မိုးဟေကို ကို အသေရရ အရှင်ရရ အရမ်းကြိုက်တာာဆိုတဲ့ နေခန့်မင်းသစ်

0
270

Myanmar Idol Season 3ရဲ့ top 10ပြိုင်ပွဲဝင် တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု အထူးသဖြင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိထားတဲ့ နေခန့်မင်းသစ်က လက်ရှိသူ့ရဲ့ ချစ်သူက Myanmar Idol 3 top 20ထဲက ဖြစ်ပြီး သူ့ကို မိုးဟေကိုနဲ့ တူလို့ ပိုကြိုက်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ နေခန့်မင်းသစ်က မိုးဟေကို ကိုအသေရရအရှင်ရရ ကြိုက်ခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ ဒုတိယနေရာပဲ ပေးနိုင်တယ်လို့လည်း ပြောသွားပါတယ်။

နေခန့်မင်းသစ်က “ဒီခေတ်ကြီးရဲ့ ဓလေ့ထုံးစံက ရည်းစားရှိတယ်ဆိုရင် Facebookမှာ ချပြမှဆိုတဲ့ အရာကြီးကို ကျွန်တော်က မကြိုက်တာ။ ရည်းစားရှိတာ သူများသိစရာမလိုဘူးလေနော် ကိုယ့်ဘာသာအဆင်ပြေနေရင် ရပြီလေ။ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာအိုင်ဒေါထဲကပဲ Top 20မှာ ပြုတ်သွားတာ။ အိုင်ဒေါပြိုင်ရင်းနဲ့ တွေ့တာပေါ့နော်။ ဘယ်လိုပြောရမလဲ ပြေပါတယ်ပေါ့နော် အခုလက်ရှိက အရမ်းကို အဆင်ပြေနေပါတယ်ပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

ချစ်သူက ဆံပင်ရှည်နဲ့ ပတ်သက်လို့ ကြိုက်ရဲ့လားလို့ မေးမြန်းလိုက်ရာ “သဘောကျပါတယ် ဆံပင်ရှည်ပတ်သက်လို့ ကျွန်တော်နဲ့မှ ပထမဦးဆုံး ဆံပင်ရှည်ကို သဘောကျတာပေါ့နော်။ အရင်တုန်းက သူက ယောက်ျားလေး ဆံပင်ရှည်ထားရင် သိပ်မကြိုက်ဘူးပေါ့။ ဘယ်လိုပြောရမလဲ ကျွန်တော်က ပွဲဘာညာသွားဆိုတဲ့ အချိန်ဆိုရင် Video callအမြဲတမ်းပြောတယ်။ ဖုန်းအမြဲတမ်းဆက်တယ်ပေါ့နော် စိတ်မချဘူး။”လို့ ပြောသွားခဲ့ပါတယ်။

နှစ်ယောက်အတူတူ သီချင်းတွေ လုပ်ဖို့ရှိလားလို့ မေးမြန်းရာ “အဲ့လိုမျိုး လုပ်ဖို့ရှိလားဆိုတော့ နှစ်ယောက်လုံးစဉ်းစားထားတာတော့ရှိတာပေါ့နော်။ ဒါပေမဲ့ သူလုပ်ချင်တာတွေကို ကျွန်တော်က ဦးစားပေးထားတာပါ အခုသူလုပ်ချင်တာတွေ အရင်ရှိတဲ့အတွက် သူအရင် ဒါလေးကို လုပ်ပါစေအုန်းလို့ဆိုပြီး။ ကျွန်တော်က အဲ့တာကြောင့် ဒီနှစ်ယောက်ဥစ္စာမလုပ်ဖြစ်သေးတာပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ နေခန့်မင်းသစ်က “ကျွန်တော်က မိုးဟေကိုကြိုက်တယ်လေ မိုးဟေကို ကိုကျွန်တော်က အရမ်းကြိုက်တာ အသေရရအရှင်ရရကို ကြိုက်တာ အဲ့လိုမျိုးဆိုတော့ သူကအဲ့လိုမိုးဟေကိုနဲ့ ကျွန်တော်မျက်လုံးထဲမှာပေါ့ ကျွန်တော့်အမြင်မှာ နည်းနည်းတူတယ်ဆိုတဲ့ အမြင်ရှိတော့ အဲ့လိုပုံစံမျိုးပေါ့နော် အဲ့တာကြောင့် အရမ်းကြိုက်မိတာပါ။ အရင်တုန်းကတော့ မိုးဟေကိုက ထိပ်ပေါ့နော်။ အခုတော့ ဒုတိယနေရာလောက်ပေးထားတယ်။ တော်တော်များများလည်း သိပါတယ် ကျွန်တော်တို့ ဒီအိုင်ဒေါထဲက တော်တော်များများ သိတယ် ကျွန်တော်က ဖွက်လည်း မသွားဘူး။ ပေါ်တင်ပဲ သွားတာပဲပေါ့နော်။ ဒီလိုင်းပေါ်မတင်ဖြစ်တာတစ်ခုပဲပေါ့နော်။ အပြင်သွားတယ်ဆိုလည်း အတူတူသွားတယ် မုန့်တွေလည်း အတူတူလျှောက်စားတယ်။ အဲ့လိုမျိုးဆိုတော့ ဒီလိုင်းပေါ်မတင်တာတစ်ခုကြောင့် ပရိသတ်မသိသေးတာပါ။”လို့ပြောသွားခဲ့ပါတယ်။