အပင်တွေ စိုက်ထားတဲ့ပုံတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ လျှာဖြစ်ပါတယ်။ ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းလိုက်လည်းဆိုတော့ မိုက်ခရိုစကုတ်ပေါ်မှာ လျှာကို ဒီလိုပဲ တွေ့ရပါတယ်။

၂.အရိုး

ကျွန်တော်တို့ ခန္ဓာကိုယ်ကြီး မယိုင်လှဲအောင် လှုပ်ရှားနိုင်အောင် အရိုးတွေက ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ အရိုးကိုတော့ အပေါ်ယံအမြင်မှာတော့ အပိတ်ကြီးလို့ ထင်ရပေမယ့်လည်း မိုက်ခရိုစကုတ်ပေါ်မှာတော့ ဒီလိုမျိုး အပေါက်တွေ အများကြီးနဲ့ တွေ့ရပါတယ်။

၃.အူသိမ်

ခန္ဓာကိုယ်ထဲမှာ အူတွေရဲ့ အခန်းကဏ္ဍကလည်း လွန်စွာမှ ရေးပါလှပါတယ်။ အူမှာတောင်မှ အမျိုးမျိုးရှိပါတယ်။ ဒီထဲမှာမှ အဆိုပါပုံကတော့ အူသိမ်ကို မိုက်ခရိုစကုတ်မှာ မြင်တွေ့ရတာ ဖြစ်ပါတယ်။

၄.နှလုံးထဲက သွေးကြော

လူသားတွေရဲ့ အသက်ဆိုရင်လည်း မမှားတဲ့ နှလုံးကိုတော့ မိုက်ခရိုစကုတ်ပေါ်မှာတော့ ဒီိလိုတွေ့ရပါတယ်။ နှလုံးကတော့ အလွန်တရာမှ ရှုပ်ထွေးတဲ့ သွေးကြောတွေနဲ့ ဖွဲ့စည်းထားပြီး တခုချင်းစီကိုက အရမ်းကို အရေးကြီးတဲ့ အလုပ်တွေလုပ်ဆောင်ပါတယ်။

၅.အရေပြား

ဒီပုံကတော့ လပေါ်ကပုံတစ်ပုံ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူသားတွေရဲ့ အပေါ်ယံ အရေပြားပါပဲ။ ဒါကို မိုက်ခရိုစကုတ်နဲ့ အဆပေါင်းများစွာ ချဲ့ပြီးကြည့်ထားတာ ဖြစ်ပါတယ်။ ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်လဲ။

၆.မျက်ကြည်လွှာ

လူသားတွေအတွက် လောကကြီးနဲ့ကောင်းကောင်း ထိတွေ့လို့ရအောင် အမြင်အာရုံပေးစွမ်းနိုင်တဲ့ မျက်ကြည်လွှာဟာ မိုက်ခရိုစကုတ်ပေါ်မှာတော့ အရောင်ကာလာ စုံလင်လှပါတယ်။ အရောင်တွေ ဖြာထွက်နေတာကို တွေ့ရမှာပါ။

၇.ကျန်းမာတဲ့ အဆုတ် နဲ့ ကင်ဆာဖြစ်နေတဲ့ အဆုတ်

မိုက်ခရိုစကုတ်ပေါ်မှာတော့ နည်းနည်းလေး ပြောင်းလဲသွားတာနဲ့ အရာအားလုံးက ခြားနားသွားမှာပါ။ ကျန်းမာတဲ့ အဆုတ်ကတော့ ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ အနီရောင်သန်းနေပါတယ်။ ကင်ဆာဖြစ်နေတဲ့ အဆုတ်ကတော ရောဂါပိုးတွယ်ကပ်နေတဲ့အတိုင်းကို ရှင်းရှင်းလင်းလင်းတွေ့ရမှာပါ။

၈.သွေး

ကျွန်တော်တို့ စားနေကြ ချိုချဉ်လေးတွေနဲ့ တူနေပေမယ့်လည်း ဒါကတော့ ခန္ဓာကိုယ်ထဲက သွေးတွေပါ။ သွေးတွေကို မိုက်ခရိုစကုတ်နဲ့ အဆပေါင်းများစွာချဲ့ပြီး ကြည့်မယ်ဆိုရင်တော့ဖြင့် ဒီလိုပုံလေးတွေကို တွေ့ရမှာပါ။

၉.ဆံပင်

ကျွန်တော်တို့ ခေါင်းပေါ်မှာတော့ ရှိတဲ့ ဆံပင်တွေ ဖြစ်ပါတယ်။ မို်က်ခရိုစကုတ်နဲ့ ကြည့်လိုက်တဲ့အခါမှာတော့ သစ်ပင် သစ်ကိုင်းတွေနဲ့တောင်တူသွားပါတယ်။

၁၀.သွား

သွားဟာ ကျွန်တော်တို့ အားလုံးအမြင်မှာတော့ အဖြူရောင်လို့ ထင်ကြမှာပါ။ ဒါပေမဲ့လည်း မိုက်ခရိုစကုတ်နဲ့ ကြည့်လိုက်ရင်တော့ ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ။ အစိမ်းရောင်ဘက်ကို ပြောင်းသွားပြီး ကျောက်တုံးကျောက်ဆောင်တွေ အလားဖြစ်နေတာကို တွေ့ရပါတယ်။